Pathein Catholic Diocese Untitled Document
Untitled Document
တမန်တော်ကြီး၊ကျမ်းရေးပုဂ္ဂိုလ်။

၂၅ ကြိမ် ဗုဒ္ဓဟူးနေ့၊

စက်တင်ဘာ ၂၁ ရက်။

ရှင်မဿဲ ပွဲနေ့မြတ်။

တမန်တော်ကြီး၊ကျမ်းရေးပုဂ္ဂိုလ်

ဘုရားသခင်ရဲ့ သနားခြင်းကိုလက္ခံရာမှာ စံနမူနာပြ ပုဂ္ဂိုလ် ဖြစ်တယ်၊နောက်လိုက် တပည့်ဆိုတာ၊သူ့ရဲ့ လူသားအားနည်းချက်ကို တွေ့ကြုံရပြီး ၊ လက်ခံပြီးတော့ဆရာသခင်ရဲ့အကူအညီကို တောင်းခံဖို့ နှိမ့်ချတဲ့၊ ရိုးသားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။သခင့်နောက်တော်လိုက်ရင်း၊ ကုသခြင်းခံရပြီး ချိန်မှာ တစ်ဆင့်ပြီး၊ ဘုရားရဲ့ချစ်ခြင်းမေတ္တာ ၊သနားခြင်းစွမ်းအားကို ယုံကြည်သူ ဖြစ်တယ်။ဘုရားချစ်ခြင်းက သူ့မှာရှိတဲ့ မပြည့်စုံ ချက်တွေကို ကုသဖို့ လုံလောက်တာကိုလည်း ယုံကြည်တယ်။ဘုရားရဲ့ ချစ်ခြင်း သနားခြင်းဟာ အပြစ်ရဲ့ဒဏ်ချက်တွေကို ကုသဖို့ စွမ်းအားရှိတယ်၊ လုံလောက်တယ်ဆိုတာယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဘုရားချစ်ခြင်း သနားခြင်းက သေခြင်းထက်ပင် စွမ်းအားရှိတာယုံတယ်။အပြစ်သားထံပေးလာတဲ့ ဘုရားချစ်ခြင်း လက်ခံရာမှာ ရှင်မဿဲကစံပြုနမူနာ ဖြစ်တယ်။

အသက်မွေးဝမ်းကျောင်း အမျိုးမျိုး၊အလုပ်အကိုင်ပုံစံများမျိုးစုံ ရှိတယ်၊ကြိုးပမ်းအားထုတ်မှု မျိုးစုံ လုပ်နေကြပါတယ်။ဒီလို အမျိုးမျိုးပုံစံများကို သန့်ရှင်း စင်ကြယ်ပေးနေတယ်ဆိုတာ ကျွန်ပ်တို့ မှတ်သားရတယ်။ဒီနေ့ ကျမ်းစာ ကျမ်းပိုဒ်ကိုကြားနာပြီး သိရပါတယ်။ရှင်မဿဲ အလုပ်က အခွန်ခံခြင်းဖြစ်တယ်၊ ဂျူးတို့ မနှစ်သက်ကြ၊နယ်ချဲ့တွေကို အလုပ်ကျွေးပြုတဲ့လူမျိုးတူခြင်းများအပေါ်ခေါင်းပုံဖြတ်တဲ့ အလုပ်လို့ မှတ်ယူကြပြီးမနှစ်မြို့ဖွယ်သက်မွေးဝမ်းကျောင်းအလုပ်တစ်ခုဖြစ်တယ်။ အခြားတမန်တော်ကြီး များကလည်းတံငါသည်ဖြစ်ကြပြီး၊ သူလို ငါလိုသာမန်အဆင့်ရှိ သက်မွေးကြောင်း သူတို့ဖြစ် ကြတယ်။အားလုံးသောပုံစံမျိုးစုံကို စင်ကြယ်ပေးလျက်ရှိတာကိုကျွန်ပ်တို့မှတ်သားကြရမယ်ရှင်မဿဲ ရဲ့ အသက်မွေးအလုပ်အခွန်ခံခြင်းနှင့်၊အပြစ်သားကို တွဲပြီး ဖော်ပြတာ တွေ့ရတယ်၊

