Pathein Catholic Diocese Untitled Document
Untitled Document
ယုံကြည်ခြင်းရဲ့ အကျိုးကျေးဇူး

 

၂၅ ကြိမ် အင်္ဂါနေ့၊

စက်တင်ဘာ ၂၀ ရက်။

ရှင်လုကာ ၈၊ ၁၉ မှ ၂၁။

ယုံကြည်ခြင်းရဲ့ အကျိုးကျေးဇူး

ဘုရားနုတ်တော်ထွက်စကားများကိုကြားနာ၍ လိုက်နာကျင့်သုံးသောသူတို့သည်၊ ငါ့အမေ နှင့် ငါ့ညီများဖြစ်ကြ၏၊ သခင်ပြောတဲ့ သူ့ရဲ့နူတ်တော်ထွက်စကားများကို လိုက်နာကျင့်သုံးတယ် ဆိုတာ၊ အခန်းကြီးတစ် ကတည်းကပြောထားတယ်၊စင်စစ် မင်္ဂလာ ရှိတယ်။ ဒီနေ့ အသုံးနှုံးအတိုင်းဘဲ ခန်းကြီး ၁၁ ငယ် ၂၈မှာ နုတ်ကပတ်တော် ကြားနာ လိုက်နာ ကျင့်သုံးသူတို့ စင်စစ် မင်္ဂလာရှိတယ်။ရှေ့နားလေးမှာဘဲ ဒီနေ့ဂျူးခေါင်းဆောင်တွေရဲ့ မယုံကြည်နိူင်ခြင်း၊ တွေ့ရတယ်။ ကြီး ၂၉ ၃၀မှာ သံယောဟန်ရဲ့ ယုံကြည်ခြင်းကိုတွေ့ရတယ်။

ယုံကြည်ခြင်းအကြောင်း ရှင်လုကာကျမ်းမှာ၊ တောက်လျှောက် ပြေးနေတယ်၊ ပြောလိုတဲ့ ယုံကြည်ခြင်းဟာတဒင်္ဂဆုံးဖြတ်ချက်မျိုး မဟုတ်ဘဲ၊သစ္စာစောင့်သိတဲ့ ယုံကြည်ခြင်းဘဲဖြစ်တယ်၊ ဇွဲရှိပြီး တာရှည်ခံတဲ့ယုံကြည်ခြင်းသာ စစ်မှန်တဲ့ ယုံကြည်ခြင်းဖြစ်တယ်။ကြိတ်ကွင်း နှိပ်ကွင်းစမ်းသပ်ခံရချိန်မျိုးမှာ မှေးမှိန်မသွားတဲ့ ယုံကြည်ခြင်းမျိုးပါ၊ လောကဆွဲဆောင်မှုမျိုးကြီးစိုးလာချိန်များမှာ မွမ်းကြပ် မသွားတဲ့ယုံကြည်ခြင်းပါ။ စိတ်ရှည် သီးခံခြင်းက ဒီယုံကြည်ခြင်းကို ကာကွယ်ပေးလျက် ရှိတယ်၊ ဒီယုံကြည်ခြင်းကဘဲ သူ့ကို ပြန်လည် သီးပွင့်စေပါတယ်။

အခန်းကြီး အငယ် ၁၅ မှာ သခင်ပြန်ပြောလိုက်တဲ့ စကား၊သူ့မိသားစုကို ငြင်းပယ်လိုက်ခြင်း မဟုတ်ဘဲ၊သူ့ကို လိုက်ရှာလျက်ရှိကြသူတွေ အားလုံးအတွက် ဂတိစကား ကိုအခိုင်အမာ ရှင်းရှင်းလင်းလင်း ၊ပေးခြင်း ဖြစ်တယ်။ သခင့်ကိုရှာနေကြသူတို့ စုပေါင်းပြီး နူတ်ကပတ်တော်ကြားနာခြင်းနဲ့လိုက်နာကျင့်သုံးကြသူများ စုပေါင်းပြီး သာသနာတော် ပေါ်ပေါက်လာတာတွေ့ရတယ်၊ယုံကြည်ခြင်းဆိုတာကြားရုံ လက်ခံရုံသက်သက်မျှမကဘဲ၊ ကြားပြီးလက်ခံပြီးသား နူတ်ကပတ်တော်ကိုလက်တွေ့ လူ့ဘဝ၌ ကျင့်သုံးနေထိုင် ကြကာအသက်ရှင်နေခြင်းမျိုးဖြစ်တယ်၊ ယုံကြည်ခြင်း အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပြန်သတိရစေချင်တယ်၊ကျွန်ပ်တို့ ပြောခဲ့ဘူးသလို၊ ပေးလာတဲ့ ဘုရားရှင်ကို လူသားဖက်ကတုံ့ပြန် ခြင်းလို့ဆိုတယ်၊ တုံ့ပြန်တာအသိညာဏ်၊အတွေးခေါ်လောက်မဟုတ်ပါဘဲ ပုဂ္ဂိုလ် တစ်ခုလုံးပါဝင်တဲ့၊ ပြောဆို လုပ်ကိုင် ကြံစည်သမျှအားလုံးပါဝင်တဲ့ တုံ့ပြန်မှုကိုဆိုလိုပါတယ်။

