Pathein Catholic Diocese Untitled Document
Untitled Document
အနာရောဂါပျောက်ကင်းချမ်းသာစေခြင်း

၂၈ ကြိမ် တနင်္ဂနွေနေ့၊

အောက်တိုဘာ ၉ ရက်။

ဓမ္မရာဇဝင် ဒု ၅ ၊ ၁၄ မှ ၁၇။

စစ်သူကြီးနာမန်ကို ဘုရားသခင်ကပရောဖက်အားဖြင့် နူနာ ပျောက်၊သန့်စင်စေခြင်း။

ရှင်လုကာ၊ ၁၇ ၊ ၁၁ မှ ၁၉

အနာကြီးဝေဒနါသည် ၁၀ ဦး၊ ဂျေရုဇလင်သွားခရီးမှာ သခင်ကကုသပျောက်ကင်းစေခဲ့တယ်၊ ဂျူးမဟုတ်တဲ့ တစ်ယောက်က ပြန်လာကျေးဇူးတင်တယ်။သခင်ကပရောဖက်တစ်ပါးအဖြစ်၊ပရောဖက်များလို ဂျေရုဇလင်မှာ နောက်ဆုံးကယ်တင်ခြင်းမလုပ်မီ လုပ်ခဲ့တဲ့ အရေးကြီး အဖြစ်ပျက်တစ်ခုပါ။

ဆယ်ဦးကုသခံရသည်၊ တစ်ဦးသာပြန်လာ ကျေးဇူးတင် ကျေးဇူးသိကျေးဇူးဆပ်တင်တယ်။ ဘုရားဘုန်းတော်ဂုဏ်တော်ချီးမွမ်းတယ်၊ဂျူး မဟုတ်တဲ့ ဆမာရိတန် ဖြစ်တယ်၊သူ့ရဲ့ကျေးဇူးတင်ခြင်းကို ၊သူ့ရဲ့ယုံကြည်ခြင်းကို သခင်က ချီးမွမ်းတယ်၊ သူ့ရဲ့ ယုံကြည်ခြင်းက သူ့ကိုကယ်တင်ခဲ့ပြီ အသက်ကိုပေးခဲ့ပြီ။ ကျွန်ပ်တို့က ကျေးဇူးသိတတ်၊တင်တတ် ကြရမယ်၊ လူမှုကျင့်ဝတ်သာမဟုတ် နက်ရှိုင်းစွာ နားလည်မယ်ဆိုရင် ကျေးဇူးအပေါင်းတို့ရဲ့မူလအစ ဖြစ်တဲ့ ဘုရားကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့လို့ သခင်ခရစ်တော် သွန် သင်နေခြင်းဖြစ်ပါတယ်။ဒီ ဆမာရိလူကဲ့သို့ ကျွန်ပ်တို့တစ်ဦးစီ အပြစ်ခွင့်လွှတ် ခံရဖို့ လိုတယ်၊ ခွင့်လွှတ်ခံရပါတယ်၊ စင်ကြယ်ပေးခြင်း၊ကုသပေးခြင်း ခံကြရသူများဖြစ်တယ်၊ထိုသူကဲ့သို့ ကျေးဇူးတင်ဖို့ ကျေးဇူးသိဖို့ ကျေးဇူးဆပ်ဖို့ ဘုရားသခင်ဘုန်းတော်ဂုဏ်တော်ကို ချီးမွမ်းဖို့လိုအပ်တယ်ဆိုတာကို ဒီနေ့ပြောနေခြင်း ဖြစ်တယ်။

လိုအပ်တာကို မသိဘဲ ပိုဆိုးတာကကိုယ်ကကျေးဇူးတင်ရမဲ့သူဖြစ်နေပါရဲ့ ကျေးဇူး အတင်ခံချင်ကြခြင်း ဖြစ်တယ်၊ ကျွန်ကိုကျေးဇူးတင်ရန်မရှိ၊ သူလုပ်ရမှာကို သူလုပ်ခြင်းသာပါလို့ သခင်ကသွန်သင်တယ်။လူသား တစ်ယောက်စီဟာ ကျေးဇူးပြုသူကိုကျေးဇူးတင်ရမဲ့အစား၊ တခါတလေပိုလို့တောင် ကျေးဇူးအတင်ခံချင်နေ သေးတယ်။ဘုရားနှင့်ပတ်သက်လာရင် ပင်ကိုယ်ကကျေးဇူးအတင်ခံချင်တယ်ဖြစ်နေတတ်သေး၊ဒါတွေက ငါလုပ်ပေးလိုက်တာ၊ငါ့ကို ဘုရားကအသိမှတ်ပြုသင့်တယ်၊ဒီနှောင့်ယှက်ခြင်း၊စိတ်ကြီးဝင်မှုမျိုး ဖြစ်တတ်ကြတယ်၊ ဒါတွေပြင်ကြပါလို့ ဒီနေ့မှာသခင်ကပြောနေခြင်း ဖြစ်တယ်။

ကျွန်ပ်တို့က ကျေးဇူးတင် ခံရခြင်းကို မျှော်လင့်နိူင်တဲ့၊ မျှော်လင့်ရမဲ့အနေအထားမှာ မရှိပါဘူး၊ဘုရား တစ်ပါးတည်းသာလျှင်ကျေးဇူးတင်ခံရခြင်း၊တောင်းဆိုနိူင်မျှော်လင့်နိူင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ကျွန်ပ်တို့ သူတစ်ပါးကို ကျေးဇူးပြုနိူင်ခြင်းကကျွန်ပ်တို့ထံမှ အရင်းခံပြီး ထွက်လာခြင်း မဟုတ်ရဘဲ ဘုရားသခင်ထံမှအရင်းခံပြီး ကျွန်ပ််တို့ကတဆင့် သူများကို ကောင်းမှုကုသိုလ်ပြုနိူင်ခြင်းဖြစ်တဲ့အတွက် သူတစ်ပါး ကျေးဇူးတင်ခံရဖို့ ကျွန်ပ်တို့ မမျှော်လင့်ရပါ။ကျေးဇူးတင် မခံရလို့ စိတ်မကောင်းစရာလည်း မရှိရပါဘူး။

ကျွန်ပ်တို့ကသာလျှင်ကျေးဇူးတင်နိူင်ဖို့ အမြဲ ရှာကြံရမှာပါ၊အချင်းချင်းကိုသော်လည်းကောင်း ၊မိမိကို နည်းမျိုးစုံဖြင့်ကျေးဇူးပြု ခဲ့သူများကိုလည်းကောင်းကျေးဇူးမမေ့ကြဘဲ ကျေးဇူးတင် ကျေးဇူးဆပ် ဘဝသက်တာအမြဲ ရှင်သန်ရမယ်၊ အထူးသဖြင့်အရေးကြီးဆုံး က၊ ကျေးဇူးတော်ရဲ့အရင်းအမြစ် ဖြစ်တဲ့ ဘုရားကိုသာကျေးဇူးတင်ရမယ် ဖြစ်တာကို အရင်ဦးဆုံး မှတ်သားထားသင့်တယ်၊နူတ် အားဖြင့်မက၊က်ုယ်တတ်နိူင်တဲ့နည်းအထူးသဖြင့် ဘဝသက်တာဖြင့်ကျေးဇူးတင်နိူင်ဖို့၊အရေးကြီးတယ်။

လူတွေမှာ ကျေးဇူးတင်ဖို့ အား မလုံလောက်ပါ၊လက်ခံရရှိတဲ့ကျေးဇူးနဲ့ပြန်ဆပ်နိူင်တာက သေးသေးလေးဘဲ ရှိတာ ကျွန်ပ်တို့ သတိပြုမိတယ်။မိဘများထံမှကျေးဇူး၊သားသမီးများပြန်ဆပ်မကုန် ဟု ကြားရချက်ကသက်သေ၊ သာဓကတစ်ခုပါ။ဘုရားရှင်ထံမှ ကျေးဇူးတော် ဘယ်တော့မှပြန်ဆပ် မကုန်နိူင် မကျေနိူင် ဆိုတာသိရမယ်၊ အမြဲ ဝန်ခံနေရပါမယ်။

အဲဒီ အခါ ရှေးဦး ခရစ်ယန်တို့ တွေ့လာတဲ့ အချက်က ကိုယ်တော်မြတ်စက္ကရမင်တူးဘဲ ဖြစ်ပါတယ်၊ကျေး ဇူးတင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ မလုံမလောက် မပြည့်မဝကျေးဇူးတင်ခြင်းတွေ၊အကုန်လုံးကို ပြည့်ဝစုံလင်တဲ့ ကျေးဇူးတင်ခြင်းအဖြစ်နဲ့၊ခမည်းတော်ကို ပြန်လည်ဆက်သနေတဲ့ သားတော်ရဲ့သူ့မှာရှိ အရာအားလုံး ပုံပြီးပူဇော်ပေးတဲ့သူ့ရဲ့ကျေးဇူးတင်ခြင်းကြောင့် ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကျေးဇူးတင်ခြင်းထဲမှာ ကျွန်ပ်တို့ ပါဝင်ရတယ်။

ရှေးဦး ခရစ်ယန်များ အသင်းတော်က အကောင်းဆုံး ကျေးဇူးတင်ခြင်းနည်းလမ်းကို ကိုယ်တော်မြတ်မှာ တွေ့ပါတယ်၊ တစ်ဖွဲ့လုံးပေါင်းစေ၊တစ်ဦးချင်းစီ ဖြစ်စေ ကျေးဇူးတင်ခြင်းငှာ မလုံလောက် မပြည့်စုံတာမှာ ကျေးဇူးတင်ဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် ကိုယ်တော်မြတ်မင်္ဂလာ ကိုတွေ့သိကြပြီး ချိန်မှစတင်ကာ ကိုယ်တော်မြတ်ကို ကျေးဇူးဆပ်တင်ခြင်း အကောင်းဆုံးနည်းလမ်း အဖြစ် အသုံးပြုခဲ့ကြတယ်။ကျွန်ပ်တို့လည်း ဘုရားသခင်ကိုကျေးဇူးတင်ဖို့ ပျက်ကွက်ခဲ့တယ်၊မပြည့်မဝ ဖြစ်နေတယ်၊ ဘာဘဲဖြစ်ဖြစ် ဒီ ကိုယ်တော်မြတ်မှာ အတတ်နိူင်ဆုံး ပါဝင်ခြင်းအားဖြင့်ကျေးဇူးဆပ်တင်ကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

 Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကို ဝေမျှသည်။

gospel reflection