ရှင်မဿဲ၉ ၊၁၀ ရှင်လုကာ ၁၅ ၊ ၁ ပြောလိုတာသခင်က ဘဝသက်မွေးပုံစံ မျိုးစုံ ရှိကြသူများကို သန့်စင်ပေးသည်မကဝိညာဥ်ရေးရာ နေထိုင်ကျင့်ကြံမှုမှာလည်း အဆင့်အတန်း အမျိုးမျိုးရှိကြသူများကို သူ့ရဲ့ မိဿဟာယဖွဲ့ခြင်း ထဲသို့ ဆွဲခေါ်တယ်၊ မိတ်ဆွေအဖြစ် အမြဲ ဖိတ်ခေါ်နေတယ်။ တစ်စားပွဲည်မှာအတူစားသောကျကြဖို့ သခင် အမြဲဖိတ်ခေါ်တယ်၊အဆင့်တူ အဖြစ်သတ်မှတ်ပြီး အတူထိုင်တယ်၊စားသောက်ဖို့အစဥ်ဖိတ်ခေါ်လျက်ရှိတာ သိကြရမယ်။

မဿဲ ရဲ့ အပြုအမူ၊ မဆိုင်းမတွနောက်တော်သို့ လိုက်ခဲ့တယ်။ကျွန်ပ်တို့ မှတ်သားရမဲ့ အချက်ပါ။

ရှင်မဿဲ ၁၉ ၊ ၂၁ မှာ ပြည့်ဝစုံလင်ခြင်း လိုချင်တဲ့ လူငယ်၊ဘာလုပ်ရမယ် သခင်ကို လာမေးတော့ ရှိတဲ့ဥစ္စာတွေ ရောင်း ဆင်းရဲသူတွေကိုပေး ငါ့နောက်ကိုလိုက် ဆိုခဲတဲ့သခင့်ရဲ့ တောင်းဆိုချက်ကို ဒီနေ့ ရှင်မဿဲက အတိအကျ လိုက်နာ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

ရှင်မဿဲ က ကျမ်းရေးပုဂ္ဂိုလ်ဖြစ်လို့ဒီကနေ့တိုင် ကျွန်ပ်တို့ကိုဆက်လက်ဟောကြားနေပါတယ်။ဟေဗြဲ လို၊အာရာမိုက်လို၊ သူ့ရဲ့ကျမ်းမှာ ရှည်လျားစွာ မရှိတော့ဘဲ ဂရိလို၊ ရှိတယ်၊ကျွန်ပ်တို့ လက်ထဲ ရောက်လာတဲ့ အခြား ဘာသာစကား မျိုးစုံ၊ဆက်လက် တည်ရှိနေတယ်၊ ဒါကြောင့်သူ့ရဲ့ ဧဝံဂေလိ ဝမ်းမြောက်ဖွယ် သတင်းကောင်း ဖြန့်ဝေခြင်း၊တက်လက်ဖြစ်ပွားနေတယ်ဆိုတာ၊သိရမှာဖြစ်တယ်၊သူပြောလာတဲ့ သတင်းစကားများ နားထောင် မှတ်သားရင်းနောက်လိုက်ဖို့ ကြိုးစားကြရအောင်။

နောက်လိုက်တယ် ဆိုတာ စွန့်တယ်ဆိုတာထက် ရယူ ပိုင်ဆိုင်လိုက်ခြင်းတစ်မျိုး ဖြစ်တာကို အမြဲနားလည်သဘောပေါက်ဖို့ ကြိုးစားရအောင်၊ကျွန်ပ်တို့က စွန့်ရတာကိုဘဲ လိုက်တွေးပြီးတော့၊ နောက်ကို လိုက်ခြင်းဖြင့် ရရှိလာတဲ့ အရာကို မေ့နေတတ်ကြပါတယ်။ သခင့်နောက်တော်သို့လိုက်ခြင်းအားဖြင့် ရရှိလာတဲ့အရာကတော့ ဘုရား ကိုယ်တိုင်ကိုရရှိခြင်းဖြစ်တယ်။ဘုရားရှင်နဲ့ မိဟာယဖွဲ့ခြင်းဘဲ ဖြစ်တယ်။ နောက်တော်လိုက်လို့ စွန့်ရတဲ့ အရာများကိုဘဲအာရုံ မထားဘဲ၊ ရရှိလာမဲ့ အရာကိုမြင်မယ်၊တွေ့ကြုံ ခံစားမယ်ဆိုရင်နောက်တော်လိုက်လို့ တွေ့ကြုံရမဲ့ဘဝအခက်ခဲများကို အကောင်းဆုံးကျော်ဖြတ်နိူင်မှာ ဖြစ်တယ်။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

( Fr.Florence သြဝါဒ၊မျှဝေသည်။)

gospel reflection