Pathein Catholic Diocese Untitled Document
Untitled Document
စွမ်းအားမဲ့ခြင်းအာဏာမဲ့ခြင်း

၂၆ ကြိမ် တနင်္လါနေ့

စက်တင်ဘာ ၂၆ ရက်။

ယောဘ၊ ၁ ၊ ၆ ၂၂။

လုကာ၊၉ ၊ ၄၆ ၅၀။

စွမ်းအားမဲ့ခြင်းအာဏာမဲ့ခြင်း

တစ်ပတ်လုံး ယောဘကျမ်း ဖတ်ရမှာ ဖြစ်လို့ အခြေခံ အချက်ကြည့်စို့။ယောဘ ချမ်းသာတယ်၊ပျော်ရွှင်တဲ့ မိသားစု ပိုင်တယ်၊ဖြောင့်မတ်တယ်၊ယုံကြည်ခြင်းပြည့်ဝတယ်။ဒုက္ခများစွာခံရလည်း၊ဇွဲရှိတယ်၊ခံနိူင်ရည်ရှိနေ တယ်၊ဘုရားအပေါ်ယုံကြည်တယ်။ယခင်က ယောဘဝတ္ထုရဲ့ အဓိကအကြောင်း main theme ၊ဇွဲရှိလွန်း တဲ့ယောဘ အဖြစ် သတ်မှတ်ခဲ့ပြီး၊နောက်ပိုင်း၊ယောဘဝတ္ထုရဲ့ အဓိကအချက်၊ဘုရားရဲ့မျက်မှောက်တော်၊ presence of God. လို့ပညာရှင်များမှတ်ချက်ပြုတယ်။အကြောင်းမှာယောဘက အသည်းအသန်ခံရသော်လည်း၊ အဖြေရှာမရသော်လည်း၊နားမလည်နိူင်တော့သော်လည်း၊ဘုရားရှိနေသေးတယ်၊ ဝေဒနါကို ဘုရားသိ နေတယ်၊ဘုရားမျက်မှောက်ပြုနေမျက်နှာ လွှဲမသွား၊ ကြားနေပါတယ်ဆိုတဲ့ ယုံကြည်ခြင်းဟာ၊ အနက်ရှိုင်းဆုံးနေရာမှာ တွယ်ကပ်နေတယ်။

ဆာလံမှာကြားသလို ဘုရားကြားတယ်၊ ဒီယုံကြည်ခြင်းက ယောဘမှာစွဲမြဲနေတယ်။ဘုရားရဲ့မျက်မှောက်တော်က အရာအားလုံး ပြောင်းလဲစေနိူင်တယ်၊ယောဘရဲ့ ဒုက္ခ ဝေဒနါ အားလုံးကိုလည်း အဓိပ္ပါယ်အသစ် အပြည့်အဝ ပြန်ပေးတယ်။ ယောဘဝတ္ထု အဓိကအချက်၊ presence of God. လို့ပညာရှင်တို့သတ်မှတ်ကြတယ်။ဒီနေ့ဖတ်ရတဲ့ ကျမ်းချက် ၁ ၊ ၆ မှ၂၂အဓိကပြောချင်တာ ဘုရားသခင်ပေးတယ် ဘုရားသခင် ပြန်ယူတယ်ကိုယ်တော်၏ နာမတော်အား ဘုန်းတော်ဂုဏ်တော် ရှိပါစေ။ယောဘကဘုရားကို ချီးမွမ်းထားတယ်။သူ့ပိုင်ဆိုင်မှုများ တစ်ခုပြီးတစ်ခု ဆုံးရှုံးအဖွဲ့လိုက် အုပ်စုလိုက်ဆုံး၊ ဘာမှမပြောနိူင်မီပင် သတင်းဆိုးတစ်ခုပြီးတစ်ခု ထပ်ကာဝင်၊ သားသမီးများဆုံးရှုံးတယ်၊ သူ့ရဲ့ ဝမ်းနည်းမှုကိုခန့်မှန်းမရအောင် ကြီးမားလည်း၊ယောဘ ပြောလာတာက၊ ဘုရားပေးတယ် ကိုယ်တော် ပြန်ယူတယ်နာမတော်အား ဘုန်းတော် ဂုဏ်တော်ရှိပါစေသောဝ်။

