Pathein Catholic Diocese Untitled Document
Untitled Document
မျိုးစေ့ပုံဥပမာ

၂၄ ကြိမ် စနေနေ့၊

စက်တင်ဘာ၊ ၁၇ ရက်။

ကော၊ ၁၅၊ ၃၅ မှ ၄၉။

လုကာ၊ ငယ် မှ ၁၅။

စိန့်ပေါကို အဖွဲ့သားများကမေးတယ်၊ ရှင်ပြန်ထမြောက်ပြီးရင် ကိုယ်ခန္ဓာ၊ဘယ်လို ရှိမလဲ၊ ပြန်ဖြေတာကို၊ပထမကျမ်းမှာ ဖော်ပြဖတ်ရတယ်။မနေ့က ကျမ်းပိုဒ်မှာ စိန့်ပေါကဘဲ၊သခင်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပြောခဲ့ပြီး၊ဒီနေ့မှာတော့၊ကျွန်ပ်တို့ တစ်ယောက်စီ ထမြောက်ခြင်းအကြောင်း၊ ရှင်းပြနေတာကိုဆက်စပ် နားလည်ကြရမယ်။

ဘယ်ပုံရှင်မလဲ၊ သခင်ရှင်သလိုဘဲရှင်ကြမယ်၊အသစ်သော ရှင်ပြန်၊အသစ်သော တည်ရှိပုံမျိုး၊ တွေးထင်ထားတဲ့ပုံမျိုးမဟုတ်၊ သခင့်ရဲ့ပုံအတိုင်း ဆွေးမြေ့ ပျက်စီးခြင်းမရှိတော့တဲ့ ပုံအတိုင်း၊ ရှင်ပြန်မယ် လို့ရှင်ပေါလု ရှင်းပြတယ်။

ဘာ့ကြောင့် ရှင်ပြန်လဲ၊ အတွင်းသက်ရှိပြီးစွမ်းအားကြောင့်မဟုတ်မူပါဘဲ၊ဘုရားလာနိူးထပေးခြင်း၊ကိုယ်တိုင်မနိူးထနိုင်သူအား awakeningတစ်ပါးသူက နိူးထစေခြင်း ပုံစံဖြစ်ကြောင်း၊အသက်ကလည်း သူ့ထံမှ လာကြောင်း၊စိန့်ပေါ အတိအကျသွန်သင်တယ်။လူတို့မေးသမျှ၊ သိလိုသမျှ၊ သခင့်အပေါ်တည်မီပြီးသာ၊ ဖြေဆိူနေခြင်းသေပြီးဘာဖြစ်မလဲ၊ရှင်ပြန်ပြီးရင်ဘာဖြစ်မလဲ တွေကို သခင့်အပေါ်မူတည်ပြီးကာ ရှင်ပေါလုဖြေတယ်။ 

မနေ့ကြားခဲ့တဲ့ သခင့်ရှင်ပြန်ခြင်းနဲ့ဒီနေ့သွန်သင်တဲ့ ကျွန်ပ်တို့ ဘယ်လိုရှင်ပြန်ကြမလဲဆိုတဲ့ အချက်ဟာ၊ယုံကြည်ခြင်းအချုပ်ရဲ့ နောက်ဆုံးပိုဒ်၊ article အချက်တွေ ဖြစ်တယ်။ဒီအကြောင်းတွေ၊စိန့်ပေါက သခင်ရဲ့ထမြောက်ခြင်း အခြေခံပြီး၊ သူ့လိုဘဲဖြစ်မယ်ဆိုတာ၊ အချုပ်ရှင်းပြတယ်။ 

ဘာ့ကြောင့်ရှင်သလဲ၊ ဘုရားကသိနေလို့၊ဘုရားကချစ်နေလို့၊ ဘုရားရဲ့အချစ်ခံနေရလို့၊ဘုရားရဲ့ဆက်သွယ်ပြု dialogue စကားပြောနေလို့၊အသက်ပြန်ရှင်ခြင်းရတယ်၊ဆိုတာဓမ္မဟောင်း ကာလကပင်၊သိတယ်။ယောဘ ၁၉၊ ဆာလံ ၇၃၊ မကာဘီ ၇စသဖြင့် ကြိုပြောထားတဲ့အရာများ၊ဓမ္မဟောင်းမှာ နိဒါန်းသဘောဖြစ်ကာဓမ္နသစ်မှာ၊ ခရစ်တော် ရှင်ပြန်ခြင်းဖြင့် လက်တွေ့ ဖြစ်လာတယ်၊သခင် ရှင်ပြန်ခြင်းဖြင့် ခမည်းတော်နှင့်အတူရှိနေကြသူများအဖြစ်၊ ကျွန်ပ်တို့ထာဝရထဲဝင်ရောက်၊ထာဝရအသက် ရနိူင်ကြတာ ဖြစ်တယ်။

