Pathein Catholic Diocese Untitled Document
Untitled Document
သခင့်ကို နှလုံးသားဖြင့် သိခြင်း

၂၅ ကြိမ် သောကြာနေ့

စက်တက်ဘာ ၂၃ ရက်။

 

စိန့်ပါဒရေ ပီအို ပွဲနေ့။

ရှင်လုကာ ၉ ၊ ၁၈ မှ ၂၂။

Knowing with the heart.

သခင့်ကို နှလုံးသားဖြင့် သိခြင်း။

 

ဒီနေ့ ကျမ်းပိုဒ်မှာ သခင်က၊ တပည့်တွေကို သူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲမေးလာတယ်။ သူဘယ်လိုကယ်တင်ခြင်းပေးမလဲဆိုတာ ဖွင့်ဟလာတယ်သူ့ရဲ့ identity and mission.သူ့ရဲ့ နောက်လိုက်တမန်တော်များကလည်း၊ကိုယ်တိုင်ဘဝ ဘယ်လိုပုံစံနဲ့လိုက်ရမလဲသိဖို့၊မီးမောင်းထိုးပြသလို ဖြစ်တယ်။

ရှင်လုကာ ဧဝံဂေလိကျမ်းက ဆုတောင်းခြင်းကို အလေးပေးရေးသားဖော်ပြတယ်၊ဆုတောင်းခြင်းဧဝံဂေလိကျမ်း၊ Gospel of prayer.ဧဝံဂေလိကျမ်းမှာ၊တမန်တော်ဝတ္ထုကျမ်းမှာ ရှင်လုကာက အခြားကျမ်းများထက်၊ဆုတောင်းခြင်းကို ပိုလို့များများ ထည့်သွင်းရေးသားတယ်။ဒီနေ့ကျမ်းပိုဒ်မှာ ရှင်လုကာရဲ့ စကားလုံး အထားအသို တွေ့ရတယ်။သခင် တစ်ပါးတည်း၊ ဆုတောင်းနေတယ်၊ တမန်တော်များ သူနှင့်အတူ ရှိနေကြတယ်။တွဲပြီးဖော်ပြထားတယ်။တစ်ပါးတည်းလို့လည်းရေးပြီး တမန်တော်များအတူရှိနေလို့လည်း တွဲဖော်ပြထားပြန်တယ်၊ဆန့်ကျင်ဖက်အသွင်ရေးထားပုံ။

ရှင်လုကာ ဆိုလိုချက်က၊ သခင်တစ်ပါးတည်း ရှိနေသော်လည်းတပည့်တော်များကို ဖယ်မထုတ်ဘူးသူနှင့်အတူ ထားတယ်။ ငါတစ်ကိုယ်တည်း ဆုတောင်းမှာဖြစ်လို့ မင်းတို့သွားကြ၊သခင်မဆို၊သူရဲ့ ဆုတောင်းခြင်းမှာပါဝင်စေခြင်းဖြစ်လို့နေတယ်ဆုတောင်းခြင်းဆိုတာ၊ဘုရားနှင့်အဆက်သွယ်ပြုခြင်းလို့ ကျွန်ပ်တို့နားလည်ကြတယ်၊ ဘုရားနှင့်တိုက်ရိုက်ဆက်သွယ်ဖို့ဟာ၊ သခင်ကိုယ်တော်တစ်ပါးတည်း ပိုင်တဲ့အရာဖြစ်တယ်သူ့တစ်ပါးတည်း personal ပိုင်တဲ့အနက်ရှိုင်းဆုံးအရာ၊ သူ့တပည့်တမန်တော်များကို မျှဝေပေးနေခြင်းဖြစ်တယ်၊ဒီအခွင့်အရေးကို တမန်တော်များကိုပေးနေတယ်။သခင်နှင့်ခမည်းတော် အကြားရှိ၊ ထာဝရအဆက်သွယ် ဆုတောင်းခြင်းကိုတမန်တော်များကို ပေးနေခြင်းပါ။ကောင်းကင်ဘုံ မေတ္တာတော်ကို တပည့်တွေကိုပေးတဲ့အခါမှာလည်းတွေ့ရတယ်၊ သူဆုတောင်းတဲ့နေရာဝင်ပြီး ဆုတောင်းစေတယ်၊ ဒီနေ့ကျမ်းပိုဒ်ကလည်းအတူတူပါ၊သခင်တစ်ပါးတည်းရှိသော်လည်း တမန်တော်များအတူရှိကြတယ်။ဒီအချက်ဒီအသုံးက ဒီဟာအတွက် သုံးတာပါ။ဆုတောင်းမေတ္တာ အခင်းကျင်းပေါ်အခြေခံပြီးသူ့ကိုတပည့်နောက်လိုက်တို့ ဘယ်လိုနားလည်ထားကြလဲလို့မေးလာတယ်။အပြင်လူများ ဟိုလိုသည်လို နားလည်ကြ တာအရေးမကြီး၊ မင်းတို့ ကိုယ်တိုင်ကိုယ်ကျဘယ်လို နားလည် လက်ခံကြလဲ၊လို့မေးလာခြင်းပါ။ ဆုတောင်းခြင်းဖြင့်သူဘယ်လို ပုဂ္ဂိုလ်မျိုးသူ့ရဲ့ identityဖွင့်ပြတယ်၊သူ့ကို ပိုသိလာရတယ်။