ငါ့ပစ္စည်း ကုန်ပြီမပြောပါ ငါ့သားသမီးတွေ ဆုံးပြီ မပြောပါငါအနှစ်နှစ် အလလ စုဆောင်းခဲ့တဲ့အရာတွေကုန်ပြီ မညည်းညူပါ၊ဒီအရာတွေကိုသူပိုင်တဲ့ အရာတွေလို့ မမြင် မမှတ်ယူဘဲ ဘုရား ပေးထားတဲ့အရာဘဲ မှတ်တယ်ဘုရားပြန်ယူသွားတယ်။ သူပိုင်တဲ့အရာမမှတ်ဘဲဘုရားပိုင်အရာများလို့ ယုံကြည်တယ် သူ့မှာဘာမှ ပြောပိုင်ခွင့် မရှိဘူး အခြေနေကို ဝန်ခံတယ်။သူ့သဘောထားမှာငါ ဆိုတာမရှိဘူးလူ့စွမ်းအားဖြင့် ရတာတွေမဟုတ်သူ့ကိုသူ့စွမ်းအားရှိတယ်မမှတ်ယူဘဲ၊ဘုရားရှင်သာ စွမ်းအားတန်ခိုးရှင်ပါလို့ဝန်ခံတယ်။အရာအားလုံး ဘုရားလက်တော်ကလာတယ်၊လို့ဝန်ခံတယ် ဒီလိုပြောနိူင်ခြင်း က ဘုရားကို ယုံကြည်ခြင်း ကြီးလို့ပါ ငါကိုယ်တိုင် ငါ့ရဲ့စွမ်းအားမရှိဘဲ ဝန်ခံတယ်။သူ့စွမ်းအားမရှိခြင်းကို ဝန်ခံခြင်းကပင် စွမ်းအားပြန်ရနေတယ်။

လုကာ ၉ ၊ ၄၆ ၅၀ တမန်တော်များရာထူးအဆင့်တန်း ပတ်သက်ပြီး၊သူတို့အထဲ ဘယ်သူအမြင့်ဆုံးဖြစ်လေမလဲ အချင်းချင်းငြင်းခုံနေကြ၊အပေါ်ကပ်ရက် ကျမ်းပိုဒ်လေးမှာသခင်က သူခံရမဲ့ ဒုက္ခအကြောင်းကြိုတင်ပြောခဲ့တယ်၊ တမန်တော်များဒီဒုက္ခကြောင်းဆွေးနွေးရမဲ့အစား၊သူတို့ရမဲ့ ရာထူး ဂုဏ် သိရ် အကြောင်းကိုဘဲ စိတ်စောနေ ကြတာတွေ့ရတယ်၊နှလုံးသားကထွက်လာတာမို့ နက်ရှိုင်းစွာ စွဲနေပုံရတယ်၊ သူတို့ကို သခင်ကသင်ကြား ပေးလိုတာ mission သာသနာ လုပ်ငန်း၊ ဒုက္ခ ဝေဒနါ sufferings ဖြစ်တယ် သူတို့ အာရုံရောက်နေတာက position နေရာ rank ရာထူးတွေဘဲ ဖြစ်နေတယ်။

သခင်က ကလေးတစ်ယောက်ကို အနားခေါ်ထားပြီးကွက်ကွက်ကွင်းထိထိမိ သင်ပြပါတယ်။မာကု ၉၊၃၅ မှာ ငယ်ရွယ်သူကဲ့သို့၊ မဿဲ ၁၈ ၊ ၃ ကလေးငယ်များကဲ့သို့၊ဖြစ်ကြပါ။ ပညာရှင်များက ရှင်လုကာမှာ သင် ပေးလိုတာက၊ powerlessness of a child. ကလေးတစ်ယောက်ရဲ့ ရာထူးမဲ့ခြင်း၊ စွမ်းအားမဲ့ခြင်းကို ညွှန်ပြနေတာဟုဆိုသည်။ကလေးမှာဘာရာထူးမရှိ၊စွမ်းအား လူကြီးလိုမရှိ၊ ရှင်လုကာ ပေးလိုတဲ့ သင်ခန်းစာဒါဘဲဖြစ်တယ်။