အသင်းတော်က ယုံကြည်ခြင်းကိုဒီလိုဘဲ အစဥ်အလာအရ နားလည်ထားပါတယ်။သံယာကုပ် သြဝါဒစာ များမှာလည်းတွေ့ရတယ်၊ ဒီအချက်ကို ဒီနေ့ကျမ်းပိုဒ်မှာ သခင်အခိုင်အမာ မိန့်ဆိုတယ်၊ ယုံကြည်လာမဲ့ လူတွေ ရရှိကြမဲ့ ကောင်းကျိုးရလဒ် ကျေးဇူးကိုလည်း ထောက်ပြညွှန်ပြ၊ နေတယ် အဆက်သွယ်ရရှိလာပြီး ယုံကြည် လာပြီး ဆိုရင် သူနဲ့ဆက်သွယ်မိ၊ဘုရားနဲ့ ဆက်သွယ်မိ၊သလို ယုံကြည်ကြသူများ အချင်းချင်းလည်း ဆက်သွယ်မိကြတယ်။လတ်တလောမှာပင် ယုံကြည်လိုက်ပြီ ဆိုသည်နှင့် အတ္တရဲ့ ချုပ်နှောင်မှုကြောင့် အထီးကျန် အမှောင်မှာချုပ်နှောင်ခံရသူ ကျွန်ပ်တို့ တစ်ယောက်ချင်းစီ ဖြည်လွှတ် ခြင်းခံရကြပြီ၊ ဘုရားနဲ့ ဆက်သွယ်နိူင်၊အများနဲ့ ဆက်သွယ်နိူင်တဲ့ အခြေနေရောက်ရှိလာကြပြီး ပေါင်းစည်းနေနိူင်ကြပါတယ်။ကိုယ်ရဲ့လောက ကြီးကျယ်ဝန်း လာပြီ၊ ဘုရားပါ ဝင်တယ်၊ညီအစ်ကို မောင် နှမများပါဝင်တယ်၊ငါရဲ့ စစ်မှန်တဲ့ ငါကို ယုံကြည်ခြင်းကရှာဖွေတွေ့ရှိ လာစေပါတယ်။

လောကကြီးက ငါတို့ ထင်ထားသလိုမဟုတ်ဘဲ၊ အဓိပ္ပါယ်နဲ့ ပြည့်နေတဲ့လောကကြီး၊ပါလား တွေ့လာရတယ်လတ်တလောရတဲ့ အကျိုးဖြစ်သလိုနောက်ဆုံးပန်းတိုင်ကလည်း ဒါဘဲဖြစ်တယ်။ ဘုရားရဲ့ မိသားစုထဲမှာနေရမယ်။ သခင်က သူရဲ့ မိသားစုကို ချဲ့ထွင်နေခြင်း ဖြစ်ပါတယ်။Extension of his family, not on the level of nature သွေးသားဇာတိအရ မွေးဖွားလာတဲ့ မိသားစုကိုဆိုလိုတာ မဟုတ်ပါ၊ but on the level of grace.ကျေးဇူးတော်ရဲ့ အလွှာမှာကျေးဇူးတော်ကြောင့်ပေါ်ပေါက်လာတဲ့ ထာဝရမိသားစုကို ညွှန်ပြနေခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်းကြောင့်ပေါ်ပေါက်လာတဲ့ မိသားစုကို ညွှန်ပြနေခြင်း ဖြစ်ပါတယ်၊ဘုရားနဲ့ ရှင်သန်ရမဲ့အသက်တာ၊ ယုံကြည်ခြင်းရဲ့၊နောက်ဆုံး ပန်းတိုင်ဟာ သခင်ပြညွှန်တဲ့ မိသားစု ဘဲ ဖြစ်တယ်။ဒါ့ကြောင့်မယ်တော်ကဲ့သို့၊ ရဟန္တာများကဲ့သို့၊လက်ခံပြီးသား ယုံကြည်ခြင်းကို၊လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင် ကျင့်သုံး နိူင်ရအောင်ဆုကျေးဇူးများ၊တောင်းခံကြစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence  Aung Kyaw Oo ရဲ့ သြဝါဒကိုမျှဝေသည်။

 

gospel reflection