Pathein Catholic Diocese Untitled Document
Untitled Document
ဘုရား ရှိနေခြင်း

၂၆ ကြိမ် အင်္ဂါနေ့။

စက်တင်ဘာ ၂၇ ရက်။

ယောဘဝတ္ထု ၃ ၊ ၁ မှ၂၃

လုကာ၊ ၉ ၊ ၅၁ မှ ၅၆

ဘုရား ရှိနေခြင်း

ယောဘ ဒုက္ခ ကြီးမားလှသည်၊နှစ်ချက် ညည်းတွားတာ ဖတ်ရသည်မမွေးခဲ့ရင် ကောင်းမယ်၊ သေဖို့သာပိုကောင်းတော့တယ်၊ဒီနှစ်ချက်အကြားမှာ ဘုရား ရှိနေဘုရားကို မျက်မှောက် ပြုနေတယ်။ဘုရားချုပ်နှောင်တဲ့သင်္ချိုင်းတွင်းရှိသူတို့ရဲ့ အစုအဝေးထဲ ရောက်ဖို့ ပိုကောင်းမယ်၊ညည်းသံမှာ ဘုရား ဆိုတဲ့ ပုဂ္ဂိုလ်ဟာ၊သူ့ဘဝထဲမှာအခြေခံအဖြစ် ရှိနေတာကိုဖော်ပြတယ်။

သူ့မှာ မျှော်လင့်ချက်၊အားထားရတဲ့ အရာများ၊မရှိတော့ဘူး၊ သူ့ဘဝကိုဘဝအဖြစ် မြင်စရာ အကြောင်းမရှိတော့ဘူး၊သူမြင်နေတဲ့ တစ်ခု တည်း သောအရာက ဘုရားဘဲ ဖြစ်တယ်။ ဒီနေ့ခေတ်လူတို့ ပြင်းထန်ဒုက္ခ ခက်ခဲရင်ဆိုင်ကျော်လွှား ရုန်းကန် နေရချိန် ယောဘ ကတို့တွက်စံနမူနာ။ဘုရားရှိပါ​သေးတယ်ဆိုတဲ့၊ယုံကြည်ချက်က သူ့ဘဝကို သူ့ ဒုက္ခကို ကယ်တင် သွားတာ၊အရောင်ပြောင်းပေးတာ ဖြစ်ပါတယ်။ ဆင်းရဲ ဒုက္ခအလယ်၊ဘယ်လိုနေရမယ်၊စံနမူနာပြခဲ့တယ်၊ဒုက္ခ ဝေဒနါတွေကို ဆုတောင်းခြင်းအဖြစ် ပြောင်းလဲတဲ့ စံနမူနာဖြစ်ပြီး၊သခင် ခရစ်တော် တစ်နေ့ ကြုံတွေ့ဖြစ်ပျက် လာမဲ့ အပြစ်မရှိဘဲ ခံရသူရှေ့ပြေး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

သခင်ဂျေရုဇလင်မြို့သို့ကြွ ခရီးစဥ်အကြောင်း ဒီနေ့ လုကာ အခန်းကြီး၉ ကနေ အခန်းကြီး ၁၉ ထိသခင်အဓိက လုပ်မှာက ဒုက္ခ အခက်ခဲများအကြားမှာ ဘုရားရှိတယ်၊သေခြင်းမှာပင် ရှိနေတဲ့အချက် ပြဖို့ ဒီလမ်းကို သွားနေတယ်။ လုကာကျမ်းအစမှာပင်၊ မိုးကောင်းကင် တက်ကြွရန်နီးလာချိန်တွင် ဟုရေးတယ်၊သခင့် ကိုပင့်မြှောက်ဖို့ အချိန် နီးလာသောအခါ၊ ရေးထားတယ်။ ဆိုလိုတာကဒီလို အဖြစ်မျိုး ရှိနေငြားလည်း၊ ဒီအကြားမှာ ဘုရားရှိနေတာကိုသက်သေပြဖို့ ဖြစ်တယ်။ တကယ်လည်းပြခဲ့တယ်။ ယောဘ ဟာ ဒုက္ခများအလယ် မှာ ဘုရားရှိနေတာကို သူ့ရဲ့ယုံကြည်ခြင်းနဲ့ သက်သေပြခဲ့သလို၊သခင်ခရစ်တော်က ဒုက္ခအလယ်မှာဘုရားရှိကြောင်း သူ့ရဲ့ ချစ်ခြင်းနဲ့သူကိုယ်တိုင် နဲ့ဘဲ ပြသခဲ့တယ်။

ဒီအချိန်ကစပြီး၊ ခရစ်ယန်တို့ ဒုက္ခဝေဒနါ ကို နားလည်လက်ခံပုံခြင်းကွာခြားသွားပါတယ်၊ ယောဘ ကဲ့သို့ ခံထမ်းနိူင်လာကြတယ်၊ သခင်ပါနေဘုရားပါနေတာကို သိလာတယ်။သူတို့ ဒုက္ခဟာ ဒီနေ့ ကြားနာရတဲ့ဆာလံ လိုဘဲ ဘုရားရှေ့တော်သို့ငါရဲ့ ဆုတောင်း ရောက်ပါစေ၊ဆိုတဲ့ဆုတောင်းသံ မျိုးဖြစ်သွားတယ်။ကျွန်ပ်တို့ နားလည် ခံယူတဲ့ ဒုက္ခအဓိပ္ပါယ် ဖြစ်တယ်။ ဒုက္ခ ကြီးတယ်ပူလောင်တယ်၊ခက်ခဲပါတယ်၊ခံထမ်းရခက်တယ်၊ သို့သော် ဒီကြားထဲမှာဘုရားရှင် ကိုယ်တိုင်ပါနေတယ်၊ဆိုတာ ရှာဖွေဖို့တဖြည်းဖြည်း လေ့ကျင့်သင်ကြား ယူရမှာ ဖြစ်တယ်၊ ဂျေရုဇလင်မြို့ သွား ခရီးလမ်းက ဒါကိုသင်ကြားပေးခရီးလမ်းတစ်ခု ဖြစ်နေတယ်။ ကျွန်ပ်တို့ ဘဝနဲ့ ယှဥ်ပြီးဒုက္ခများကြား အလယ်မှာ အားလျော့သွားခြင်း၊မျှော်လင့်ချက်မဲ့သွားခြင်းမျိုး မဟုတ်ဘဲ၊ ဘုရားရှင် အမှန်ရှိနေတာ ယုံကြည်ပြီး ရှေးသူတော် သူမြတ် များကဲ့သို့ သခင်နှင့်အတူတူ ဘုရားကို ရှာတွေ့နိူင်ကြဘို့ကြိုးစားကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr. Florennce Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကို ဝေမျှပေးပါသည်။

gospel reflection