Pathein Catholic Diocese Untitled Document
Untitled Document
သမ္မာတရားကို ငြင်းပယ်ခြင်း

၂၅ ကြိမ် ကြာသပတေးနေ့၊

စက်တင်ဘာ ၂၂ ရက်။

ရှင်လုကာ ၉ ၊ ၉ မှ ၁၃ ။

သမ္မာတရားကို ငြင်းပယ်ခြင်း

ဟေရုဒ်ဘုရင် စိတ်ရှုပ်ထွေးနေတယ်သမ္မာတရားကို လစ်လျူပြုဖို့ နည်းမျိုးစုံ သုံးတယ်၊ သမ္မာတရားကို နှိပ်ကွပ်ဖို့ သူတို့ ကြိုးစားတယ်၊ငြင်းပယ်ဖို့ အပြီးတိုင် ဖယ်ထုတ်ပစ်ဖို့၊ အမျိုးမျိုး ကြိုးစားတယ်၊ဒီလိုလုပ်တဲ့ လူများဟာ၊ အတွင်းစိတ် ငြိမ်သက်ပါသလား၊မငြိမ်ကြပါ၊သူတို့ရဲ့ သြတ္တပ္ပစိတ်ဟာအမြဲတန်းမငြိမ်သက် ကိုယ့်ကိုယ်ကိုပင်ကြောက်နေတဲ့အနေထားမှာရှိနေတယ်။

ဒီကနေ့ကြားရတဲ့ ဟေရုဒ် အခြေနေဒီလိုဖြစ်တယ်၊ဇဝေဇဝါဖြစ်၊ရှုပ်ထွေးသခင့်အကြောင်း သတင်းကြား ရတာအမျိုးမျိုးဖြစ်နေ၊ပိုဆိုးတာက သူကွပ်မျက်ခဲ့၊ယောဟန်အကြောင်းပါလာတော့ ပိုစိတ်ရှုပ်ခဲ့၊ ရပြန်တယ်။ ဆရာသခင် နှင့် ဟေရုဒ် ကို ယှဥ်ပြီးမြင်သာမဲ့ သဘောမျိုး ရှင်လုကာ ဖော်ပြ ခြင်းဖြစ်တယ်၊ ရှင်လုကာကျမ်းမှာ၊ ဓမ္မ နှင့် အ ဓမ္မ အကြားပဋိပက္ခ အဖြစ်မှတ်ယူလို့လည်းရပါတယ်၊ ဒီနေ့ခေတ် ဖြစ်ပျက်နေကြပုံအတူတူပါ။

ပထမကျမ်းမှာ ဖတ်ရတာလည်း၊ဒီဟာပါဘဲ၊ တစ်ယောက်ပေါ်လာတယ်ဖြစ်ပျက်တယ် ကွယ်ပျောက်တယ်၊ အသစ်မဟုတ်၊ ဒီကနေ့ ဖြစ်နေတာအထူးမဟုတ်၊ ဟိုးတုန်းကပင် ဖြစ်ခဲ့ကြားခဲ့ရတာမျိုးပါ၊ထူးဆန်းတာကအမြဲ မဟောင်းသွားဘဲသစ်လို့နေတာသမ္မာတရား၊မသေနိူင်ခြင်းဖြစ်တယ်

ယောဟန်ကို ကွပ်မျက်လိုက်ခြင်းဖြင့် သမ္မာတရားကိုအစဖျောက်ပစ်ဖို့ဟေရုဒ် ပြုလုပ်ခဲ့တယ်၊အစပျောက် သွားမယ် ဟေရုဒ် ထင်ခဲ့တယ်၊ သူ့ကိုသူ့လူတွေ ပြန်ပို့၊သတင်းအကြောင်းထဲမှာ ဧလိယ အမည်ပါ လာတော့ပိုဆိုး၊ပရောဖက်များအကြောင်းပါ လာလေ ပိုဆိုးလေဖြစ်ခဲ့တယ်၊ထိုသူများတို့ကသမ္မာတရားတွက် အသက်ပေးခဲ့၊သမ္မာတရားကိုဖယ်ရှားပစ်ဖို့ ကြိုးစားရင်း သုတ်သင်ကွပ်မျက်ခံခဲ့ကြရသူများ ဖြစ်နေတယ်။သူတို့ကိုသုတ်သင် လိုက်ရင် သမ္မာတရားကို အစဖျောက်ပစ်သလို ဖြစ်မယ်ယူဆပြီး ခေတ်အဆက်ဆက် သူတို့တွေကွပ်မျက်ခံခဲ့ကြရတယ်။ယောဟန်၊ ဧလိယ၊ပရောဖက်များအဆက်ဆက် နောက်ဆုံးတော့ အထွဋ်ထိပ်ဖြစ်တဲ့သခင် ခရစ်တော်၊သူတို့သတ်လိုက်ခြင်းဖြင့် သမ္မာတရားကို အပြီးပိုင် ဖျောက်ပစ်ဖို့ ကြိုးစားလို့ရမယ် ထင်ခဲ့ကြတယ်။

