Pathein Catholic Diocese Untitled Document
Untitled Document
ဘုရားစင်စစ်၊လူစင်စစ်၊ပရောဖက်

စက်တင်ဘာလ ၂၈ ရက်။

၂၆ ကြိမ်မြောက် ဗုဒ္ဓဟူးနေ့။

ရှင်လုကာ ၉ ၊ ၅၇ မှ ၆၂

ဘုရားစင်စစ်၊လူစင်စစ်၊ပရောဖက်

ရှင်လုကာကျမ်းက သခင်ကို ပရောဖက် တစ်ပါး အဖြစ်လည်း၊သခင်နှင့် ပရောဖက် ဧလိယ ကိုယှဥ်တွဲ ဖော်ပြထားတယ်။ ဧလိယ နောက်ကို ဧလိရှဲ လိုက်ဖို့သုံးခါ တောင်းဆိုခဲ့တယ်။ ဒီနေ့ကျမ်းမှာ သခင့်နောက်တော်လိုက်ဖို့ လာရောက်တောင်းဆိုသည်များ ဖတ်ရ မြင်ရတယ်။ ဧလိယနောက်ကို မလိုက်ခင်ဧလိရှဲကသူ့မိဘများကို၊ ပြန်နူတ်ဆက်ဖို့ခွင့်တောင်းတယ်။ သခင်ခေါ်တဲ့ ပုဂ္ဂိုလ်လေးကလည်း သူ့ဖခင်ကို ပြန်သဂြိုပါရစေ ခွင့်တောင်းတယ်။

ကွာခြားချက်က ဧလိယက ခွင့်ပြုခဲ့ပြီး၊ သခင်က ခွင့်မပြုဘဲ၊ ပိုတင်းနေတာပါ။သခင်ပြောတာကသေသူတွေကို၊ သေသူများကသာ၊ သဂြိုပါစေတဲ့ ဆိုလိုသည်မှာ သခင်ခရစ်ကို ပရောဖက်တစ်ပါးအဖြစ်အသားပေး ဖော်ပြ ငြားလည်းပရောဖက် အားလုံးနဲ့မတူတဲ့၊ နိူင်းမရအောင်သာလွန်တဲ့အဖြစ်အပျက်တစ်ခုဖော်ပြတယ်။

ဧလိယ မပေးနိူင်တဲ့အချက်ကိုသခင်က ပေးမှာဖြစ်လို့၊ ဧလိယ တောင်းခံသည်ထက် ပိုမို တင်းကြပ်တဲ့ တောင်းခံမှုကို သခင်ကတောင်းခံလိုက်ခြင်း ဖြစ်တယ်။ အကြောင်းကသေလွန်ပြီး မိဘတွေကို သူ့ထံမှာ ပြန်တွေ့ရမှာဖြစ်လို့ပါ၊ပြန်ဆုံမှာဖြစ်လို့ သခင်က တင်းကြပ်တဲ့တောင်းဆိုမှုပြုလုပ်ခြင်းပါ။ ပရောဖက်တော့ဟုတ်တယ်၊ ပရောဖက်များကဲ့သို့ဘုရားရှင်ရဲ့စကားကို လူတို့ထံယူလာတာမှန်တယ်၊ လူတွေကို ဘုရားထံပြန်ပို့ဖို့ လုပ်တာ မှန်တယ်၊ ဝိညာဥ်တော်နဲ့ ပြည့်ဝတာ မှန်တယ်။

ပရောဖက်တွေထက် နှိုင်းမရအောင်များစွာသာလွန်ထူးခြားတဲ့ တန်ခိုးစွမ်းအား ရှိနေတဲ့ အချက်ကို ဒီနေ့ကျမ်းပိုဒ်မှာ ဖော်ပြထားခြင်းတွေ့ရပါတယ်။ ဒါ့ကြောင့် ပရောဖက်များမတောင်းနိူင်တာကို သခင်ကတောင်း ခြင်းဖြစ်တယ်၊ အကြောင်းကတော့ပရောဖက်များမပေးနိူင်တာ သခင်ကပြန်ပေးနိူင်လို့ ဖြစ်တယ်။

ပထမကျမ်းယောဘဝတ္ထု ၉၊ ၁ မှ ၁၂ယောဘ ဒုက္ခ များစွာခံရချိန်မှာမိတ်ဆွေ အနားနီးများထုံးတမ်းစဥ်လာ အယူဆများအတိုင်းမင်းအပြစ်လုပ်လို့ မင်းခံရတာလို့ ပြောကြ၊စွတ်စွဲကြတဲ့အခါ ယောဘ ကသူ့ကိုယ်ကို သိနေတယ် သြတပ္ပစိတ် ရှင်းစွာနဲ့ငါအပြစ်မလုပ်ဘူး ငါခံနေရတယ်လို့ကာကွယ်ချေပတယ်။သူဟာဖြောင့် မတ်တဲ့ပုဂ္ဂိုလ် အဖြစ်၊ပြောနေရချိန်ဖြစ်တယ်။

ယောဘဟာ ကိုယ်တိုင် ဖြောင့်မတ်သူ ဖြစ်ကြောင်း ပြောနေရလည်းတကယ်တန်း၊ဖြောင့်မတ်ဆုံးပုဂ္ဂိုလ်

ရှေ့လည်းရောက်ရော၊ သူ့ရဲ့ဖြောင့်မတ်ခြင်းက ဘာမှ မဟုတ်တော့ဘူးဆိုတဲ့ အချက်သူပြောပြနေတယ်။ ဘုရားရဲ့သာလွန်ခြင်း မြင့်မြတ်ခြင်းကို ဆက်ပြောပြတယ် တကယ်တန်းဘုရားရှေ့ရောက်ရင်ငါဟာ ဘာမှ မဟုတ်တော့ဘူး ငါ့အကြောင်းကိုငါ အကောင့် ပြန်ပေးစရာ မရှိတော့ဘူး ပြောနေတယ်။ ဒုက္ခအကြားမှာဒီလို ပုဂ္ဂိုလ်လည်း ရှိနေသေးတယ်၊လို့ သူ ညွှန်ပြတာ ဖြစ်တယ်။ ဒီကျမ်းပိုဒ် နှစ်ခု ဆက်စပ် မှတ်သားရပါရင်ကျွန်ပ်တို့ ဒုက္ခ သုက္ခ ရှိနေပါသော်လည်း တို့များထက် အဆပေါင်းများစွာ သာလွန်တဲ့ ပုဂ္ဂိုလ်ရှိနေသေးတယ် မှတ်ယူ ခြင်းဖြင့်အားယူကြရမှာ တစ်ချက်နောက်တစ်ချက်က ယုံကြည်ခြင်းခရီးလမ်း လျှောက်လှမ်းချိန်မှာဘုရားဖက်က တောင်းဆိုမှုတွေများလိုက်တာ ကြပ်လိုက်တာလို့တွေးထင်မိကောင်းတယ်။ ဒီချိန်မှာမှတ်ယူရမှာက အဆပေါင်း များစွာပြန်ပေးပိုင် ပြန်ပေးနိူင် ပြန်ပေးမှာဖြစ်လို့ ဒီလို တောင်းဆိုရတာကို နားလည်လက်ခံပြီး သခင့်နောက်တော် လက်လက် လိုက်ပါကြစို့။

ခွန်အား အသက်၊ ရစေ။ အသီးကောင်း သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ထောက်ရှုချက်ကို မျှဝေသည်။

gospel reflection