Pathein Catholic Diocese Untitled Document
Untitled Document
သိကြားတမန်များကဲ့သို့

၂၆ ကြိမ် ကြာသပတေးနေ့

စက်တင်ဘာလ ၂၉ ရက်။

သိကြားတမန်များကဲ့သို့

ယုံကြည်ခြင်းက၊ ပျော်ရွှင်ခြင်းကိုပေးတယ်၊ ဘုရားမရှိတဲ့လောက၊ကြောက်ရွံ့ ထိတ်လန့် ၊အရာရာတိုင်းငြီးငွေ့စရာဖြစ်တယ်ကျေနပ်နှစ်သိမ့်ဖွယ်မဖြစ်ပါ။ ဒီနေ့ခေတ်ကာလ မှာဘုရားမဲ့လာနေတဲ့ လောကကြီးဟာ၊သူ့ကိုယ်ကို ပြန်ပြီး ဝါးမြိုလာနေတာတွေ့ရတယ်၊ လုံးဝ ပျော်ရွှင်စရာမဲ့တဲ့လောကကြီးကို တွေ့လာနေရတယ်။

မျှော်လင့်စရာ တစ်ချက်က၊ကြီးမားတဲ့ ချစ်ခြင်းမေတ္တာ ရှိနေပါတယ်။ဆိုတဲ့ အချက် ဖြစ်နေပြီး ယင်းကဘဲပျော်ရွှင်ဝမ်းမြောက်ခြင်း ပေါ်ထွက်လာစေပါတယ်။ ဒီအချက်က ကျွန်ပ်တို့ ယုံကြည်ခြင်းရဲ့ အခြေခံ အကျဆုံးသော အရေးအကြီးဆုံးသောသတင်းစကားဖြစ်တယ်။တို့များတစ်ယောက်စီ ခိုင်မြဲတဲ့၊မသွေဖည်တဲ့ ချစ်ခြင်းနဲ့ အချစ်ခံနေကြရတဲ့ပုဂ္ဂိုလ်များသာလျှင် ဖြစ်ပါတယ်။ဒီအချက်ကအားနည်းသူ၊ဒုက္ခရောက် သူများအကြားမှာခရစ်ယန်အယူဝါဒဘာကြောင့် အများဆုံး ပြန့်နှံ့ရသလဲဆိုတာကို ရှင်းပြပေးနေတယ်။

မပျော်ရွှင် ဒုက္ခရောက် စိုးရိမ်ထိတ်လန့်နေသူတွေ အကြား ဒီအချက်ကစိတ် ပြေငြိမ်း နှစ်သိမ့်မှု ပေးလို့သာဘဲ ဖြစ်ပါတယ်။ ခရစ်ယန် အယူဝါဒအခြေခံက ပျော်ရွှင်ခြင်း ဖြစ်တယ်ဆိုတာ ဒီအချက်က အထူးပြုဖော်ပြ နေတယ်။ ခရစ်ယန် ယုံကြည်ချက်အခြေခံက ပျော်ရွှင်ခြင်းစစ်စစ် ဖြစ်တယ်၊ဒီပျော်ရွှင်ခြင်းက ဒုက္ခ ခက်ခဲတဲ့ဘဝနဲ့ အတူတွဲနေနိူင်တဲ့ ပျော်ရွှင်ခြင်းပါ၊ အဲဒီလို ပျော်ရွှင်ခြင်းမျိုးပိုင်ဆိုင် လာပြီဆိုလျှင် အသက်တာကို နေပျော်လာပါမယ်။ယုံကြည်ခြင်းက နေပျော်စရာ ဘဝသက်တာကိုလုပ်လိုက်ပါတယ်။

ယုံကြည်ခြင်းက ကျွန်ပ်တို့စိတ်နှလုံးပေါ့ပါးရွှင်လန်း တက်ကြွစေတယ်။ယုံကြည်ခြင်း ရှိပြီဆိုရင်၊  သိကြားတမန်တော်များကဲ့သို့ ဖြစ်လာတယ်။ To believe means that we become like angels. ရဟန်းမင်းကြီး ဘေနေဒစ် ၁၆ ကယုံကြည်လာပြီဆိုရင် သိကြားတမန်များလိုဖြစ်လာပြီ၊သူတို့လို  ပျံသန်းလာနိူင်ပြီ၊အကြောင်းက ကျွန်ပ်တို့ကိုယ်ကို ပြန်ဆွဲချနေတဲ့၊လေးလံတဲ့ကိုယ့်ရဲ့ အတ္တတွေကနေ လွတ်သွားလို့ ဖြစ်ပါတယ်။

ယုံကြည်သူတစ်ဦးဖြစ်လာပြီဆိုလျှင်ပေါ့ပါးလန်းဆန်းသူတစ်ဦးလည်းဖြစ်လာတယ်။ကျွန်ပ်တို့ ကိုယ့်ကိုယ်ကို အောက်ဆွဲချနေတဲ့ အရာများကနေ လွတ်မြောက်ပြီး၊ယုံကြည်ခြင်းရဲ့ပေါ့ပါး လန်းဆန်းမှုကို ပိုင်ဆိုင် သွား လို့ဘဲဖြစ်တယ်။တနည်းပြောရပါရင်ယုံကြည်ခြင်း ကြောင့်ဖြစ်လာမဲ့၊ဆွဲအားမဲ့၊ နယ်ပယ်ထဲကိုခြေနင်း ဝင်ရောက် လာနိူင်ပြီဘဲ ဖြစ်တယ်။

သိကြားတမန်တော်များကဲ့သို့ ဖြစ်လိုပါရင်၊ ယုံကြည်ခြင်း ရှိဖို့ လိုတယ်၊ယုံကြည်ခြင်းတိုးပွားအောင် ဆုတောင်းဖို့ လိုပါတယ်။ ယုံကြည်တဲ့ အရာကလည်း၊ ယုံကြည်သင့်ယုံကြည်ထိုက် ယုံကြည်ရာ အချက်ဖြစ်တာကို၊ သိထားဖို့ လက်ခံဖို့ အရေးကြီးပါတယ်။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ထောက်ရှချက်ကိုမျှဝေသည်။

gospel reflection