Pathein Catholic Diocese Untitled Document
Untitled Document
ကျဥ်းမြောင်းသော တံခါးဝ

၂၁ ကြိမ်သာမန် တနင်္ဂနွေနေ့။

၂၁ ၀၈ ၂၂။

ရှင်လုကာ၊ ၁၃၊ ၂၂ - ၃၀။

ကျဥ်းမြောင်းသော တံခါးဝ

ခရစ်ယန်များ၊ယုံကြည်သူများရဲ့ဘဝသက်တာ၊ခက်ခဲတယ် ကြိုးစားရုန်းကန်ရမယ်လို့ သခင် အခိုင်အမာ မိန့်ဆိုတယ်၊ဘုရားသခင်ဘက်ကအားလုံးပြင်ဆင်ပေးတယ်၊ အမျိုးမျိုး ကျေးဇူးတော် ကူညီထောက်ပံ့မှု စီရင်ဆောင်ရွက် ပေးနေတယ်လို့မကြာခဏ ကြားရ၊သွန်သင်ခံကြရ၊အမှန်လည်း ဟုတ်ပါတယ်။

ကယ်တင်ခြင်းရဖို့ ဆုကျေးဇူးများ၊လူ့ဘဝထဲ ပါရှိနေ၊ အစမှ အဆုံးတိုင်ပါရှိနေမှာ လုံလောက်ပြင် ပိုလျှံနေမှာပါ။ ဘုရားဖက်က အစစ စီရင်ပေးနေတာကြောင့်၊ ကျွန်ပ်တို့ကတစ်ဖက်စွန်း ရောက်တတ်ပါတယ်။လူတွေဖက်က အခွင့်ကောင်းယူပြီးကယ်တင်ခြင်းဆိုတာစျေးပေါပေါ နဲ့ရတဲ့ အရာ၊လို့ မှတ်ယူလာတတ်ကြပြန်ပါတယ်၊ ပုံမှန်နေထိုင်အသက်ရှင်အချိန်တန် ကယ်တင်ခြင်း ရမှာပါ လို့ပေါ့ပေါ့တွေး ကြတဲ့ ကျွန်ပ်တို့အပါအဝင် ပုဂ္ဂိုလ်များလည်း ရှိနေမှာပါ။

ဘုရားရှင်ရဲ့ သနားခြင်း mercy နဲ့တရးမျှတခြင်း justice ကလည်းမျှတ၊ သဟဇာတ ရှိရှိ ကျွန်ပ်တို့ တွေးရမှာဖြစ်တယ်။ ဘုရားရဲ့ သနားခြင်းကိုဘဲ အားကိုး ၊သနားတတ်တာကို အခွင့်ကောင်းယူ၊ တကဲ့တကယ် ဆုံးဖြတ် ရာမှာလည်း ပြတ်သားတဲ့ပုဂ္ဂိုလ် အဖြစ် နောက်ဆုံးမှာ တွေ့မြင်ရမယ်ဆိုတာလည်း အမြဲဘဲမှတ်ထားရမှာ ဖြစ်ပါတယ်။

ဒီလို ပုဂ္ဂိုလ် များအတွက် ဒီနေ့ကျမ်းပိုဒ်က ပြတ်သား ရှင်းလင်း အသိပေးသတိပေးတယ်၊ယုံကြည်သူ ဘဝသက်တာက တကယ်လည်း မလွယ်၊ကယ်တင်ခြင်း ရဖို့ကလည်း မလွယ်တဲ့ အခြေနေပါ။ကျဥ်းမြောင်းတဲ့တံခါးဝ ကဘဲ ဝင်ကြရမှာ ဖြစ်တယ်။ဘုရားကို အပေါ်ယံကြော သိယုံ၊နူတ်က ဘဲ ခေါ်နေယုံ နဲ့ မရပါဘူး၊အဲ့ဒီလိုလောက် သိယုံနဲ့ ဘုရားကိုတကယ်သိပြီ လို့ လုံးဝ ပြောမရပါ။မင်းမသိတော့ ဘုရားကလည်းမင်းကိုငါမသိလို့ ပြတ်ပြတ်ပြောမှာ၊စီရင်ချက်၊ရှင်းလင်း၊တိုတောင်း၊ပြတ်သားတဲ့ စကားလုံးဖြစ်တယ်။

