Pathein Catholic Diocese Untitled Document
Untitled Document
အကြီးမြတ်ဆုံး ပညတ်တော်

၂၀ ကြိမ် သောကြာနေ့။

သြဂုတ်၊ ၁၉ ရက်။

ရှင်မဿဲ ၂၂၊ ၃၄ ၄၀။

အကြီးမြတ်ဆုံး ပညတ်တော်

သင်၏အရှင်၊ဘုရားသခင်ကို၊နှလုံး အကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ဥာဏ်စွမ်း ရှိသမျှနှင့် ချစ်လော့၊သင်နှင့် နီးစပ်သောသူကို လည်း၊သင့်ကိုယ်ကို ချစ်သကဲ့သို့၊ချစ်ပါ။တစ်ခုတည်း၊ ပညတ်တော် အဖြစ် သခင်ပေးလာသည်၊အကြီးမြတ်ဆုံးပညတ်တော်ဖြစ်တယ်၊ကိုယ်အားစိတ်အား၊ဥာဏ်စွမ်း၊ ပုဂ္ဂိုလ် တစ်ခုလုံးနဲ့ ရင်းပြီး ချစ်ဖို့ပါ၊ဒီပထမချက်နဲ့ တန်းတူ၊ ဒုတိယ အချက် ချစ်ဖို့အသေအချာ ဖော်ပြ ထားတယ်။ရှင် လုကာ ကျမ်းမှာဆို ၊ ဒီ နှစ်ချက်ကို၊ ဝါကျတစ်ခုတည်း မှာဘဲ ဆက်စပ် ဖော်ပြထားခြင်းဖြင့် ဒီနှစ်ချက်ရဲ့တူညီစွာ အရေးကြီးမှု ကို ဖော်ပြထားပါတယ်။ ခရစ်ယန် တရားရဲ့အနှစ်သာရ လို့ပြောလို့ရပါတယ်။ဂျေရုဇလင် မြို့ ဖျက်ဆီးခြင်းခံရပြီးအေဒီ ၇၀ နောက်ပိုင်းမှာ၊ ဂျူးတို့ကလည်း ဒီ ပညတ်ချက်ကို သူတို့ရဲ့ အထွဋ် အထိပ် ပညတ်တော် အဖြစ်ပြောလာကြတယ်။သူတို့ ကိုယ်ပိုင်မြေ မရှိတော့ဘဲ၊ သူတို့ ပိုင်တာဆိုလို့ဒီ ပညတ်ချက်သာဘဲ ကျန်တော့တယ်ဆိုပြီး၊ ဒီပညတ်တော်ကို၊နေ့တိုင်း အကြိမ်များစွာ ရွတ်ဆိုကြပါတယ်၊ ဆုတောင်းမေတ္တာ ရွတ်တဲ့သဘော ဖြစ်တယ်။

ဒီပညတ်ချက်၊သေချာကြည့်ရင်၊လက်တွေ့ လုပ်ဆောင်ဖို့၊ ခက်လွန်း၊မဖြစ်နိူင်တာတွေ့ရပါတယ်။ တို့တွေမချစ်နိူင်ကြ၊ မချစ်ချင်ကြပါဘူး၊ချစ်လည်း မချစ်လိုကြပါဘူး၊ချစ်ခြင်းမေတ္တာ အရာ အကန့်သတ်ရှိနေတာ ဝန်ခံကြရမှာပါ။အကန့်သတ် ရှိတဲ့ လူ ဖြစ်နေလို့၊ချစ်ခြင်းအရာမှာလည်း အကန့်သတ်ရှိနေတာ ငြင်းလို့မရပါဘူး၊ကိုယ့်အချင်းချင်းမချစ်နိူင်၊နီးစပ်သူကိုလည်းကိုယ့်ကိုယ်ကဲ့သို့ မချစ်နိူင်သလို၊မမြင်နိူင်တဲ့ ဘုရားကိုချစ်နိူင်ဖို့ဆိုတာကလည်း၊ အစပိုင်း ကပြောခဲ့သလို ၊အဲဒီ အဆင့်ထိ ချစ်နိူင်ဖို့ ၊ အင်မတန်ခက်ခဲတာ တွေ့ရတယ်၊ မဖြစ်နိူင်ပါ။

