Pathein Catholic Diocese Untitled Document
Untitled Document
သာသနာတော်ရဲ့ ပိုင်ဆိုင်ရာများ။
၂၈ ကြိမ် စနေနေ့၊
အောက်တိုဘာ ၁၅
ဧဖက် ၁ ၊ ၁၅ မှ ၂၃
လုကာ ၁၂ ၊ ၈ မှ ၁၂
သာသနာတော်ရဲ့ ပိုင်ဆိုင်ရာများ။
လောက ပစ္စည်း ရုပ်ဝတ္ထု မဟုတ်ပါ၊သာသနာတော်က ခရစ်တော်ဘုရား ကိုယ်တော်တိုင်ကို ပိုင်ဆိုင်နေတယ်၊သခင်က သူ့ကိုယ်ကိုပေးထားလို့ပါ၊ သူ့ဝိညာဥ်တော်ကိုလည်း သာသနာတော်မှာ ထည့်ထားပေးလို့ ဝိညာဥ်တော်ကိုလည်း ပိုင်ဆိုင်လျက်ရှိနေတာကိုတွေ့ရတယ်။
သာသနာတော်ဟာ ခရစ်တော်ကိုပိုင်ဆိုင်သလို ဝိညာဥ်တော်မြတ်ကိုလည်း ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ဒီလို ပိုင်ဆိုင်လို့လည်း၊အဆက်သွယ်တစ်ခု ဖြစ်တည်ခဲ့ပါပြီဖြတ်တောက်မရပါ။လူရှေ့မှာသိမှတ်ဝန်ခံတယ်ဒီအဆက်သွယ်ပေါ်မူတည်အသက်ရှင် နေထိုင်ဖို့၊ နူတ်အားဖြင့်သာ ဝန်ခံသည်မကပါ၊ ဘဝသက်တာအားဖြင့်လည်း ဝန်ခံခိုင်းတယ်၊ ဒီလိုသိမှတ်ဝန်ခံမှသာ နောက်ဆုံး နိူင်ငံတော် ကိုလည်း ရရှိနိူင်မှာဖြစ်တယ်။
လူသားကို နူတ်ဖြင့် ဆန့်ကျင်ပြစ်မှားသူသည်၊အပြစ်လွှတ်ခွင့် ရနိူင်သော်လည်း၊ ဝိညာဥ်တော်ကို ထိခိုက်ပြစ်မှားသူမူကား၊ အပြစ်လွှတ်ခွင့် ရနိူင်လိမ့်မည် မဟုတ်၊ ဝိညာဥ်တော်ကိုထိခိုက်ပြစ်မှားခြင်းက ပိုကြီးလေးတယ်၊ ဝိညာဥ်တော်ကို ထိခိုက်ပြစ်မှားတယ်ဆိုတာ ဝိညာဥ်တော်ဖြင့်ရရှိလာတဲ့ ခရစ်တော်ရဲ့ ကျေးဇူးတော်များကို ငြင်းပယ် လိုက်ခြင်းဖြစ်တယ်လို့ ဆိုလိုတယ်။
ခရစ်တော်ဟာကျွန်ပ်တို့တစ်ယောက်စီ လူသားစစ်ကဲ့သို့ ရုပ်ခန္ဓာ နဲ့ဒီကမ္ဘာပေါ်မှာ ကယ်ချွတ်ခြင်း သာသနာလုပ်ငန်းစဥ် ပြီးစီးအောင်လုပ်ဆောင်ခဲ့သည်။ ဒီလုပ်ဆောင်ချက်က ရရှိလာတဲ့ အကျိုးကျေးဇူး အသီးအပွင့်ရလဒ် ကျေးဇူးတော် အားလုံးက ဝိညာဥ်တော် အားဖြင့် ဆက်လက်တည်ရှိနေခြင်းဖြစ်တယ်၊ဒီအရာများကို မငြင်းပယ်မိစေဖို့ ဒီနေ့ သတိပေးနေတယ်၊ဝိညာဥ်တော်ကို ငြင်းပယ်ခြင်းဟာ ခွင့်လွှတ် မရဘူးဆိုတာဒါကိုပြောခြင်း ဖြစ်တယ်၊အစဥ် အဆက် ယုံကြည်ရာ အချက်ဖြစ်တယ်။ခရစ်တော်ဟာ ဘုရားစင်စစ်၊လူသားစင်စစ်၊ ကမ္ဘာမြေပေါ်မှာ လုပ်ဆောင်ခဲ့စဥ်၊ သူပေးလာတဲ့ ကယ်တင်ခြင်းကို ငြင်းပယ်ကြသူများ ရှိတယ်၊ဒါကိုပြန်ပြင်နိူင်ပါသေးတယ်၊ငြင်းပယ်တဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခွင့်ရှိနေပါသေးတယ်၊ တမန်တော်ဝတ္ထုကျမ်း၊ဝိညာဥ်တော် အချိန်ကာလရောက်တဲ့ခါ၊ဝိညာဥ်တော်အားဖြင့်ဆက်လက်ပေးလာတဲ့အခါ၊ စိတ်ပြောင်းပြီး၊ပြန်ပြင်နိူင်ကြသေးတယ်၊တမန်တော်ဝတ္ထုအစပြုချိန်မှသည် ယနေ့ထိတိုင်ဝိညာဥ်တော်မြတ် အချိန်ကာလ အဖြစ်သတ်မှတ်တယ်။ဝိညာဥ်တော်အားဖြင့်၊ မမြင်နိူင်တဲ့နည်း အားဖြင့်ခရစ်တော်၏ကုသိုလ်တော်အကျိုးကျေးဇူးများဆက်လက် ပြန့်ပွားနေဆဲ ဖြစ်တယ်၊ ဒါကို ကိုယ်မငြင်းပယ်မိစေဖို့ ခရစ်တော်က ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။
သခင်ခရစ်တော် သက်ရှိထင်ရှားနေခဲ့စဥ် အချိန်က လက်မခံ ငြင်းပယ်ခဲ့ကြသူများ၊ ယခု ခန္ဓာကိုယ်အရ မရှိသော်လည်း ဝ်ညာဥ်တော်ဖြင့်ဆက်လက် လှုပ်ရှားနေခြင်း ကို ဆက်ပြီးမငြင်းပယ်မိစေဖို့ အရေးကြီးတယ်အချက်ကို သခင်က သွန်သင်ညွှန်ပြတယ်။ဝိညာဥ်တော်ကို ကျိန်ဆဲတယ်ဆိုတာက ခရစ်တော်ရဲ့ကျေးဇူးတော်တွေ ဝိညာဥ်တော်အားဖြင့် လာနေခြင်းကို ငြင်းပယ်ခြင်းလို့ အဓိပ္ပါယ်ရတယ်၊ ဒါကြောင့် မငြင်းပယ်မိဖို့၊သူနဲ့အဆက်သွယ် အမြပြုဖို့၊သူ့ကိုသိမှတ်ဝန်ခံဖို့၊ အသက်တာကို ရှင်သန် ကြရမှာ ဖြစ်တယ်။
ဒီနေ့ ပွဲနေ့ ကျင်းပတဲ့ ရဟန္တာ၊ထရေဇား အာဗီလာ ကလည်းဒီလိုသက်ရှင်နေထိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊တိတ်ဆိတ်စွာ ကမ္မဌာန်းထောက်ရှုခြင်းဖြင့်လည်းကောင်းသာသနာ လုပ်ငန်းမှာ သက်ဝင်လှုပ်ရှားပြီး တက်ကြွစွာ ပါဝင်ခြင်းဖြင့်လည်းကောင်း ဘဝနေထိုင်မှု ပုံစံအမျိုးမျိုး၌ ဘုရားကို သိမှတ်ဝန်ခံတဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါတယ်။
ခွန်အား အသက် ရစေ၊အသီး သီးစေ။
 
Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကို ပြန်လည်ဝေမျှပေးပါသည်။
gospel reflection