Pathein Catholic Diocese Untitled Document
Untitled Document
သူတော်ကောင်းယောင်ဆောင်များ

၂၀ ကြိမ် စနေ နေ့၊

သြဂုတ် ၂၀ ရက်။

ရှင်မဿဲ ၂၃ ၊ ၁ မှ ၁၂။

သူတော်ကောင်းယောင်ဆောင်များ

ဟောပြောတဲ့အတိုင်း၊ မကျင့်ကြံတဲ့၊ဖရိရှဲများ ကျမ်းတတ်များကို သခင်အပြင်းထန် ရှံ့ချသည်၊သူတို့နဲ့သခင့် ပဋိပက္ခ၊ အထွဋ်ထိပ်ရောက်ချ်န်၊ကျောင်းတော် အနီးတဝိုက်မှာဖြစ်၊ပုဂ္ဂိုလ်ရေးမဟုတ်ဘဲ၊ ဓမ္မ နှင့် အဓမ္မ၊တိုက်ပွဲ ၊ ခုခေတ်မှသာမဟုတ်၊ ဟိုးယခင်ကပင် ရှိခဲ့ ဖြစ်ခဲ့သည်။ သမ္မာနှင့် မသမ္မာ၊ အမှောင်နဲ့အလင်း၊ ချစ်ခြင်းနဲ့ အမုန်း၊ထိပ်တိုက်တွေ့သည်။ပထမကျမ်း ဘုရားသခင်၊ သူ့ရဲ့ဗိဗ္မာန်တော်ကို အလင်း ပုံစံမျိုးနဲ့ ၊ကြွလာပြီ၊ဖရိရှဲ တို့ ကျမ်းတတ်တို့ကသူတို့ အသိုင်းဝိုင်းထဲ၊ ဘုရားဝင်လာရင် သူတို့ မဟုတ်တာ လုပ်ထားသမျှပေါ်ကြတော့မယ်၊ သူတို့အတွက်၊နေရာမရှိတော့ ဆိုကာ ငြင်းခုန်ကြခြင်း ဖြစ်တယ်။ သမ္မာတရားကို၊အလင်းကို၊ငြင်းကြခြင်း ဖြစ်တယ်။

အဆုံးအထိ ငြင်းကြမှာပါ။သူတို့ကိုယ်ကိုဘဲ ချစ်ကြပြီး၊ တစ်ပါးသူကို မချစ်ကြပါ၊ ကိုယ့်သိက္ခာတက် အနေစားချောင်၊ ရာထူးတည်မြဲ၊ဘယ်သူဘာဖြစ်နေစေ၊လိမ်လည်လှည့်ဖြားပြီး၊ သူတော်ကောင်း၊ ယောင်ဆောင်၊နေကြတာဖြစ်တယ်။သူတို့ ပြုလုပ်သမျှ၊ ကြိုးစားသမျှ၊အများတွက်မဟုတ်ဘူး၊ဘုရားကိုချစ်တာ မဟုတ်၊ သူတို့ဂုဏ်တက်ဖို့၊သူတို့ဆီကို လူအများ အာရုံရောက်၊လူတို့လေးစား၊ကိုယ့်ကိုယ်ချစ်၊အတ္တ ကြီး၊လုပ်နေတဲ့အရာများဖြစ်တယ်။တကယ့် ချစ်ခြင်းမေတ္တာဝင်လာတဲ့အခါ လက်မခံနိူင်ကြတော့ပါ၊ အချစ်နဲ့ အမုန်း တိုက်ပွဲ ဖြစ်လာတယ်၊သူတို့သခင့်ကို ငြင်းပယ်၊သတ်ပစ်ကြတဲ့အထိ၊ ဒီ ပဋိပက္ခ အဆုံးထိ ရောက်တော့မဲ့ အချိန် ဖြစ်နေတယ်။တကယ်လည်း သတ်ပစ်ကြတယ်၊ဒါပေမဲ့၊သမ္မာတရား၊ပြန်နိူင်ပါတယ်။ သခင်၏ရှင်ပြန် ထမြောက်ခြင်းဖြင့်၊သူ့လူတွေကို ပြန်လည် စုစည်းခြင်းဖြင့်၊အသင်းတော်ကို တည်ထောင်၊အနိူင်ယူခဲ့တယ်။

