Pathein Catholic Diocese Untitled Document
Untitled Document
ဘုရားသခင်ပေးလာသောအရာ။

၂၇ ကြိမ် ကြာသပတေးနေ့၊

အောက်တိုဘာ ၆ ရက်။

ရှင်လုကာ ၁၁ ၊ ၅ မှ ၁၃။

ဘုရားသခင်ပေးလာသောအရာ။

ဆုတောင်းကြသည်၊လက်ရှိလိုအပ်နေသည်ကို တောင်းခံကြသည်၊ဟိုဟိုဒီဒီ လိုချင်သည် လိုချင်တာတောင်း ကြသည်၊ပြည့်ကြသည်၊မပြည့်ကြပေးမယ်ကတိပြုတာ၊ဝိညာဥ်တော်ကိုဖြစ်တယ်။လူသားတွက်နည်းဆိုဝိညာဥ်တော်ဆိုတာ စားရလား၊အခက်ခဲတွေ ဖြေရှင်းပေးနိူင်လား၊လက်ရှိလိုအပ်ချက်တွေမှာဝိညာဥ်တော်ကို ဘယ်လိုသုံးရမလဲ၊မေးစရာရှိတယ်။

လတ်တလောလိုအပ်ချက်များလည်းတောင်းပါ၊ ပေးမယ် မပေးဘူးတော့မပြောပါ၊ပေးမဲ့အရာ၊ ဝိညာဥ်တော် ဖြစ်နေတယ်၊ ကတိတော်အတိုင်းအမှန်လည်းပေးတယ်၊ပထမကျမ်းဂလာတိ မှာ ရှင်ပေါလုပြောတယ်၊ ယုံကြည်ခြင်းကြောင့်တို့ဝိညာဥ်တော်ကို ရပြီသား၊လူတိုင်း တယောက်စီဆုတောင်းခြင်းဖြင့် ဝိညာဥ်တော်ကိုရပြီးသားပိုင်ဆိုင်ပြီးသား ပုဂ္ဂိုလ်များဖြစ်ကြတယ်။

ဘုရားရှင်ကကျွန်ပ်တို့လတ်တလော လိုအပ်ချက်တွေကိုလည်း လစ်လျူ မပြုပါ၊တခါတရံမပေးတာကတော့ ကျွန်ပ်တို့တွက်မပေးခြင်းမျိုးလည်းဖြစ်ပါတယ်။တခါတလေ၊လစ်လျူပြုတယ် ထင်ပြီး ဆုတောင်းခြင်းကို အလုပ်မဖြစ်တော့ဘူးယူဆကာ၊ဆုတောင်းခြင်း ဆက်မလုပ်သူများမြဲမြဲ မှတ်ထားရမှာ ဖြစ်တယ်၊ကျွန်ပ်တို့ တောင်းနေတဲ့ လိုချင်တဲ့ အရာထက် နှိုင်းမရအောင်သာလွန်တဲ့ဝိညာဥ်တော် ကို ပေးလျက်ရှိတာကိုသိကြရမယ်။