ကလေးက သူ့မှာ စွမ်းအားရှိတယ်၊ဘယ်တုန်းကမှ မခံယူပါ။ယောဘလိုစွမ်းအားတန်ခိုး ကိုယ်ပိုင်ရှိတယ်လို့ မခံယူ၊ရာထူးရာခံ မမျှော်၊ သခင်ကသူ့တပည့်တွေ၊ပေးလိုတဲ့ သင်ခန်းစာဒါဘဲဖြစ်တယ်။ စွမ်းအားတန်ခီုးမရှိခြင်း၊ powerlessnessကိုယ်ကိုယ်တိုင် ကိုယ့်စွမ်းအင်မရှိတာကိုညွှန်ပြနေခြင်း ဖြစ်တယ်၊ ကိုယ့်ကိုယ်တိုင်ဘဲသာဆိုရင် ဘာစွမ်းအားမှ မရှိပါ၊ဒီကလေးရဲ့ စွမ်းအား မရှိခြင်းကနေအဓိက အချက်ကို ဆရာသခင် သွန်သင်နေ ခြင်းဖြစ်တယ်။ ဒီကလေးကငါရရမဲ့အရာ၊ ငါရထိုက်တဲ့အရာ၊ငါ့ဟာ ငါ့ရာထူး ငါ့ possession မရှိ၊သခင်က ဘယ်သူ့ကိုဘဲခေါ်လိုစေ၊ခေါ်လို့ရတယ်၊ သူတို့ကိုဘဲ ခေါ်မှလို့ရယ်လည်းမဟုတ်ပါ၊ ငါ့ဆီမှာမင်းတို့ဘဲ ရှိတယ်မထင်လေနဲ့ ကြိုက်သလိုခေါ်လို့ရတယ် ဆိုတဲ့ သဘောကို သိစေခြင်းပါ။ ချက်ခြင်းလည်းအခြားသော တမန်တော်များကိုစေလွှတ်တာလည်းတွေ့ရပါတယ်။

ပြောချင်တာ အခြားစေလွှတ်ဖို့လူများ ရှိနေတာကိုသိစေခြင်းပါ။တပည့်တော်များမှာ ကိုယ်ပိုင် စွမ်းအား မရှိခြင်းကို ဦးစွာ ဝန်ခံခိုင်းခြင်းပါ၊ ပြီးမှ သူတို့ စွမ်းအားမရှိခြင်းကိုသူ့စွမ်းအားနဲ့ ဖြည့်ပေးဖို့သူ့ရည်ရွယ်ချက်ဒါဘဲ ဖြစ်တယ်၊ရှင်လုကာကျမ်းမယ်တော်ကိုကြည့်ပါ၊ ကိုယ့်စွမ်းအားရှိတယ်မမှတ်ယူ၊ယောဟန် ဘပ္ပတစ္စအတူတူဘဲ၊ စွမ်းအားရှိသူကဒီမှာလို့သခင့်ကို ပြညွှန်၊သံဇူဇယ် ထိုနည်းတူစွာ၊ဒါ့ကြောင့်တပည့်ကြီးတွေ လိုချင်တဲ့ ကြီးမြတ်မှုက သူတို့ဆီက ဆင်းလာတာမဟုတ်ဘူး ပြောလိုခြင်းပါ။

သူတို့ကို လွှတ်တဲ့ ပုဂ္ဂိုလ် ထံမှသာ၊ဘုရားထံမှသာလျှင်၊သူတို့ရဲ့ ကြီးမြတ်မှု ရရှိမယ်ဆိုတာညွှန်ပြတယ်၊ ပရောဖက် များကဲ့သို့ ငါ ဆိုတဲ့အရာမရှိဘဲ ဘုရားဆိုတဲ့ အရာ၊ ဘုရားဆီကလာတယ် ဆိုတဲ့အရာ၊ ယောဘကဲ့သို့ဘဲ ဖြစ်ရမယ်လို့ သခင်ပြောနေခြင်း ဖြစ်တယ်။တမန်တော်တွေကိုပရောဖက်တွေ ကဲ့သို့ အသိဝင်လာအောင် လုပ်နေခြင်း ဖြစ်တယ် Prophetic consciousness အသိဝင်လာမှ၊ ဝန်ခံမှသာ သူတို့ရဲ့စွမ်းအား မရှိမှုက စွမ်းအား ပြည့်မှုဖြစ်လာမှာပါ။ Powerlessness becomes power. သူတိုကို အကြီးအကဲ တာဝန်ခံ ပုံစံ အဖြစ် စေလွှတ်သည် မှန်ပေမဲ့ တာဝန်အောက်မှာဝန်ထုပ်အောက်မှာရှိနေပါကလား ဆိုတဲ့အသိပေးခြင်းဖြစ်ပါတယ်။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection