Pathein Catholic Diocese Untitled Document
Untitled Document
ရှင်လုကာ ကျမ်းက လူမှုကူညီရေး

၂၇ ကြိမ် အင်္ဂါနေ့၊

အောက်တိုဘာ ၄ ရက်။

ရှင်လုကာ ၁၀၊ ၃၈ မှ ၄၂။

ရှင်လုကာ ကျမ်းက လူမှုကူညီရေး

လုပ်ငန်းများဖက် အလေးပေးရေးတာတွေ့ရပါတယ်။ဧည့်ဝတ်ပြုခြင်းအလုပ်ကကောင်းတယ်၊လုပ်ဖို့လည်း အားပေးတယ်၊အဲတာထက်ပိုကောင်းတာလည်း ရှိနေသေးတယ်လို့ ညွှန်ပြသင်ပြပြီးအဆင့်တစ်ခုသို့ မြှင့်တင် ပေးလိုက်ခြင်း ဖြစ်တယ်။ မာသ နှင့် မာရိ တို့အိမ်သို့၊သခင်ကြွလာသည်။မာရိက ဆရာသခင်ခြေတော်ရင်းမှာထိုင်တယ်၊ဒါဟာ ဆရာသခင်ရဲ့သြဇာအာဏာရှိမှု၊ ဘုန်တန်ခိုးတော်ကြီးမားမှုကို သိမှတ်ဝန်ခံတဲ့ ပုံစံအနေထားဖြစ်တယ်၊ဆရာသခင်ရဲ့နူတ်ကပတ်တော်ကို နာယူမှတ်သားလက်ခံတယ်၊ ရှင်လုကာကျမ်းမှာဖော်ပြချက်များကြည့်ပြီး မာရိရဲ့နားထောင် နာယူမှုက၊ ပရောဖက်အားဖြင့်လာသောဘုရားနူတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ နှလုံးသားနဲ့ ၊ ဘဝအသိနဲ့နားထောင်ခြင်းမျိုး၊ ပုံစံကိုဖော်ပြနေတယ်။နှလုံးသားဖြင့် သိမ်းကြုံး နားထောင်တယ်ဘုရားမျက်မှောက်တော် တည်ရှိနေခြင်း၊ ဘုရားရဲ့ ဝင်ရောက်လာခြင်း visit ကို ကြိုဆိုတယ်၊သူ့ရဲ့တည်ရှိနေခြင်းကို သာယာပျော်မွေ့တယ်။

အကြီးဖြစ်တဲ့ မာသ က တည်ခင်းဧည့်ခံဖို့ ပြင်ဆင်သည်။ဧည့်ဝတ်ကျေပွန် နိူင်ဖို့ စိတ်စောနေသည်။ ဧည့်ဝတ်ပြုမှုက အရေးပါသည်။ဂျူးတို့ ဓလေ့ ထုံးတမ်းမှာလည်းအရေးကြီးတဲ့ကျင့်ဝတ် တပါးဖြစ်တယ်၊မာသ က စိတ်ပူတယ်၊လုပ်ငန်းစီမံ ခန့်ခွဲမှုက၊ဖြစ်လာတဲ့၊စိုးရိမ်မှုကရှောင်မရပါ၊အကောင်းဆုံးဧည့်ဝတ်ပြုနိူင်ဖို့ ၊အထူးဧည့်သည်ဖြစ်လို့၊မပီပြင်မှာစိုးရိမ်တာ၊နားလည်တယ်၊အပြစ်မဆိုပါ၊ဒါပေမဲ့ လုပ်ငန်းပေါ်မှာအာရုံနှစ်ပြီး စိတ်စောကာ၊ ငါ ဆိုတဲ့အပေါ် အာရုံ ပိုရောက်ခြင်း၊ ကျွန်မတစ်ဦးတည်း ဧည့်ခံခြင်းအမှုဆောင်ရွက်ရန် ပစ်ထားသည်ကို ကိုယ်တော်သတိမမူမိသလော၊ ဆိုပြီး သခင်ကိုအပြစ်တင်လေသံဆိုမေးခဲ့တယ်။ရှင်မာကု ၄၊ ၃၈ ပါ တမန်တော်များမုန်တိုင်းထန် လှိုင်းကြီးချိန် လှေပေါ်ကျိန်းစက်နေတဲ့ သခင်ကို ရေနစ်မှာမသိလေသလား အပြစ်ဆိုပုံလေသံတူဖြစ်နေသည်။ ကိုယ့်အလုပ်ပြီးဖို့ကိုယ့်တာဝန် ကျေပွန်ဖို့၊ ပိုပြီး အာရုံရောက်နေတယ်၊မာသရဲ့ အလုပ်ကကောင်းပါတယ်၊အဲဒီအလုပ်ထက်ပိုကောင်းတဲ့ နောက်တဆင့်သို့ဆွဲတင်ပေးလိုက်ပါတယ်။

ကျွန်ပ်တို့ပြန်စဥ်းစားကြည့်ပါက၊မိမိအလုပ်ပြီးဖို့၊ ကိုယ့်တာဝန်ကျေဖို့အတွက် ကိုယ်ပိုပြီး အာရုံရောက်ကြ တယ်၊ညီအစ်မ နှစ်ဦးရဲ့ကွာခြားချက်မြင်ရတယ်၊ သခင်က ယှဥ်ပြတယ်။မာသ လုပ်ရပ် မကောင်းဘူ မပြောပါပိုကောင်းတာရှိနေတယ်၊ပိုကောင်းတဲ့အရာ ရှိနေတာပြောခြင်းဖြစ်တယ်။မာရိ ကဲ့သို့ ရွေးခြယ်ဖို့လိုတယ်။ပထမ ကျမ်းမှာလည်း ဒီလိုပါဘဲ၊ရှင်ပေါလုရဲ့ ဘဝ အပိုင်းအခြားအဓိက နှစ်ခု တွေ့ရတယ်။ရွေးခြယ်မှု နှစ်ခုအနက် သူရွေးခြယ်လိုက်တဲ့ဘဝကို မြင်တွေ့ရတယ်။ရှင်ပေါလုရဲ့

