Pathein Catholic Diocese Untitled Document
Untitled Document
သူဌေးကြီး နှင့် လာဇရူး ပုံဥပမာ၊ စာနာစိတ် ကင်းမဲ့ခြင်း

၂၆ ကြိမ် တနင်္ဂနွေနေ့၊

စက်တင်ဘာ ၂၅ ရက်။

ရှင်လုကာ ၁၆ ၊ ၁၉ မှ ၃၁

သူဌေးကြီး နှင့် လာဇရူး ပုံဥပမာ၊

စာနာစိတ် ကင်းမဲ့ခြင်း။

သူဌေးကြီးက စာနာစိတ် ကင်းမဲ့ခြင်းဖြင့်၊ပညတ်တော်များကိုလည်းဖောက်ဖျက်ရာလက်မခံရာ ကျတယ်ပညတ်တော်များရဲ့ အချုပ်ဖြစ်တဲ့ကိုယ့်အချင်းချင်း အထူးသဖြင့် လိုအပ်တဲ့လူကို ကူညီရမဲ့ ပညတ်တော်ကို တိတိပပ ဖောက်ဖျက်လိုက်ခြင်းတွေ့ရတယ်။ ရှင်လုကာ အခန်းကြီး၁၆ တစ်ခုလုံး ငြင်းပယ်သူတွေကိုသခင်က နောက်ဆုံး ပြုပြင်ပေးနေတယ်၊ပြင်ဆင်ပေးနေတယ်၊ဒါကိုဘဲသူတို့က ပြောင်လှောင်လာတော့၊ဒီ ပုံဥပမာ အားဖြင့် နောက်ဆုံးလမ်းကတော့ ဒါဘဲ ဖြစ်တယ်ဆိုတာကိုရှင်းရှင်း အသိပေးလိုက်ခြင်းပါ။

လာဇရူးကတော့ လူ့ အဆင့် မရှိတော့တဲ့ အခြေနေ၊ဖြစ်တယ်။ ဘာလေးဘဲပေးလေမလဲ၊ ရတာနဲ့ ဝမ်းဖြည့်မယ်။ဗိုက်ပြည့်ကောင်းရဲ့ မျှော်လင့်ကြီးစွာစောင့်နေတယ်၊အနာတွေကို ခွေးကလျှာနဲ့ လျက်တယ်၊ သနားလို့ယက်တာမဟုတ်၊ကြမ်းတမ်းအပြုမူပါ။ခွေး ဆိုတာက တိရစ္ဆာန်ထဲ မသန့်ရှင်းသတ်မှတ်ခံရ၊ ခွေးကတောင်သူနှင့်အဆင့်တူလို့ မသတ်မှတ်ပါ။လူက ခွေးထက် အဆင့်နိမ့်နေတဲ့အခြေနေမှာတယောက်နဲ့တယောက်မတွေ့ကြခြင်း၊စာနာစိတ်မရှိကြခြင်းဒီပုံဥပမာမှာ မြင်တွေ့ရတယ်။

လောကမှာ အသက်ရှင်စဥ် သူဌေးကအကောင်းတွေရ၊စည်းစိမ်ခံ၊ပျော်ရွှင်သေတော့ ငရဲကျတာက၊ စည်းစိမ်ခံလို့မဟုတ်၊ နီးစပ်သူ၊တွေ့နေရသူ၊ကိုလက်တွေ့ကျကျ မထောက်ပံ့ လို့ဘဲဖြစ်တယ်။ကျင့်ဝတ်သက်သက်ကိုပြောနေတာ မဟုတ်ဘဲ၊ ဘုရားကနောက်ပိုင်း ဘယ်လိုပြောင်းပြန်လှန်လိုက်မလဲ ဆိုတဲ့ အချက်ကို ပြောနေခြင်းဖြစ်တယ်။

