Pathein Catholic Diocese Untitled Document
Untitled Document
သခင့်ရဲ့ ဆုတောင်းမေတ္တာ။

၂၇ ကြိမ် ဗုဒ္ဓဟူးနေ့

အောက်တိုဘာ ၅ ရက်။

ရှင်လုကာ ၁၁ ၊ ၁ မှ ၄ ။

သခင့်ရဲ့ ဆုတောင်းမေတ္တာ။

ဆုတောင်းခြင်းက၊ရှင်လုကာရဲ့အနှစ်သက်ဆုံးထဲက ၊တစ်ခုဖြစ်ပါတယ်။ ပိုပြီးအသားပေးဖော်ပြတယ် ဒီနေ့ကျမ်းပိုဒ်မှာ သခင်ဆုတောင်း နေရာ၊တမန်တော်များရောက်လာပြီးဆုတောင်းသင်ပေးပါတောင်းခံတယ် သခင့်အစေခံလုပ်ငန်းတစ်လျှောက်ဆုတောင်းခြင်းစဥ်ဆက်မပြတ်တွေ့ရတယ်၊ ဘယ်လိုဆုတောင်းရမလဲ သင်ပေးတယ်၊နောက်လိုက်တပည့်များကို ဆုတောင်းတတ်ရန် သင်ပေးတယ်၊ရိုးရိုးသင်ကြားခြင်းမဟုတ်ဘဲ သခင့်ရဲ့ သား နေရာကို ပေးခြင်းဖြစ်ပြီး၊ခမည်းတော်နှင့်သားတော်ကြားဆက်သွယ်ထဲ၊နေရာပေးဝင်ရောက် စေခြင်း၊ထာဝရအသက်နယ်ပယ်ထဲခြေချလိုက်စေခြင်း၊ဖြစ်တယ်။

ရှင်လုကာ ကျမ်းက ဆုတောင်းခြင်းရဲ့ တောက်ပတဲ့နမူနာတွေပြသလျက်ရှိတယ်။မယ်တော်၏ဆုတောင်းခြင်း ဧလိဇဘက်ဆုတောင်း၊တမန်တော်ဝတ္ထု စစခြင်းဆုတောင်းခြင်းနဲ့ သာသနာ တော်စတင်တာတွေ့ရ၊ ဆုတောင်းခြင်းဟာ သာသနာတော်ရဲ့မရှိမဖြစ်၊ အုတ်မြစ် အချက်ဖြစ်တယ်။

ဒီနေ့ ကျမ်းပိုဒ်မှာတော့၊ ဆုတောင်းခြင်းရဲ့အခင်းအကျင်းမှာ၊ သူ့ကိုယ်သူ ဘယ်လို ပုဂ္ဂိုလ်ဆိုတာ၊ သခင် ပြသလာတယ်။ သူဟာ သားတော်ဖြစ်ပြီး ခမည်းတော်နဲ့ လုံးဝ အဆက်သွယ်မပြတ်၊ သေခြင်းမှာပင်အဆက် သွယ်မပြတ်ခဲ့၊ ဆုတောင်းခြင်းကိုအခြေခံပြီး သူက ဘယ်လို ပုဂ္ဂိုလ်ဖြစ်ကြောင်းပြသနေခြင်းဖြစ်တယ်။ ဆုတောင်းခြင်းက သူ့ကို ပိုသိစေတဲ့နေရာဖြစ်တယ်၊ ယုံကြည်သူနောက်လိုက်များဘဝ၊အနှစ်သာရကိုလည်း ဆုတောင်းခြင်းဖြင့် ဖွင့်လှစ်ပြသပေးတယ်၊ငါတို့ကခမည်းတော်နဲ့အဆက်သွယ်ရှိကြသူများပါလား၊ဘဝမှာဒီလို အခက်ခဲတွေ ရှိပေမဲ့ ဘုရားကိုယ်တိုင်နဲ့ ဖခင်ကဲ့သို့ ဖခင်အဖြစ်ဆက်သွယ်နိူင်သူပါလားဆိုတာကိုတွေ့လာရတယ်၊ ယုံကြည်သူများအတွက် ဘဝဆိုတာရဲ့ အဓိပ္ပါယ် ဒီပုဂ္ဂိုလ်ဟာ ဘုရားနဲ့ ဘယ်လိုဆက်သွယ်ပြုနေလဲပေါ်မူတည်ပြီး ဘဝကိုအဓိပ္ပါယ် ဖွင့်တယ်။