ဘုရားက ကိုယ့်ကို မသိတာလောက်နာကျင်စရာ၊ ကြောက်စရာ မရှိပါ။ဘုရားကမသိဘူးဆို၊ပျောက်သွား၊ တို့ဘဝဘာမှ ရှိတော့မှာမဟုတ်၊မသိဘူးပြောလိုက်တာ၊ ကယ်တင်ခြင်းမရဘူး နိုင်ငံတော် မဝင်ရဘူးပြောတာပါ။လူရဲ့ပူးပေါင်းပါဝင်မှုကယ်တင်ခြင်းအတွက် လိုအပ်တယ်၊ ကျေးဇူးတော်နှင့် လူရဲ့ ပါဝင်မှု ပေါင်းစပ်ပါမှ ကယ်တင်ခြင်းရမယ်။သြဂုတ်စတင်းကျေးဇူးတော်အကြောင်း ပြောသလိုလူ့ရဲ့ပူးပေါင်းပါဝင်မှုလို အပ်ကြောင်းမကြာခဏပြောတယ်၊မင်းမပါဘဲမင်းကို ဖန်ဆင်းခဲ့တဲ့ ဘုရားဟာ၊မင်းမပါဘဲ မင်းကို မကယ်တင်နိူင်၊မကြာခဏ ပြောခဲ့တယ်။ယုံကြည်သူ ဘဝသက်တာ၊အခက်ခဲတွေ့လာမယ်ဆိုတာ၊သိမှတ်ပြီး၊ အခက်ခဲ ကြုံချိန် ဦးလည်မသွားဘဲဒီစကား အမှတ်ရနေရမယ်။လျှောက်နေတာ လွယ်ကူတဲ့ လမ်းမဟုတ်၊အသင်းတော်သွန်သင်ချက်၊ ဘုရားပညတ်တော်များဟာ၊အပြည့်ဝလိုက်နာနေပါက၊ အခက်ခဲများစွာတွေ့ရမှာပါ၊ ကိုယ်တိုင်ရဲ့ အခက်ခဲဘေးနား အသိုင်းအဝိုင်းက အခက်ခဲအမျိုးစုံ တွေ့ရမှာပါ၊ခံနိူင်ဖို့ အရေးကြီးတယ်၊ ဒုတိယ ကျမ်းမှာ အခက်ခဲ တွေကိုဖခင် ရဲ့ ပဲ့ပြင် ဆုံးမတဲ့အရာ လို့မှတ်ယူပါ ဆိုပြီး စိန့်ပေါလု ကဟေဗြဲ သြဝါဒ မှာ ပြောထားတယ်။ခြေကုန် လက်ပန်းကျ၊ဒူးမခိုင်တဲ့ချိန်ပြန်ပြီး အားယူရမှာ၊ ဖခင် ဆုံးမပဲ့ပြင်နေတယ် ဖခင် အနားမှာ ရှိနေတယ် ယုံကြည်ချက်က အားဖြည့်ပေးမှာ ဖြစ်တယ်။

ဒီလို ဖခင်အဖြစ် ရှိနေပေးလို့သာ၊ ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့နေရခြင်းလို့ မှတ်ယူကြရမယ်၊ ပထမ ကျမ်းမှာလည်းပရောဖက် ဟေရှာယ ကအနယ်နယ်အရပ်ရပ်က၊တိုင်း နိူင်ငံ အသီးသီးက ပုဂ္ဂိုလ်များ စုဝေး ရောက်ရှိနေတာကို ၊ ကြိုမြင်နေပါတယ်၊ဒီ အသိုင်းအဝိုင်းထဲမှာ တို့များဝင်ဖို့၊ကျွန်ပ်တို့ ချစ်ခင်တဲ့ သူများ၊ဘိုးဘေးများ၊ပရောဖက်များ၊ရဟန္တာများ၊ ဘုရား ကိုယ်တိုင် ရှိနေတဲ့၊ဒီ နိူင်ငံတော်ကိုဝင်ဖို့ဆိုရင်၊ဒီအခက်ခဲတွေ ကျော်ဖြတ်ရမှာပါ၊ မရှောင်ရှားကြဘဲ၊ ကျေးဇူးတော်ကို အမှီပြုကြကာ ကျော်ဖြတ်ဖို့ ကြိုးစားကြစို့။ခွန်အား၊ အသက်၊ ရကြစေ။အသီးကောင်းများ သီးစေ။

 Fr.Florence  Aung Kyaw Oo ရဲ့သြဝါဒကို ဝေမျှသည်

gospel reflection