ရှင်လုကာ ကျမ်းမှာ မာနထောင်လွှားသူများကို နှိမ့်ချပြီး၊ နှိမ့်ချတဲ့သူများကို ချီးမြှောက်မယ့် အကြောင်းကိုအခန်းကြီးတစ် အစကပင် ပါတယ်။ဘုရားက သူတို့ကြမ္မာကို ပြောင်းပြန်လှန်ပေးလိုက်မဲ့ အဖြစ်ကိုပြောနေခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်တယောက်နဲ့တယောက် ကိုယ့်ကိုယ်ကိုကဲ့သို့ စာနာစိတ် principle of solidarity.ဘာ့ကြောင့် စာနာရသလဲအချက်၊ပထမအချက်က ၊လူသားထုတစ်ရပ်လုံးက တစ်မျိုးနွယ်ထဲကဆင်းသက်လာတယ်။ သူတို့ရဲ့ originအရင်း အမြစ်တစ်ခုတည်း၊ခမည်းတော်ထံမှ လာတယ်၊နောက်ဆုံးပန်းတိုင်အဖြစ် ခမည်းတော်ဆီဘဲ ပြန်သွားရဦးမယ်၊ ဒါကြောင့် တယောက်နဲ့တယောက် အပေါ်ယံ ကွဲပြားမှုတွေရှိကြငြားလည်းအရင်းအမြစ်နောက်ဆုံး အတွင်းကျဆုံး ၊ အနှစ်သာရအားဖြင့် အချင်းချင်း၊ ဆက်နွှယ်လျက် ရှိနေကြတယ်။လူသားထုတစ်နွယ်လုံးက တစ်ခုတည်းဘဲဖြစ်လို့နေတယ်၊ ဒီအချက်ကြောင့်ဘဲတစ်ဦးနှင့်တစ်ဦး ညီအစ်ကိုရင်းကဲ့သို့ ကိုယ့်ရဲ့ anotherself ကိုယ်ကိုယ်တိုင်ကဲ့သို့ ကူညီရမဲ့ တာဝန် ရှိနေပါတယ်။

ဒုတိယ တစ်ချက်က၊သခင်ကိုယ်တိုင်ပြခဲ့လို့ဖြစ်တယ်၊ မနေ့က solidarityဆိုတာ ဘယ်လိုမျိုးလဲ၊သိခဲ့ပြီ၊ဒုက္ခရောက်နေသူထံ ကိုယ်တိုင်ကိုယ်ကျသွားပြီး သူတို့ကဲ့သို့ သူတို့နှင့်အတူထပ်တူပြုပြီး၊ဝင်ရောက်မျှဝေခံထမ်းခြင်းမျိုးကို သခင်လုပ်ပြခဲ့လို့၊ကျွန်ပ်တို့ နောက်လိုက် ယုံကြည်သူများ၊လုပ်ကြဖို့ ပြောရခြင်းဖြစ်ပါတယ်။ခရစ်ယန်တို့အတွက် အထွဋ်မြတ်ပါရမီ တစ်ခု ဖြစ်တယ်။ဒါကိုလက်တွေ့ကျကျလုပ်နိူင်ဖို့အတွက်၊ အရေးကြီးတယ်။ မတူကွဲပြား မှုတွေကတယောက်နဲ့တယောက် ဆန့်ကျင်ဖက်ပြုဖို့မဟုတ်၊ ဘုရားစီမံကိန်းအတူတူ တွဲခေါ်ရမဲ့ တာဝန် ရှိတယ်၊အဲ့ဒီ မတူညီမှုတွေကဘဲ၊ ကရုဏာလုပ်ငန်းကို ပိုမို အားပေးရာရောက်စေရမှာ ဖြစ်တယ်။လူမှုရေးစားဝတ်နေရေး စီးပွားရေး ကွာဟမှုများ ရှိနေကြတယ်၊ ခုလည်းရှိနေတယ်၊ ဒါတွေတတ်နိုင်ဆုံး လျှော့ချဖို့ တစ်ယောက်စီမှာ တာဝန်ရှိတယ်။ 