ဘဝ ပထမပိုင်းအခြေအနေက၊သူတို့လူမျိုး ၊ ဖရိရှဲ တို့ရဲ့ ထုံးတမ်းစဥ်လာလိုက်နာ ကျင့်ကြံအားကြီးကာ၊သခင့်သာသနာတော်မတွေ့ ဘုရားပျောက်ကာ၊ သခင့်ရဲ့ သာသနာကို လိုက်လံ နှိပ်စက် ဖျက်ဆီးခဲ့သူ ဖြစ်ခဲ့တဲ့ အခြေ အနေပါ။သူ့ဘဝ ဒုတိယပိုင်းရောက်တော့ ပိုကောင်းတာကို တွေ့ရှိရွေးခြယ် ရရှိလိုက်ပြီး၊သခင့်ရဲ့သာသနာတော်အတွက် ညဥ်းပန်းနှိပ်စက်ခံ၊ အသက်ပါပေးတဲ့သူဖြစ်ခဲ့တယ်။ တသက်လုံးအကောင်းဆုံးပါလို့ တွေ့မြင် ကျင့်သုံးခဲ့တဲ့စံ တန်ဖိုးထက် ပိုမို သာလွန်ကောင်းမွန်တန်ဖိုးကြီးတာကိုတွေ့ရှိ ရွေးခြယ်လိုက်ခြင်း ဖြစ်တယ်။

ဘိုးဘေး အစဥ်အလာ၊အစဥ်ဆက်အကောင်းဆုံးအရာအဖြစ် သတ်မှတ်၊ထိန်းသိမ်း စောင့်ရှောက် ခဲ့တဲ့အရာ၊ကနေ၊ ပိုကောာင်းတဲ့ အရာကိုတွေ့သိရွေးခြယ် လိုက်တယ်၊ သခင်ခရစ်နောက်လိုက်ခြင်း၊ ဒါ့အတွက် မင်းတို့လည်း အံ့သြမှာမဟုတ် လို့ ပေါလုပြောတယ်။မာသ၊မာရိ ညီအစ်မတို့ အဖြစ်ပျက်၊ရှင်ပေါလု အဖြစ်အပျက် ကျွန်ပ်တို့ကြားသိကြပြီးနောက်၊ ကျွန်တို့ဘဝသက်တာ၊နေ့စဥ်ဆောင်ရွက်ဖွယ်၊စားဝတ်နေရေး ကိစွများတွက် လူအား၊ စိတ်အကြံဥာဏ်အား၊အရင်းအနှီး အားဖြင့် အားစိုက် ရွက်ဆောင်ကြရင်း၊ ဒါပေါ်မှာဘဲအာရုံစိုက်မှုထက်သန် အဆုံးသတ် မဟုတ်ရဘဲပိုကောင်းတဲ့အရာတွေကို မလွတ်သွားဖို့ လိုတာသိရမယ်။စိတ်အာရုံအလုံးစုံက ဒီအပေါ်မှာဘဲ စူးစိုက်နေမိရင် ဘုရားကို မမြင် မေ့ပျောက်တတ်တယ်၊ အမြဲဝင်လာနေတဲ့ဘုရားကို ကြိုဆို လက်ခံမှု၊ အမြဲဘဲဘုရားကို မျက်မှောက်ပြုမှု မေ့သွားတတ်ပါတယ်။

ဒီကနေ့ ကျမ်းပိုဒ်က ဒီလိုမဖြစ်ရစေဖို့ သတိပေးနေတယ်။နေ့စဥ်သက်တာတွက် ရုန်းကန် လှုပ်ရှားမှုများမှာမာသ ကဲ့သို့ အစွမ်းကုန် လှုပ်ရှားကြရမှာ မှန်တယ်၊ နူတ်ကပတ်တော်လက်ခံမှု အပိုင်းမှာ ကျွန်ပ်တို့ ဘဝအတွင်း ရောက်ရှိလာ တည်ရှိနေမှုကိုလည်း ပျော်ရွှင် သာယာမွေ့လျော်တဲ့ မာရိ ကဲ့သို့လည်း ပြုမူရမယ်။ဒီကနေ့ ပွဲနေ့ ကျင်းပတဲ့ ရဟန္တာကြီးရှင်ဖရန်စစ်အစီစီ ကလည်း၊ သူ့ဘဝမှာ ပိုကောင်းတာကို ရွေးခြယ်ပြခဲ့ပါတယ်၊ဘဝနဲ့ သက်သေပြခဲ့တယ်။အမှန်တကယ် အရေးပါတာက ဘာလဲဆိုတာ ပြခဲ့တယ်။ဒါ့ကြောင့်ကျွန်ပ်တို့ ပိုကောင်းတဲ့အရာ၊ရွေးခြယ်နိူင်ဖို့အတွက်၊စိတ်အားဝိညာဥ်အား၊ ဘုရားသခင်ထံ၊မှာတောင်းခံကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒကိုမျှဝေသည်။

gospel reflection