လူတစ်ဦးဟာ ဘုရားနဲ့ ပိုပြီးဆက်မိလေ ဘဝအဓိပ္ပါယ်ပိုတွေ့လေ ဖြစ်ပါတယ်၊ ဆုတောင်းတဲ့သူ ဆိုတာဟာဒုက္ခ အခက်ခဲ အကြားမှာပင် ဘဝရဲ့ အနှစ်သာရကို တွေ့ရှိ နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ သူ့ရဲ့ ဆုတောင်းခြင်းကနေ သူ့ရဲ့ ဘဝ အဓိပ္ပါယ် အစဥ်အမြဲပေါ်ထွက်နေတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။အမှန်တကယ် ဆုတောင်းပြီ ဆိုပါရင်ဘဝအဓိပ္ပါယ်၊ ရှာဖွေ တွေ့ရှိပိုင်ဆိုင်သူ ဖြစ်တယ်။

ပုဂ္ဂိုလ် တစ်ဦး ဘယ်လောက်ထိ ဆုတောင်းတယ် ဆုမတောင်းဘူးကိုနူတ်က ဖွင့်ဟ ပြောပြရန် မလိုဘဲသူ့ရဲ့ ဘဝ နေထိုင် အသက်ရှင် ပုံကဖွင့်ပြလျက် ရှိတယ်ဆိုတာကို ကျွန်ပ်တို့သိရပါတယ်၊ ဒါကြောင့် ဘုရားနဲ့အဆက်သွယ်ပြုခြင်းဟာ ဘဝရဲ့အဓိပ္ပါယ်ကို သတ်မှတ်ပေးတဲ့အရာအဖြစ် မှတ်ယူရပါတယ်၊ တနည်းပြောရလျှင် ဆုတောင်းခြင်းက ကျွန်ပ်တို့ရဲ့ ဘဝကို အဓိပ္ပါယ် သတ်မှတ်ပေးတယ်၊ ပုံဖော်ပေးတယ်၊ဘဝကို ပုံဖော်ပေးတဲ့ အရာလို့ကျွန်ပ်တို့ သတ်မှတ်ရမှာ ဖြစ်တယ်။အဖွဲ့စည်းတစ်ခုရဲ့ ဘဝသက်တာသော်လည်းကောင်း၊တစ်ဦးစီ ဘဝသက်တာသော်လည်းကောင်း၊ဆုတောင်း ခြင်းနဲ့ စံထားပြီး သုံးသပ်ရမယ်၊ဒီအဖွဲ့အစည်း၊ဘယ်လောက်ဆုတောင်းလဲ၊ဒီပုဂ္ဂိုလ်ဘယ်လောက်လဲ ဆိုတာသူ့ဘဝ အခြေနေကို ကြည့်ပါက တွေ့နိူင်ပါတယ်။ပထမကျမ်း ရှင်ပေါလု ဂျေရုဇလင်တက်လာတယ်၊ တမန်တော်များသူ့ကို တွေ့ကြတယ်၊ ဘာကိုသတိပြုမိကြလဲ ဆိုတော့၊ ပြောင်းလဲလာတာကတဆင့်သူ့မှာရှိနေတဲ့ကျေးဇူးတော် ကိုသတိထားမိတယ်။ဆုတောင်းခြင်းအသီးအပွင့်အဖြစ် သူ့ရဲ့ပြောင်းလဲခြင်းကို တွေ့နေရတယ်၊ လို့ဆိုလိုတာဖြစ်တယ်။

ကျွန်ပ်တို့ ဘဝ အဓိပ္ပါယ် ရှာနေကြသူများ၊ ဘဝ အနှစ်သာရ ပျောက်ပြီဆိုပြီးတော့၊စိတ်ပျက်လက်ပျက်အားငယ်နေကြသူများ၊ ငြီးငွေ့ပြီးဘဝမှာထွက်ပေါက် ပျောက်နေသလို ခံစားနေကြရသူများ ပိုပြီးဆုတောင်းကြပါလို့ တိုက်တွန်းလိုတယ်၊ဆုတောင်းခြင်း၌ ဘုရားကိုကျွန်ပ်တို့တွေ့ရသလို၊ ဆုတောင်းခြင်း၌၊စစ်မှန်တဲ့ ကျွန်ပ်တို့ ကိုယ်ကိုလည်း ပြန်တွေ့ရပါတယ်။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒမျှဝေသည်။

gospel reflection