ပုံဥပမာခဲကလို ၊ ကွာဟလွန်းနေတာလျှော့ချဖို့ ကျွန်ပ်တို့တာဝန်ရှိတယ်။ခရစ်ယန်တို့ရဲ့ မြတ်သော အယူဝါဒမှာ သွန်သင်ထားပါတယ်။ နံပါတ်၁၉၃၉ မှ ၁၉၄၈ တောက်လျှောက်ဘာ့ကြောင့် ကူရမယ်၊ ဘယ်အချက်များပေါ်မူတည်ပြီးကူရမယ်၊ပါတယ်၊ခရစ်ယန်တို့ပါရမီထဲမှာအထွဋ်ထိပ်တစ်ခု ဖြစ်တယ်။ရုပ်ဝတ္ထု ပစ္စည်းမျှဝေ သုံးစွဲခြင်းသာမက၊ ဝိညာဥ်ရေးရာ ကောင်းမြတ်ခြင်းတွေကိုလည်း အချင်းချင်းမျှဝေဖို့ တာဝန်ရှိပါတယ်။

လက်တွေ့မှာ ဘယ်လိုကျင့်နိူင်မလဲ၊ငယ်စဥ်ကလေ့ကျင့်ခန်းပြန်သတိရမှတ်မိစေ၊ သနားစရာ တစ်ဦး ကြုံရပါက၊ မိမိအိမ်သားထဲက ဘယ်သူ့အရွယ်ပါလား၊ယှဥ်ပြီးစဥ်းစားပါကပိုပြီး သနားလာမိတယ်၊ ကူညီလိုစိတ်ကိုယ်ချင်းစာစိတ် ပိုဖြစ်ပြီး တတ်နိူင်သမျှ ဝိုင်းထမ်းပေးလို၊သွားရင်းနဲ့ပန်းရောင်းနေတဲ့အဒေါ်ကြီးကအမေအရွယ်ပါလား၊ဆိုက္ကား ဆရာကငါ့ညီအရွယ်ဘဲ၊ ကိုယ့်သွေးသားရင်းထဲကတစ်ယောက် အနေမျိုးတွေးမိရင် ပိုပြီး ကူညီလိုစိတ် ပေါ်လာ ပေမယ်။

ကိုယ်တတ်နိူင်၊ချက်ခြင်း လက်တွေ့ကူညီနိူင်မယ် ဖြစ်တယ်။လူ့ကျင့်ဝတ်moral သက်သက်မျှ မဟုတ်၊ ဘုရားကိုယ်တိုင် ဝင်ရောက်လှုပ်ရှားနေခဲ့လို့ကျွန်ပ်တို့လည်း သူကဲ့သို့ ထပ်တူပြုလှုပ်ရှားဖို့ လိုတယ် စဥ်းစားရင်း၊ခံစားနိူင် မျှဝေနိူင်ပြီး၊သူနှင့်ငါဟာညီအစ်ကို၊ Christian brotherhood. အကုန်လုံး ပါဝင်တယ်။ အားလုံးဘဲအကျုံးဝင်တယ်၊ ခမည်းတော်ကအားလုံးကို ထည့်ထားတာဖြစ်လို့ဒီအဝိုက် အဝန်းထဲမှာ အကုန်ပါပြီး၊တံခါးဝမှာရှိနေသူရဲ့ immediate needs ချက်ခြင်း လိုအပ်ချက်ကလည်း ကျွန်ပ်တို့ရဲ့ လက်တကမ်းမှာရှိနေတယ်၊ သူတို့တွေကလည်းတို့ရဲ့လက်တကမ်း ရှိနေတယ်၊ ဒီပုဂ္ဂိုလ်တွေကို တတ်နိူင်သမျှ ကူညီနိူင်ဖို့လိုအပ်တဲ့ ကျေးဇူးတောင်းခံစို့၊ကိုယ့်ရဲ့ ရှိနေတဲ့ အရာတွေပေါ်မှာဘဲenjoy ဖြစ်မနေဘဲ ယစ်မူးမနေဘဲထိုသူတို့ လိုအပ်ချက်ကို တွေ့နိူင်ဖို့မျက်စိဖွင့်ပေးရန် ဘုရားထံမှာ ဆုတောင်းကြစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့သြဝါဒကိုမျှဝေသည်။

gospel reflection