၉ ၊ ၅ မှာတွေ့ရတယ်၊ ၁၃ ၊ ၃၁ မှာဟေရုဒ်က သခင့်ကို သတ်ဖို့ရှာတဲ့အကြောင်း၊ သခင်တရားစီရင်ခံရချိန် ပီလာတူးမင်း ရုံးမှာလည်း၊ဟေရုဒ်ပေါ်လာပြီး အဆုံးမှာဟေရုဒ်နှင့် ပီလာတူး တစ်စိတ်တစ်ဥာဏ်ထဲ ဖြစ်သွားတာတွေ့ရတယ်။

သခင့်ကို ကွပ်မျက်လိုက်တဲ့ တာဝန်ရှိသူများထဲမှာ ဟေရုဒ် ပါလာတယ်၊တမန်တော်ဝတ္ထု ၄ ၊ ၂၇ မှာ ဟေရုဒ် နောက်တစ်ယောက်က ဟေရုဒ်အာဂရိပါ ဖြစ်တယ်၊မြေး ဖြစ်တဲ့ဟေရုဒ် မျိုးဆက်သစ်တို့ ဖြစ်ကြတယ်၊ အစဥ်အဆက် သခင့်နောက်လိုက်သံယာကုပ်အပါအဝင် တမန်တော်များကို ကွပ်မျက်သုတ်သင်ကြတယ်။

သမိုင်းပြန်ကြည့်ရင် သမ္မာတရားဘက်တော်သားများကိုသတ်ပစ်ကြပေမဲ့၊ သမ္မာတရားကို မသတ်နိူင်ကြ ပါ၊ဒီလူတွေရှင်းသွားရင် သမ္မာတရားလည်း ရှင်းမယ်ထင်တစ်ယောက်ပြီးတစ်ယောက် တစ်ဆက်ပြီးတစ်ဆက် သတ်ခဲ့ကြတယ်။သမ္မာတရားကိုဖျောက်ဖို့၊ သတ်ဖို့ အားထုတ်ခဲ့ကြပေမဲ့ မရခဲ့ပါဘူး၊ ဟေရုဒ် မျိုးဆက်ဘယ်မှာမှ ရှာမတွေ့ရတော့ပါ။သမ္မာတရား ဘက်တော်သား၊ သမ္မာတရားမျိုးဆက် သခင်ခရစ်တော် မျိုးဆက်ကတော့ ကမ္ဘာကုန် ကျယ်သရွေ့တည်ရှိ ခိုင်မြဲ နေ၊ယခုမျက်မှောက်ကာလထိ၊တည်ရှိနေဆဲပါ။ဒါကြောင့် သမ္မာတရားကိုဆန့်ကျင်ဖို့၊လစ်လျူပြုဖို့၊ ဖိနှိပ်ထားဖို့၊ ငြင်းပယ်ဖို့၊မကြိုးစားကြပါနဲ့၊သမ္မာတရားကို ငြင်းပယ်ရင်၊မိမိကိုယ်ကို ငြင်းပယ်၊သမ္မာတရားကို လစ်လျူပြုရင်၊ကိုယ့်ကိုယ်ကို လစ်လျူပြုသလို၊ သမ္မာတရားကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်ဟာ၊ ကိုယ့်ကိုယ်ကို ဆန့်ကျင် တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်၊ဘုရားကိုမယုံ ကြည်ခြင်းဟာ သမ္မာတရားကိုမယုံကြည်ရာရောက်ပြီး လှည့်ဖြား လိမ်လည်ခြင်းတွေကို ၊ ယုံကြည်ရာ ရောက်ပါတယ်၊ နောက်ဆုံးတော့အဲ့ ဒီမှာ ဘဲ အသက်ပျောက်ရမှာဖြစ်ပါတယ်။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒကိုမျှဝေသည်။

gospel reflection