ချစ်ချင် ချစ်လို့ရတယ်၊ မချစ်ချင်ရင်လည်း မချစ်လို့ ရတယ် ဆိုပြီး လွယ်လွယ် ပြောကြသူလည်း ရှိတတ်ပါတယ်၊ ချစ်ခြင်းကို ကိုယ်တိုင် တိုးပွားအောင် လုပ်လို့ရတယ် လို့ အလွယ်လေး တွေးထင် မှတ်ယူနေတယ်။ချစ်ခြင်းကို ကိုယ်ပိုင်မှတ်ယူတဲ့ ဒီအတွေး အမှတ် မှားပါတယ်။ကျွန်ပ်တို့က ချစ်ခြင်းမေတ္တာကိုမပိုင်ကြသလို၊ အရင်းအမြစ်လည်းမဟုတ်နေပါဘူး၊ချစ်ခြင်းမေတ္တာရဲ့အရင်းအမြစ်က ဘုရားသခင်ပါဘဲ။အမြင့်မြတ်ဆုံး ပညတ်တော်ကိုဖြည့်ဆည်းနိူင်ဖို့၊ ကျွန်ပ်တို့စွမ်းအားတစ်ခုတည်းနှင့်တော့ မဖြစ်နိူင်ပါလို့ရဲရဲဝံ့ ဝန်ခံကြရမှာပါ။ရိုးရိုးသားသားနဲ့ ငါ့ရဲ့ ချစ်ခြင်းက အကန့်သတ် ရှိပါသေး၊နည်းလွန်းပါသေး၊ ဝန်ခံရမှာပါ

ဘုရားက လူကို အရင်ချစ်ပေးတယ်၊ဘုရားချစ်ခြင်းကို လက်ခံပြီးမှ၊ပြန်ချစ်နိူင်ကြတဲ့ ၊ လူတွေ ဖြစ်လာကြ ပါတယ်။ ရှင်ယောဟန် သြဝါဒပထမ စောင် ၄၊ ၁၉ မှာ ဘုရားသခင်သည်ကျွန်ပ်တို့ကိုရှေ့ဦးစွာ၊ချစ်တော် မူသောကြောင့် ငါတို့သည်လည်း ချစ်ကြ၏၊ ချစ်နိူင်လာကြ၏၊ ချစ်နိူင်လာကြဖို့၊ ဘုရားချစ်ခြင်း၊လူ့နှလုံးသားထဲ ထည့်ဖို့၊ လူ့ဇာတိလူ့အဖြစ်ကိုယူပြီးမှ၊လူ့နှလုံးသားထဲချစ်ခြင်း ထည့်ပေးခဲ့တာဖြစ်တယ်။ချစ်တတ်တဲ့ လူများဖြစ်အောင် ပြန်လည် ဖန်ဆင်း ပေးခဲ့တယ်။ပထမကျမ်း၊ ဟေဇကိယ၊ ၃၀ ၊ ၇ မှာ dried bone ချောက်ကပ် အရိုးစု မှလူ အဖြစ်ပြန်လည်အသက်သွင်းပေးတယ်၊ ချစ်ခြင်း မရှိ ချောက်ကပ်ကာမချစ်တတ် မချစ်နိူင် သေဆုံး အရိုးစုပမာ ကျွန်ပ်တို့ကို နှလုံးသားရှိပြီးချစ်တတ်၊ ချစ်နိူင်စွမ်းတဲ့၊အသက်သွင်းပေးခဲ့တယ်။ ဆာလံမှာ ဘုရားချစ်ခြင်းမေတ္တာ၊ထာဝရတည်ပါလားဆာလံဆရာ ချီးမွမ်းထား၊ဆုတောင်းထားတယ်။

ဒါကြောင့်ချစ်ခြင်းမေတ္တာ၊တိုးပွားဖို့ ဂျူးတွေ၊တစ်နေ့တာမှာ၊ ခဏခဏ ဆုတောင်းကြသလို၊ကျွန်ပ်တို့တွေ မကြာခဏ ဆုတောင်း ကြရမှာပါ။မနှစ်ကပျံတော်မူ ရဟန်းတော်ကြီးကိုယ်တော်မြတ် ဖူးတိုင်း ထပ်ကာရွတ်ဆိုတဲ့  In christ ,my love for you. O lord in christ my love. ရိုးရှင်းတယ်၊ အမှန်တကယ် လိုအပ်ချက် တစ်ခုလုံးကို တင်ပြတောင်းခံနေခြင်းဖြစ်ပါတယ်။

ကျွန်ပ်တို့လည်း၊ ချစ်ခြင်းမေတ္တာတိုးပွားဖို့အတွက်၊ ဘုရားထံ နေတိုင်းဆုတောင်းကြရမှာ ဖြစ်တယ်၊ကိုယ် ကိုယ်တိုင် မချစ်နိူင်ဘူး၊ချစ်ခြင်းမပိုင် အရင်းမြစ် မဟုတ်တဲ့တွက်၊လက်တွေ့ကျတဲ့ဆုတောင်း သံလေး၊ ဝေမျှလိုက်တယ်။ခွန်အား၊ အသက်၊ ရကြစေ။အသီးကောင်းများ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒကို ဝေမျှသည်။

gospel reflection