Pathein Catholic Diocese Untitled Document
Untitled Document
လွတ်လပ်ခြင်း ဘယ်မှာရှာမလဲ

၂၈ ကြိမ် တနင်္လါနေ့၊

အောက်တိုဘာ ၁၀ ရက်။

ဂလာတိ ၄ ၊ ၂၂ မှ ၂၆ ၂၇ ၅ ၊ ၁ ထိ

လွတ်လပ်ခြင်း ဘယ်မှာရှာမလဲ

ပထမကျမ်းမှာ ရှင်ပေါလု ပြောတယ်ကျွန်ပ်တို့က ကျွန်မ ကနေမဟုတ်လွတ်လပ် မိခင်မှ ဖွားလာကြတယ်၊ ကျွန်ပ်တို့ တစ်ယောက်စီရဲ့ ဂုဏ်ဆင့်status ကိုပြောပြခြင်း ဖြစ်တယ်။လွတ်လပ်သူများ ဖြစ်နေလို့ အပြစ် ကျွန်အောက်၊ ဘဝဟောင်းသို့ ပြန်မရောက်ဖို့ တိုက်တွန်းတယ်၊ကျွန်ပ်တို့ တစ်ယောက်စီ သွေးသား သဘာဝ အလျောက်မွေးဖွားလာကြသူများမဟုတ်ကြတော့ဘဲ၊ ကျေးဇူးတော်ကအသစ်ပြုပြင်ပေးလို့ကျေးဇူးတော် အခြေနေ၌ မွေးဖွားလာကြရတာဖြစ်လို့ ကျွန်ပ်တို့ ဘဝအခြေနေကိုရှင်ပေါလု အသေအချာ ပြညွှန်တယ် သားသမီး ဘဝအခြေနေရထားလို့ကျွန် လည်းမဟုတ်ဘူး၊ သားသမီးဘဝပေမို့ လွတ်လပ်ခြင်းကအခြေခံ ပိုင်ဆိုင်မှု ဖြစ်တယ်။

ခရစ်ယန်တို့အတွက်၊ မိမိ လုပ်ချင်ရာလုပ်နိူင်ခြင်းက လွတ်လပ်ခြင်းမမည်သမ္မာတရားမပါတဲ့ လွတ်လပ်ခြင်း မဟုတ်၊ သမ္မာတရား အမှန်တရားတို့နဲ့ အမြဲတွဲဖက်နေတဲ့ လွတ်လပ်ခြင်းကိုသာလျှင် လွတ်လပ်ခြင်းခေါ်တယ် ကိုယ့်တစ်ယောက်တည်းနေနိူင်တာမှလွတ်လပ်ခြင်း၊မဟုတ်ရပါ၊ ခမည်းတော်နဲ့ အမြဲ ဆက်သွယ် နေနိူင်ခြင်းအခြေအနေသာလျှင် စစ်မှန်တဲ့လွတ်လပ်ခြင်း ဖြစ်တယ်။

လွတ်လပ်ခြင်းဟာ ၊လူသားအားလုံးလိုချင်တောင့်တ အရာဖြစ်တယ်။အနက်ရှိုင်းဆုံးနေရာမှာ တွယ်ကပ် နေတဲ့ဆန္ဒဖြစ်တယ်၊ တစ်သက်ပတ်လုံး၊ တစ်ယောက်စီ ရှာနေတဲ့အရာဖြစ်တယ်။ လူ့သမိုင်း အစကပင်ရှာခဲ့အရာ၊ ဘုရားကဲ့သို့ ဖြစ်လာရင် ရနိူင်မယ်ထင်ပြီး ငါ့တစ်ဦးတည်းလွတ်လပ်နေနိူင်ပြီတွက်ဆကာ ဘုရားနဲ့အဆက်သွယ် ဖြတ်ဖို့ ကြိုးစားခဲ့ကြတဲ့ အခြေနေသိခဲ့ကြတယ်၊ကျွန်ပ်တို့ရဲ့ မိဘရင်းများ ဘုရားနဲ့ အဆက်ပြတ်သွားတပြိုင်နက် လွတ်လပ်ခြင်းပျောက်ဆုံးခဲ့တယ်။အပြစ်နွံ နတ်ဆိုးကျွန် ဖြစ်ခဲ့ပြီး လွတ်လပ်ခြင်းလုံးဝပျောက်ဆုံးကာ ကျွန်အဖြစ်သက်ရှင်နေထိုင်ရအခြေနေ ရောက်ခဲ့ရတယ်။

သခင်ပြောတဲ့ ပျောက်သောသားပုံဥပမာ ထဲကသားငယ်လိုဘဲ လွတ်လပ်ခြင်းက ခမည်းတော် ထံမှာမဟုတ်၊ အခြားနေရာမှာ ရှိမယ်ဆိုပြီးအရှာထွက်ခဲ့ရာနောက်ဆုံးကျွန်ထက်ဆိုးတဲ့ဘဝအဆင့်ရောက်ခဲ့ပုံ သူပြော ပြတယ်၊တကယ်စစ်မှန်တဲ့လွတ်လပ်ခြင်းဟာ ခမည်းတော်ရဲ့ အိမ်မှာဘဲရှိတယ်ဆိုတာ နောက်ဆုံးတွေ့ရှိလာ တော့တယ်။