ဆုတောင်းခြင်းမှာ ရလိုက်တာကဟိုအရာ ဒီအရာ မဟုတ်ဘဲ၊ဘုရားသခင် ကိုယ်တိုင်ကိုဘဲ ရလိုက်ခြင်း ဖြစ်ပါတယ်၊လက်ရှိ လိုအပ်ချက်တွေထက် သာလွန် အဆင့်တစ်ခုကို တင်လိုက်ခြင်း ဖြစ်တယ်။ ဝိညာဥ်တော်ရဲ့ အဆင့်၊ ဘုရားအဆင့် ဘုရားသားသမီး အဆင့်သို့ မြှင့်တင်လိုက်ခြင်းဖြစ်တယ်။ဝိညာဥ်တော်ကိုရခြင်းဖြင့် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝလာတယ်၊လူတို့အခြေခံလိုအပ်ချက်၊မာသာရ်ထရီဇာ ပြောဘူးတယ်၊တကယ်ငတ် နေတာ အစားအစာ အဟုတ်၊ပါတဲ့။ သူမကိုယ်တိုင် ငတ်နေသူတို့တွက် ကာယရေးကို အသက်နှင့်ရင်းကာရှာဖွေ လုပ်ကိုင်ပေးတယ်။နောက်ဆုံးသုံးသပ်ချက်က တကယ်ငတ်တာချစ်ခြင်းမေတ္တာပါတဲ့၊တနည်းလည်း တစ်ယောက်စီ၊ပြင်ပိုင်းလိုအပ်ချက်လိုဘဲ၊ အတွင်းနက်ရှိုင်းနေရာမှာဝိညာဥ်တော် လိုအပ်တယ်။ချစ်ခြင်းမေတ္တာလိုအပ်တယ်၊ဝန်ခံရမယ်။ဘုရားနယ်ပယ်ထဲ ဝင်ရောက်နိူင်တဲ့အဆင့်ကို လူတို့ လိုချင်ပါတယ်။

အကန့်အသတ်မဲ့ခြင်းအခြေနေ၊မကုန်ဆုံးနိူင်ခြင်း၊ မပျက်စီးသောတည်ရှိမှု လူတို့လိုချင်သည်၊ထာဝရအခြေနေကို လိုချင်တယ်၊အဲဒီအရာတွေပေးဖို့ ဒီနေ့ ဝိညာဥ်တော်မြတ်ကိုဆုတောင်းခြင်းမှာ၊ ထည့်ပေးလိုက်ခြင်းဘဲ ဖြစ်တယ်။

ဘုရားပေးလာတဲ့အရာက တို့လိုအပ်တာနဲ့ မကိုက်ညီပါဘူးကွာလို့ စိတ်ထဲမှာ သံသယ ရှိတတ်ကြတယ်၊နှောင့် ယှက်ခြင်း ဝင်တတ်တယ်၊ ဒါပေမဲ့ဘုရားပေးတဲ့အရာဟာ တို့နဲ့ အကိုက်ညီဆုံး၊အလိုအပ်ဆုံးအရာကို အရင်ဦးစွာ ချပေးတယ်၊ ကျန်တဲ့အရာများအလိုလိုပင် နောက်ကနေ ပါလာမှာကိုယုံကြည်ရမှာပါ။ ဆုတောင်းခြင်း အသက်တာ တိုးတက်ဖို့ ဒီယုံကြည်ခြင်းကို ဦးစွာ အခြေခံ ထားရမယ်။ကြားထဲမှာ နေ့စဥ် လိုအပ်ချက်များတောင်းပါ။

မြေကြီးပေါ်ရှိ ဖခင်များပင်လျှင်၊ကောင်းတာကို ပေးနိူင်ကြတာဖြစ်လျှင်၊ ကောင်းကင်ဘုံက ဖခင်က ပိုကောင်းတာများ မပေးနိူင်ဘူးလား၊ဒါကြောင့် ဝိညာဥ်တော် ပေးတယ်၊သာလွန်တဲ့ အရာပေးတယ်။လက်ရှိ လတ်တလော အရာများကို ဖြည့်ပေးဖို့လည်း အသင့်ရှိနေတယ်၊ဆိုတဲ့အချက်ကို ယုံကြည်ရမှာ ဖြစ်တယ်၊ သူပေးလာတဲ့အရာက တို့များလိုနေတဲ့အရာနဲ့လည်း ကိုက်ညီတယ်၊ဘုရားသခင်ပေးလာတာကတလွဲ၊ တို့လိုနေတာက တခြား၊ မဟုတ်ရပါ၊အမှန်တကယ် လိုအပ်ချက်၊ အလိုအပ်ဆုံးသော အရာ၊အလိုဆုံးပုဂ္ဂိုလ်ရဲ့ နှလုံးသားထဲ၊ ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo သြဝါဒ၊မျှဝေသည်။

gospel reflection