လူ့အနာဂတ်ဟာ ရှင်းလင်းပြတ်သားစွာ၊သူ့ဆီမှာပေါ်လာခဲ့ပြီး ဖြစ်တယ်၊ သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်း  အားဖြင့်တို့ရဲ့ အနာဂတ်ဟာ ဒါပါလားလို့၊ပြတ်သားဖော်ပြတယ်။လူဆိုတာဒါမျိုးဖြစ်နိူင်ပါလားဆိုတာ သခင်ကအဖြေပေးတယ်။သူ့ထံဖိတ်ခေါ်တယ်ခရစ်တော်အထဲဝင်ရောက်ခြင်းကိုယုံကြည်ခြင်းလို့သတ်မှတ်တယ်။ယုကြည်ခြင်းလို့ အဓိပ္ပါယ်ဖွင့်တယ်၊သူ့ထဲ ဝင်ရောက်ဖို့ အရေးကြီးတယ်။

ကျမ်းစာတော်မြတ်မှာ၊ မျိုးစေ့ကြဲ။ရှင်လုကာ ကျမ်းမှာ မျိုးစေ့ ကို singular အနည်းကိန်း တစ်စေ့ လို့၊ကျန်တဲ့ ကျမ်းများ plural များကိန်း၊နဲ့ရေးတယ်၊ ရှင်လုကာရည်ရွယ်တာ၊ခရစ်တော် ကိုယ်တိုင်ကို ပိုပြီး တိကျရည်ညွှန်း လိုတယ်။ 

ကြဲလာတဲ့ မျိုးစေ့၊နုတ်ကပတ်တော်၊လို့ပြောခြင်း၊ သခင်ကိုယ်တိုင်လည်းဖြစ်နေတယ်။ သခင်လာပြီး အဆက်သွယ် လုပ်တာကို ဖော်ပြတယ်။ပထမကျမ်း နဲ့ ဆက်စပ် နားလည်ရမယ်ဆိုရင်၊ ဘုရားက လာပြီး ဆက်သွယ်စကားပြောနေတဲ့ ပုဂ္ဂိုလ်၊ဖြစ်တယ်ဆိုတယ ဖော်ပြတယ်၊ မျိုးစေ့ပုံသဏ္ဍာန် အားဖြင့်မြေကြီးနှင့် တူတဲ့ကျွန်ပ်တို့ အထဲ၊ဝင်ရောက်၊အမြစ်တွယ်၊အသစ်ဘဝ ဖြစ်စေတယ်၊အသက်ဆီသို့ ဆွဲဆောင်နေပြီး၊အသက်ကို ပေးလျက်ရှိတယ်၊။

နောက်ကျရင် ဘယ်လို ဘယ်ပုံ ဖြစ်မလဲပြောပြနေတာကို စိန့်ပေါက တဆင့်ခံ ရှင်းပြပါတယ်။ ရှင်ယောဟန် ၁၁ ၂၅ မှာ ငါသည်ရှင်ပြန်ထမြောက်ခြင်း နှင့် အသက်ဖြစ်တယ်ဆိုတာ ဒါကို ပြောတာဖြစ်ပါတယ်၊ သခင် လာရောက်ဆက်သွယ်တာကို ကျွန်ပ်တို့ လက်ခံတဲ့မြေ၊လက်ခံတဲ့ ပုဂ္ဂိုလ်မှန်သမျှ၊အသက်ရကြမှာဖြစ်တယ်။ ပထမအာဒံ ဖြစ်တဲ့ကျွန်ပ်တို့အားလုံးတောင့်တ နေကြ၊အသက်ကို ဒုတိယအာဒံ ဖြစ်တဲ့ ခရစ်တော် ဆီမှာဘဲ

တွေ့မယ် ဖြစ်တယ်၊ရှာရမှာ၊ယူရမှာဖြစ်တယ်၊ ပထမ အာဒံ ဖြစ်တဲ့ ကျွန်ပ် တို့ အားလုံး လိုလားတောင့်တချက်တွေ နောက်ဘယ်လိုဖြစ်လာမလဲ မေးခွန်းတွေကို သခင့်ဆီမှာဘဲ၊ပြန်ဖြေပေးလျက်ရှိတယ်၊ဒါတွေကိုသိပြီး သူပေးလာတဲ့ အသက်တာကိုလက်ခံဖို့ အထူးကြိုးစားကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr. Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကို ဝေမျှပေးပါသည်။

 

gospel reflection