ဘုရားနဲ့ အဆက်သွယ်ပြုခြင်းဟာစစ်မှန်တဲ့ လွတ်လပ်ခြင်း ဖြစ်တယ်၊သမ္မာတရားယှဥ်တွဲ အသက်ရှင်ခြင်း သာ စစ်မှန်တဲ့ လွတ်လပ်ခြင်း၊ဖြစ်တယ်၊ သမ္မာတရားကဘာလဲ၊ယုံကြည်သူတို့အတွက် သမ္မာတရားဆိုတာ ခမည်းတော်နဲ့ အဆက်သွယ်ဖြတ်မရ အခြေအနေ ဖြစ်တယ်။လူ့ဘဝရဲ့သမ္မာတရားပါ၊ပထမကျမ်းမှာ ရှင်ပေါလုက ကျွန်ပ်တို့ဟာကျွန်မိန်းမက မွေးလာတာမဟုတ်၊ လွတ်လပ်တဲ့မိန်းမကမွေးလာတာကြောင့် မွေးရာပါကျေးဇူးတော် လွတ်လပ်အခြေနေ မွေးကတည်းကပင်ပါလာပြီး ကျွန်ပ်တို့ ကျွန်အဖြစ်မဟုတ်ဘဲ သားသမီး အခြေနေ မြှင့်တင်ပြီးတာပြောပြတယ်။ဟိုးအဟောင်းအခြေနေကို ပြန်မသွားဖို့ ၊ ယုံကြည်ခြင်းဖြင့် ရလာတဲ့ ကယ်တင်ခြင်း ပျောက်မသွားဖို့၊ကြိုပမ်းပြီး အသစ်သောအခြေနေနဲ့ ကိုက်ညီ ဘဝ ရှင်သန်နေထိုင်ဖို့ သူကသွန်သင်ထားတယ်။

ကျွန်ပ်တို့တွက် မကြာခဏ နှောင့်ယှက်ခြင်းက၊ ဘုရားဆိုတာ တို့ဘဝထဲ မရှိ တော့ရင် ဖြင့် ငါတော့လွတ်လပ်သွားပြီ ထင်ကာကျောခိုင်းဖို့မကြာခဏ ကြိုးစားခြင်းပါ၊ ဘဝထဲက ဆွဲထုတ်ပစ်ဖို့ ကြိုးစားခြင်း ဖြစ်တယ်၊ ဘုရားကလွဲပြီး အခြားနေရာမှာ လွတ်လပ်မှု ကို ရှာခြင်းဖြင့် ကျွန်အဖြစ် မကြာခဏ ပြန်ရောက်တယ်၊ ဒီလိုမရောက်ရအောင် ရှင်ပေါလုကတိုက်တွန်း နိူးဆော်ရတာ ဖြစ်တယ်။အပြစ်နဲ့ အပြစ်ဒဏ်ရာတွေကနေသန့်စင် ဆေးကြောပြီးပြီ၊ ကုသမှုခံယူကာ၊ ဘဝအသစ် ရပြီးကြပြီ၊အဟောင်းဆီ ပြန်မသွားကြဖို့ စိန့်ပေါတိုက်တွန်းတာ ဖြစ်တယ်၊ ရှင်လုကာ၁၁ မှာ သခင် ခရစ်တော်က ဘဝသစ်ပေးပြီ၊ပြောင်းလဲကြဖို့ ဖိတ်ခေါ်လိုက်ခြင်းက လွတ်လပ်ခြင်းကိုပေးအပ်လိုက်ခြင်း ဖြစ်တယ်၊ သားသမီးအဖြစ်အခြေနေ မြှင့်တင်ပေးဖို့တွက်နောင်တရဖို့၊ ပြန်လှည့်လာဖို့၊ အပြင်ပန်းပေးတာမဟုတ်၊ အတွင်းဖက်ဘဝ အသက်ကို လက်ခံဖို့အတွက်ညွှန်ကြားနေခြင်း၊ လာရောက်ကာကျွန်ပ်တို့ လက်တွင်း ထည့်နေခြင်းဖြစ်တယ်၊ ဒီအချက်တွေ စုစည်းဆက်စပ်ကာ ကျွန်ပ်တို့ရှာနေတဲ့လွတ်လပ်ခြင်းက ဘယ်မှာလဲ ပြန်စဥ်းစား၊ ရမယ်ဖြစ်တယ်။ တကယ်ဘဲ လွတ်လပ်ခြင်း ရနိူင်လား ပြန်စဥ်းစားပြီး၊ လွတ်လပ်ခြင်းဟာ ဘုရားမှာဘဲ ရှိတာကို ယုံကြည်ပြီး ဘုရားနဲ့အမြဲ တွယ်ကပ် နေခြင်းဖြင့် စစ်မှန်သား သမီး လွတ်လပ်ခြင်းကို ထာဝရရရှိ ပိုင်ဆိုင်ဖို့ ကြိုးစားကြစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence  Aung Kyaw Oo ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection