Pathein Catholic Diocese Untitled Document
Untitled Document
ရှိသူအား ထပ်ပေးဦးမည်

၂၅ ကြိမ် တနင်္လါ နေ့

စက်တင်ဘာ ၁၉ ရက်။

ရှိသူအား ထပ်ပေးဦးမည်။

ပညာ အလိမ္မာကျမ်း။

ရှင်လုကာ ၈ ၊ ငယ် ၁၆ မှ ၁၈။

ဖြောင့်မတ်သူနေထိုင်အသက်ရှင်ပုံ ရိုးသားဖြူစင်၊သည်ထက်ဘုရားရှင်တည်ရှိကြောင်းစွဲမြဲ ယုံကြည်သော ပုဂ္ဂိုလ်ဖြစ်တယ်၊ဘုရားရှင် ရှိနေ၊သိနေကြည့်နေတယ်ဆိုတဲ့ အသိကြောင့် ကောင်းမွန်စွာ အသက်ရှင် နေထိုင်တယ်။အကျင့်ကောင်းမွန်လို့ ဖြောင့်မတ်သူ ဆိုခြင်းထက် စွဲမြဲ နက်ရှိုင်းတဲ့ ယုံကြည် ခြင်းရှိ ခြင်းကြောင့်၊သူတို့နေထိုင်သက်ရှင်မှုကလည်း ယုံကြည်ခြင်းအပေါ်မူတည် အသက်ရှင်ကြလို့ဖြောင့်မတ်သူလို့ သတ်မှတ်ခြင်းဖြစ်တယ်။

အားလုံးသိပြီး ရင်းနှီးပုဂ္ဂိုလ်ကတော့ယောဘ ဖြစ်တယ်၊ ကျင့်ဝတ်ပိုင်းမှာ ဖြောင့်မှန်တယ်၊ပိုပြီးသိရမှာက၊ နက်ရှိုင်းတဲ့ ယုံကြည်ခြင်းပါ၊ ဘုရားရှင် ရှိနေတယ်၊ကြည့်နေတယ်၊သိနေပြီး ဘယ်တော့မှ ပစ်မထားဘူး၊အတိအကျသိမှတ်၊ယုံကြည်နေတော့၊သူ့ကျင့်စဥ် များကနေ ဘယ်တော့မှသွေဖည် မသွားခဲ့ဘူး။ဒီအချက်ပေါ်မူတည် အသက်ရှင်နေထိုင်ခဲ့တယ်။

ယုံကြည်သူ၊ဓမ္မသစ်ကာလမှာ ဖြောင့်မတ်သူကို ယုံကြည်သူ လို့ခေါ်ကြတယ်၊ဘုရားလာပေးတယ်၊ ပြတယ်၊ဒါကိုလက်ခံတဲ့ဖြောင့်မတ်သူပါ၊အဓိပ္ပါယ်အတူ ဖြစ်တယ်၊ ရှိသောသူအားထပ်၍ပေးဦးမည် ဆိုတာ ယုံကြည်ခြင်းရှိသူ၊ ယုံကြည်ခြင်းကိုပြောတာဘဲဖြစ်ပါတယ်။ ဒီ ကျမ်းပိုဒ်လေးရဲ့ရှေ့ နောက် ဆက်စပ်ကြည့် ပါက၊လက်ခံသူများ ဘဝမှာ ရှိပြီးကျေးဇူးတော်များ ထပ်ကာ တိုးပွား၊ပါရမီများပိုလို့များလာ၊ တာတွေ့ရပါတယ်။ သူပေးတာကို လက်ခံတဲ့ ယုံကြည်တဲ့ယုံကြည်သူများကိုဆိုလိုတယ်။

မရှိသောသူထံမှ၊ သူမှာရှိသည်ဟုထင်ရသော အရာကိုပင် သိမ်းယူလိမ့်မည် ဆိုတာ ယုံကြည်ခြင်းမရှိသူ ပေးလာတဲ့ ယုံကြည်ခြင်းသက်တာကို လက်မခံတဲ့ပုဂ္ဂိုလ်၊ သူ့ကိုယ်သူရှိနေတယ်ထင်ရတဲ့ အရာများကိုပင် နောက်ပိုင်းမှာ၊ ပြန်နူတ်ယူခြင်း ခံရမှာ၊ ဒါဟာ ယုံကြည်ခြင်း မရှိသူ ကိုပြောခြင်းဖြစ်ပါတယ်။

ဖြေင့်မတ်သူ နှင့် ယုံကြည်သူ။

ကျမ်းပိုဒ်အဟောင်းနှင့် အသစ် နှစ်ခု ချိတ်ဆက်စပ်ကြည့်ရင် ယုံကြည်တဲ့သူဟာ ဖြောင့်မတ်တဲ့သူ ဖြစ်တယ်။ ဓမ္မဟောင်းက ဖြောင့်မတ်သူဟာ၊ဓမ္မသစ်မှာ ယုံကြည်သူ ဖြစ်နေတယ်၊ဘုရားကို စွဲမြဲစွာ သိရှိနေတယ်။တိကျ ရှင်းလင်း ပြတ်သား မသိပေမဲ့ယုံကြည်ခြင်း ကို ဆုပ်ကိုင်ပြီး သက်ရှင် နေထိုင်မှု ပုံစံကို ယုံကြည်ခြင်းဖြင့် ပုံဖော် သွားတဲ့ ပုဂ္ဂိုလ်များပါ။

မယ်တော်၊တိတိကျ ရှင်းရှင်းလင်း မသိခဲ့ဘူး၊ယုံကြည်မှု အပေါ်တည်ပြီး သူမရဲ့ဘဝ ကို ပုံဖော် ကျင့်ကြံ အားထုတ်သွားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ ရှိပြီးသားကို ထပ်ပေးမဲ့လူ ဆိုတာ၊ အခြားမဟုတ်၊ ယုံကြည်ခြင်း ရှိပြီးသားယုံကြည်သူတို့ဘဲ ဖြစ်ပါတယ်။ဒါကြောင့် ဘုရားသခင်၊ထပ်ပြီးပေးတဲ့ သူများ ဖြစ်ကြရအောင် သူပေးလာတဲ့ ယုံကြည်ခြင်းကို လက်ခံကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection