Pathein Catholic Diocese Untitled Document
Untitled Document
ဘုရားရဲ့ကျေးဇူးတော်အပြည့်အဝလိုအပ်ခြင်း

၂၅ ကြိမ် တနင်္ဂနွေနေ့၊

စက်တင်ဘာလ ၁၈ ရက်။

Absolute Necessity of Grace!

ဘာလုပ်ရမယ်သိငြား၊မလုပ်ဖြစ်၊မလုပ်ချင်ဘူး၊ငြင်းနေတယ်၊အဲဒီအခြေနေဟာ၊ကျေးဇူးတော် လုံးဝလိုအပ်တဲ့ဘအခြေနေပါ။ ရှင်သြဂတ်စတင်း၊အတည်ပြုတယ်။ဘုရားဆီကနေ အဝေးသို့ ရောက်စေတဲ့ အရာမှန်သမျှ မာမံ ဖြစ်တယ်။ဘုရားထံမှ လွဲချော်သွားအောင်၊ကျွန်ပ်တို့ကို လုပ်တဲ့ အရာမှန်သမျှမာမံ သတ်မှတ်ရမယ်။ သူတို့ရှိနေရင်ကိုယ့်ကိုယ် လုံခြုံနေပြီထင်တဲ့အရာမှန်သမျှ ၊ အရေးကြီးဆုံးသောအရာအဖြစ် ကျွန်ပ်တို့ မှတ်ယူသောအရာမှန်သမျှ အားလုံးဟာ မာမံ လို့ဘဲသတ်မှတ်ရမယ်။ 

ဒါတွေ ကို မှန်ကန်တဲ့ နည်းလမ်းဖြင့်ရှာရမယ် သုံးရမယ်။ဘုရားကိုတော့ ဟိုး အဝေးမှာဘဲ ရှိနေတဲ့ ၊ မြင်လည်း မမြင်နိူင် ပုဂ္ဂိုလ်၊ ဖြစ်နေတာကြောင့်တစ်ခါတစ်ရံ တို့ပြောတာများမကြားလေသလား၊ နားမထောင်တဲ့ ပုဂ္ဂိုလ်ဖြစ်နေ၊တယ်၊တို့ဘဝထဲမှာထိန်းချုပ်ဖို့ စွမ်းအား မရှိပါဘူး၊ ထိန်းချုပ်နေလောက်တဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး၊မှတ်ထင်နေကြတယ်။

ဘုရားဟာ ကျွန်ပ်တို့ ဘဝထဲက၊ဘေးဖယ်ထားခံရပုဂ္ဂိုလ်၊ဖယ်ထားလို့ရတဲ့ပုဂ္ဂိုလ်၊အရေးမကြီး၊ဆွဲဆောင်မှုမရှိ၊ပုဂ္ဂိုလ် အဖြစ်၊သတ်မှတ်ကြတယ်။အထက်ကပြောခဲ့တဲ့ မာမံကြတော့၊တစ်မျိုးမဟုတ်တစ်မျိုး ဆွဲဆောင်၊တပ်မက်ဖို့၊အစေခံဖို့၊ဆွဲဆောင်တယ်ဘုရားနဲ့ မာမံ နှစ်ခုလုံး တစ်ပြိုင်နက်အစေခံလို့မရပါ၊ တစ်ခုကိုဘဲ အပြီးပိုင် အပ်နှံရမယ်၊ လုံးလုံးလျားဆက်ကပ်ရမယ်၊ အရာအားလုံးထက် ပိုင်ရှင်ကိုဘဲ ဦးစားပေးရမဲ့သဘော၊ ကိုယ်ကိုယ်တိုင် ထက်ကိုပင် အရေးကြီးသူအဖြစ်၊အစေခံရမဲ့သဘောဆောင်ပါတယ်၊ ဘုရားကိုအစေခံလိုက်လို့ မိမိလွတ်လပ်ခြင်း ဆုံးရှုံးသွားမလားလို့၊ လူများတို့ တွေးထင်တတ်ကြတယ်၊ မဟုတ်ပါကြားခဲ့တဲ့ပျောက်သောသား ဥပမာ ထဲကလိုအထ ခမည်းတော် ထံပါးမှာသာလျှင်ကျွန်ပ်တို့ လွတ်လပ်မှုရှိတယ် တို့ ရဲ့ဂုဏ်သိက္ခာ ၊ သားသမီးအဖြစ်အခြေနေ၊ရရှိပိုင်ဆိုင်နိူင်မှာ ဖြစ်တယ်။ဒီနေရာကလွဲပြီး၊ဘယ်မှာမှလွတ်လပ်မှု မရှိပါ၊ဘယ်နေရာမှာမှ ဂုဏ်သိက္ခာတွေ့ရမှာ မဟုတ် သားသမီးအခြေနေရမှာ မဟုတ်ဘူး။