ကျွန်ပ်တို့ ယုံကြည်သူများ စွဲမြဲစွာ၊မှတ်သားရမှာက၊ လွန်ဆွဲပွဲ ၊ ဒီလိုပဋိပက္ခ တွေမှာ ၊ သမ္မာတရား အမှန်ကသာ အမြဲ အနိူင်ရတယ်ဆိုတာပါ။နောက်တစ်ချက်၊ ခရစ်ယန်အဖွဲ့စည်းတွေထဲမှာ ခေါင်းဆောင် ပိုင်းဟာဒီပုဂ္ဂိုလ်တွေ လိုမျိုး မလုပ်ဖို့၊အပြောတမျိုး အလုပ်တမျိုး မဖြစ်ကြဖို့၊သခင်က ညွှန်ပြပြီး ခရစ်ယန် အဖွဲ့အစည်းကိုလည်း၊ စတင်ကာခေါင်းဆောင်၊ နောက်လိုက် စသည် ဖွဲ့စည်းပါတယ်၊ခေါင်းဆောင်ရာထူးက၊ဂုဏ်ထူး ရာထူးတွက် မဟုတ်ပါဘဲ၊အစေခံဖို့အတွက်၊ပေးတဲ့ လုပ်ငန်းတာဝန်လို့ မြင်ကြရမယ်။အခြေခံငဘောအရ အတူတူပင်ဖြစ်တယ်။

မြေကြီးပေါ်မှာ၊ မည်သူကိုမှ အဖမခေါ်နဲ့၊ ဆရာသခင် မခေါ်နဲ့၊အဖဆိုတာ ကောင်းကင်ဘုံရှင် အဖ တစ်ပါးတည်းပါ၊ ကျန်ပုဂ္ဂိုလ်များကနော့ လေးစားလို့သာခေါ်တဲ့ ၊သဘော၊သူတို့လုပ်ငန်းတာဝန် တွက်ခေါ်တဲ့ သဘော ဖြစ်တယ်၊ အာဘာဆိုတာ ခမည်းတော် တစ်ပါးတည်းအတွက်၊သီးသန့် ရည်ညွှန်း ရွေးထားတဲ့ ဘွဲ့ နာမ သာဖြစ်တယ်။ဆရာသခင် ဘွဲ့နာမ သည်လည်း၊ခရစ်တော် သခင် တစ်ပါးတည်းကိုဘဲ ရည် ညွှန်းတယ်။ လုပ်ငန်းတာဝန်အရ လောက လူတို့ အချင်းချင်းခေါ်ကြသော်လည်း အခေါ်ခံကြရသူတို့ကလည်း၊ သူတို့ ဂုဏ်ကြောင့်ခေါ်ခံကြရတယ်ဆိုသည်ထက်၊ လုပ်ငန်းတာဝန်အရ အစေခံဖို့တွက်သတိပေးတယ် အနေမျိုး ကြားကြရမှာ ဖြစ်တယ်၊။

ဒါတွေ ပြန်တွေးပြီး ဆရာသခင်ရှိတဲ့သမ္မာတရားဖက်ကရှိဖို့ ၊ ကိုယ်ကိုယ်တိုင် နေရာပျောက်ပါစေ၊ ဘုရားကိုနေရာပေးဖို့၊ ဘုရားကိုနေရာပေးလို့ကိုယ့်နေရာ ပျောက်သွားတယ် မရှိပါဘူး၊ဘုရားကို၊ညသမ္မာတရားကို နေရာပေးခြင်းဖြင့် ၊ ကိုယ့်နေရာ ထာဝရ ရရှိမယ်၊ ဆိုတာ ခရစ်ယန်တို့စွဲမြဲ ယုံကြည်ကြရပါမယ်။ခွန်အား၊ အသက်၊ ရကြစေ။အသီးကောင်းများ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒကို ဝေမျှသည်

gospel reflection