ဘုရားသားတော် ကယ်တင်ရှင်ပါလို့ရှင်ပေတြူး ဝန်ခံတယ်၊သူ ဘယ်လိုကယ်တင်ခြင်းပေးမလဲဆိုတာသခင်ဖွင့်ပြပြောဆိုခဲ့တယ်။ဒုက္ခဝေဒနါအပြင်းထန် ခံရပြီး၊အသေသတ်ခြင်းခံရ၊ ရှင်ပြန်ထမြောက်ခြင်းဖြင့်လူတို့ကို ကယ်တင်မယ်ဆိုတာဖွင့်ပြတယ်။သူ့ကို သိဖို့ တို့ တစ်ယောက်စီတွက်သူလုပ်ပေးတဲ့အရာ ပိုပြီးနားလည်ဖို့သူ့ကို ယုံကြည်၊ သူ့နောက်လိုက်ခြင်းမှာ ကျွန်ပ်တို့ဘယ်လိုပုံမျိုး လိုက်ကြရမယ်ကိုနားလည်ဖို့သူက ဆုတောင်းခြင်း အခြေခံပြီးဖွင့်ပြခြင်းဖြစ်တယ်

 

သူ့ကို ကိုယ်တိုင် ကိုယ်ကျ သိဖို့သခင်အလိုတော်ရှိတယ်၊ ဥဏှောက်အသိနဲ့သိခြင်းမျိုးထက်၊ နှလုံးသားနဲ့ သိဖို့အလိုတော်ရှိတယ်။Knowing Jesuswith our hearts.သူကလည်းကျွန်ပ်တို့ တစ်ဦးစီကို သူ့မှာရှိတဲ့ အရာအားလုံးနဲ့သိလို့ဘဲ ဖြစ်တယ်၊ဘယ်သူတွေဘယ်လို သိနားလည်ကြစေ၊သူများသိလို့ ကိုယ်ကရောယောင်သိတာမျိုးမဟုတ်ရဘဲ၊ကိုယ်တိုင်ကိုယ်ကျpersonal သိခြင်းမျိုး သူ့ကိုချစ်ခြင်းဖြင့် သိတာမျိုး ဒီနေ့ သခင်ဖိတ်ခေါ်တယ်၊ ချစ်ခြင်းမပါက သိခြင်းမမည်ပါဘူး၊ သူနှင့်တကယ်ဘဲ ဆုံချင်ရင်၊သူ့ကိုချစ်ရပါလိမ္မယ်။အတွင်းသက်ကနေ ဆက်သွယ်မပြုဘဲ၊သခင့်ကိုသိတယ် ပြောမရပါ။ သူ့ကိုနက်ရှိုင်းလက်ခံခြင်းမဟုတ်ပါဘဲ၊ သူ့ကိုဘယ်လိုမှ ဘယ်တော့မှ မသိလာနိူင်ပါ။နှလုံးသားနဲ့ သိပါမှ သူ့ကို သိနိူင်ကြမှာဖြစ်တယ်၊ နှလုံးသားဖြင့်သူ့ကိုသိနိူင်ကြဖို့ကျွန်ပ်တို့ အမြဲဆုတောင်းကြရမှာ ဖြစ်တယ်။ ရဟန်းမင်းဘေနေဒစ် ၁၆ က၊ Love,in orderto know. သိဖို့ ချစ်ပါ။ Knowledgemust become love.သူ့ကိုသိတဲ့အသိကလည်း ချစ်ခြင်းဖြစ်လာ။သူ့ကို ချစ်တဲ့ အချစ် ဖြစ်လာတယ်။ဒါ့ကြောင့် ပိုပြီး ဆုတောင်းကြရမယ်၊ဆုတောင်းခြင်းဖြင့် သခင့်ကို ပိုသိလာ၊ သူနဲ့ ပိုရင်းနှီးလာ၊ သူနှင့်ဆက်ဆံရေး ပိုနက်ရှိုင်းလာမယ်။ရဟန္တာ စိန့် ပါဒရေပီအို ရဲ့ ကြားဝင်ဆုတောင်းပေးခိုင်းခြင်းဖြင့် ရဟန္တာကြီးကဲ့သို့ သခင့်ကို ပိုသိလာနိူင်ပိုချစ်လာနိူင်ကြဖို့ ကြိုးစားကြစို့။

 

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒကိုမျှဝေသည်။

gospel reflection