လုပ်ရမှန်းသိပေမဲ့၊ မလုပ်ဖြစ်တာ၊မလုပ်နိူင်တာ၊ ကို စဥ်းစားရအောင်၊ကျေးဇူးတော်တောင်းခံရမဲ့အခြေနေရောက်ပါတယ်၊ စိတ်ဓာတ်ခွန်အားနည်းပါးတော့ လုပ်ရမယ်မှန်းသိပြီးလုပ်ချင်စိတ် မရှိတဲ့ အဖြစ်၊ပေမို့ကျေးဇူးတော်လုံးဝ လိုအပ်တဲ့ အခြေနေပါလို့၊ သြဂုတ်စတင်း အတည်ပြုပြောတယ်။ ကျေးဇူးတော်ဆိုတာကောင်းတဲ့အရာ၊ရွေးခြယ်ဖို့အတွက်ဝိညာဥ်တော်လက်ဆောင်အားဖြင့်လူ့စိတ်ဓာတ်ခွန်အားကို အကူညီပေးတဲ့ အရာ ဖြစ်တယ်။ Grace is givento the human will to choose thegood,by the gift of Holy Spirit.စိတ်ဆန္ဒက မလုပ်ချင်တဲ့ အချိန်မှာကျေးဇူးတော်ကဝင်ရောက်လုပ်တဲ့အခြေအနေပါ၊ ကျေးဇူးတော်ဆိုတာကောင်းတဲ့အရာမှန်းသိပါရဲ့နဲ့ မလုပ်ဖြစ်ဘူး၊ တခါတရံ လုပ်ဖြစ်သော်လည်း၊ စိတ်မပါ၊ မလုပ်ချင်ပေမဲ့ကျေးဇူးတော်က တဖြည်းဖြည်း နဲ့ကောင်းတဲ့အရာလုပ်ခြင်းမှာ၊ အရသာတွေ့ ဖို့၊ ပျော်ရွှင်ဖို့၊ နှစ်ခြိုက်လာစေဖို့ ပြုပြင်ပေးတဲ့ အရာ ဖြစ်တယ်။

ဘုရားကို အစေခံမလား၊ မာမံ ကိုအစေခံမလား၊ သိပေမဲ့လည်း၊ဘုရားကို အစေခံဖို့ နှောင့်နှေးနေသူတွေ၊မဖြစ်နိူင်ဘူး ငြင်းပယ်နေကြသူတွေအစေခံရမယ်သိပါရဲ့နဲ့ ၊ပျက်ကွက်နေကြသူတွေ၊အကုန်လုံးဟာ၊ကျေးဇူးတော် လိုအပ်ကြသူများဖြစ်ကြတယ်။ကျေးဇူးတော်ကို အမြဲတောင်းခံရမယ်သိပြီး၊ကျေးဇူးတော်အကူအညီနဲ့ ဘုရားကို ပိုပြီး ဦးစားပေးနိူင်ကြရအောင် တိုးလို့သာ အစေခံနိူင်ကြရအောင်၊ ပြောင်းလဲလာရအောင် ကျေးဇူးတော်ကို တောင်းခံကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

 Fr.Florence Aung Kyaw Oo ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection