Pathein Catholic Diocese Untitled Document
Untitled Document
ကိုယ်နှင့်နီးစပ်တဲ့သူ။

၂၇ ကြိမ် တနင်္လါနေ့၊

အောက်တိုဘာ ၃ ရက်။

ရှင်လုကာ ၁၀ ၊ ၂၅ မှ ၃၃။

ကိုယ်နှင့်နီးစပ်တဲ့သူ။

အမှန်တကယ် လိုအပ်ချိန်မှာစိတ်စေတနာ အပြည့်နဲ့ တတ်နိူင်သလောက် ကူညီသူ၊ တနည်းလည်း ကိုယ့်ရဲ့အကူအညီကိုလိုအပ်နေတဲ့လူမှန်သမျှ၊ ကိုယ်နှင့်နီးစပ်သူတွေဘဲဖြစ်တယ်။လူတို့အချင်းချင်း၊ အထူးသဖြင့် လူမျိုးတူ အချင်းချင်း ကူညီပေးဖို့ပညတ်ချက်များရှိတယ်၊ ဂျူးလူမျိုးများမှာလည်း ရှိတယ်။ဒီပုံဥပမာမှာသခင် သွန်သင်တာက၊ သူတို့အချင်းချင်း မကူညီနိူင်ကြပါဘဲ၊ဂျူးမဟုတ်တဲ့ ဆမာရိတန်က ကူညီပေးသွားတာတွေ့ရတယ်။

ဒီဆမာရိတန်မှာ ဂျူးကိုကူညီပေးရမဲ့ပညတ်ချက် မရှိပါ၊သူ့နှလုံးသားက၊ပွင့်ဟကာသနားပြီးဝင်ကူလိုက်ခြင်း ဖြစ်တယ်သူ့အပေါ်ကျရောက်လာနိူင်မဲ့ အန္တရာယ်ကို မမှု၊ ဘယ်သူကငါနဲ့နီးစပ်သူလဲ မေးနေဖို့လည်းအချိန်မရဒီမေးခွန်းက ကိုယ်နဲ့ဘဲ ဆိုင်တယ်၊ငါဟာ ဒုက္ခ ရောက်နေသူတို့အတွက်နီးစပ်သူ ဖြစ်ရမယ်။ဆမာရိတန်ဟာလူမျိုးခြားဖြစ်ပေမဲ့နီးစပ်သူ ဖြစ်လာတယ်။

ဒုက္ခ ရောက်နေသူနှင့် နီးစပ်သူဖြစ်ဖို့သခင်က သင်ပြပေးနေတယ်။ဘယ်သူက နီးစပ်သူလဲ မေးခွန်းရဲ့ အဖြေက ကျွန်ပ်တို့မှာဘဲ ရှိနေတယ်။ဘယ်သူ့ကိုကူညီရမလဲ၊ ဘယ်သူက နီးစပ်သူဖြစ်သလဲ၊ကျွန်ပ်တို့သည်ချစ်ခြင်း မေတ္တာရှိသူတဦး ဖြစ်ရပါမယ်၊နှလုံးသားကလည်းဒုက္ခရောက်နေသူတွက်အမြဲ ဖွင့်ဟထားရမယ်။ အဲလိုဖြစ် လာပြီဆိုရင် ကိုယ့်နဲ့ နီးစပ်သူကိုတွေ့မြင်လာမယ်၊ သူ့ဖက်ကလည်းကိုယ့်ကို့ သူ့ရဲ့ နီးစပ်သူ အဖြစ် တွေ့မြင်လာမယ်။

ဒီပုံဥပမာထဲက ထားပြလက်တွင်းကျရိုက်ပုတ် ခံရသူကအာဒံကို ကိုယ်စားပြုတယ်လို့ဆိုတယ်။ ကျွန်ပ်တို့တဦး စီကိုယ်လည်း ကိုယ်စားပြုတယ်လို့အသင်းတော်၏ဖခင်ကြီးများကဆိုတယ်။ ကျွန်ပ်တို့ ကနေရမဲ့နေရာမှာမနေဘဲ နိမ့်ရာ အရပ်ဆီသို့ ဆင်းလာကြလို့ပါ၊ ဂျေရုဇလင်မြို့ဟာပင်လယ်ရေ မျက်နှာပြင်ထက်ပေနှစ်ထောင့်ငါးရာကျော်မြင့်ပြီး၊ဂျေရိခို မြို့က ပင်လယ်ရေမျက်နှာပြင်အောက်ပေ ခုနှစ်ရာလောက်မှာတည်နေတယ်။ ကျွန်ပ်တို့တယောက်စီကဘုရားထားရာမနေဘဲ နတ်ဆိုးနဲ့အပြစ်ရဲ့ လက်အောက်ကျရောက်ကာ ပိုင်ဆိုင်သမျှ ဂုဏ်သိက္ခာ၊ချွတ်ခွာ လုယူခံရပြီး၊ဒဏ်ရာဒဏ်ချက်များဖြင့် သေရအံ့ဆဲဆဲ၊ ဖြစ်နေတယ်လူ့ဂုဏ်၊ဘုရားသားသမီးဂုဏ်သိက္ခာလုယူခံရ ပျောက်ဆုံး ရပြီ၊ တိုက်ခိုက်ခံရသူဟာ လူသားတဦးစီကို၊ကိုယ်စားပြုတယ်ဆိုရင်၊ လာရောက်ကူမ ကယ်တင်သူ ဆမာရိတန်က၊သခင်ခရစ်တော်ဘဲ ဖြစ်ပါတယ်။

ဘုရားကိုယ်တိုင်က ကျွန်ပ်တို့နှင့်ဝေးလှပါသော်လည်း ကျွန်ပ်တို့ လူသားများနှင့်အမျိုးတူ မဟုတ်သော်လည်း ဒဏ်ရာနှင့်ပြည့်နေတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ရောက်ရှိလာခြင်းဖြစ်တယ်။ သူ့မှာ ကူညီဖို့ ပညတ်၊တာဝန် ဝတ္တရား မရှိငြား၊ ချစ်ခြင်းမေတ္တာ သက်သက်နဲ့ လာရောက်ကူညီ ကယ်တင်ခြင်း ဖြစ်ပါတယ်။ဘုရားကိုယ်တိုင် လူ့အဖြစ်ကိုယူပြီး၊ဒုက္ခရောက်နေသူအတွက် နီးစပ်သူဖြစ်လာသလို၊ သူ့ကိုယ်ကိုယ် နီးစပ်သူ ဖြစ်အောင် လုပ်သလိုမျိုး ကျွန်ပ်တို့လည်း အချင်းချင်း နီးစပ်သောသူများဖြစ်ဖို့ ပိုပြီးတာဝန်ကြီးလာပါတယ်၊ ပုံဥပမာပါဇာတ်ကောင်နှစ်ဦးလုံးက ကျွန်ပ်တို့ တဦးစီကို ရည်ညွှန်းနေတယ် ၊ လူသားတဦးစီ၊ချစ်ခြင်းမေတ္တာကနေ ဝေးကွာနေရတယ်၊ဒဏ်ရာတွေ ရနေတယ်၊ ကိုယ်တိုင်ရုန်းမထနိူင် ဖြစ်နေရတယ်၊ ဦးစွာကုသခံရဖို့ လိုအပ်နေတာကို၊ဝန်ခံရမှာ ဖြစ်တယ်၊ဘုရားလက်ဆောင်တော်နဲ့ ပြည့်ဝဖို့ လိုအပ်တယ်ဆိုတာဝန်ခံကြရမယ်ကိုယ်ကိုယ်တိုင်မလုပ်နိူင်၊ မထ နိူင်ချိန်မှာ သူလာပြီးကူမကယ်တင်တဲ့ အချက်ကို ဝန်ခံလိုက်ခြင်းက၊ ယုံကြည်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်၊ ဒါကိုတကယ်လုပ်ဆောင်ပြီဆိုရင် ကျွန်ပ်တို့လည်း ကျွန်ပ်တို့ကိုယ်ကို အရင် ချစ်လာတော်မူသောဘုရားရှင်ကဲ့သို့နီးစပ်သူများ ဖြစ်လာ

နိူင်ကြပါတယ်။

ပထမ ကျမ်းမှာ ရှင်ပေါလု ပြောတာ၊ဒါဘဲ ဖြစ်တယ်၊ သူဟောတဲ့ဧဝံဂေလိ ကျမ်းဟာသူ့ထံမှာ အခြေမခံ၊ အရင်းအမြစ်က သခင်ခရစ်တော်ထံမှာဘဲဖြစ်တယ်၊ ဒီနေ့ ကြားရတဲ့ ကျမ်းဟာအချုပ်လိုဘဲ ကယ်ဖို့ ခံရမဲ့ လူတွေထံသူလာပြီး ကယ်နေခြင်းဖြစ်ပါတယ်။ဧဝံဂေလိ ကျမ်းအချုပ်ကလည်းဒါဘဲဖြစ်တယ်ပြောရမယ်။ ဒါ့ကြောင့်ကျွန်ပ်တို့  ပထမ ဦးစွာ သူလာပြီးကျွန်ပ်တို့အတွက် နီးစပ်သူ ဖြစ်တာသတိရရမှာဖြစ်သလို တဆက်တည်းမှာပင် ကိုယ်တိုင်ကလည်း ကျွန်ပ်တို့အမျိုးတူ ဖြစ်တဲ့ လူသားများတွက်နီးစပ်သူ ဖြစ်ရမယ်သင်ခန်းစာရဖို့လိုအပ်လာပါပြီ။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

 Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒကိုမျှဝေသည်)

gospel reflection