Pathein Catholic Diocese Untitled Document
Untitled Document
မယ်တော်၊ဘုရင်မဘွဲ့ ပွဲနေ့

၂၁ ကြိမ် တနင်္လါ

သြဂုတ် ၂၂ ရက်။

မယ်တော်၊ဘုရင်မဘွဲ့ ပွဲနေ့

ရှင်မဿဲ ၂၃ ၊ ၁၃ - ၂၂

ကျမ်းတတ်များ၊ဖရိရှဲ များကို၊လမ်းပြသောမျက်ကန်းများ လို့သခင် အပြင်းထန်ဆုံး စကားလုံးအသုံးပြုကာ ရှုံ့ချထားတယ်၊သူတို့က အရေးကြီးတဲ့အရာ နဲ့အရေး မကြီးအရာကို ထက်အောက်ပြောင်းပြန်လှန် ကာ ရှုပ်ထွေးအောင်လုပ်လိုက်ကြတယ်။

ဗိဗ္မာန်တော်ထက်၊ ဗိဗ္မာန်တော်က ရွှေကို ပိုအရေးကြီးလုပ်၊ ယာဇ်ပလ္လင်ထက်၊ အပေါ်က ယာဇ်ကောင် ပိုပြီးအရေးပါ၊ သစ္စာပြု ကျိန်ဆိုရာမှာ၊ဗိဗ္မာန်တော်ထက် ဗိဗ္မာန်တော်က ရွှေကို တိုင်တည်ကြ၊ အရှေ့အနောက်အစီစဥ် ပြောင်းပြန် လုပ်ကာ ပိုပြီးရှုပ်ထွေးစေခဲ့တယ်။

ပင်စိမ်း၊ စမုံ၊ ဇီယာ စသည့် သေးမွှားသီးနှံ ဆယ်ပုံ တစ်ပုံ ပေးရမဲ့ ဥပဒေသ အလေးပေးပြီး၊ အရေးကြီးတဲ့တရားမျှတ စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊သစ္စာစောင့်စည်းခြင်း၊အရေးကြီး အရာများကို ၊ ခုနကအရေးမကြီးတာနဲ့ အစားထိုးတယ်။

အပြင်ဖက် စင်ကြယ်မှု ကို အတွင်းသက် စင်ကြယ်မှုထက် ပို အရေးကြီးနေတယ်၊ ဥပဒေ လက်တလုံးခြားရောထွေးပစ်လိုက်တယ်၊ အပေါ်ယံကို စစ်မှန်တဲ့အရာ သတ်မှတ်ပြီးအတွင်းသက် အနှစ်သာရနဲ့ အပြင်ပကာသန ကိုဇောက်ထိုးပြုကာ၊သူတို့သာအရေးကြီးဆုံးဖက်ဦးတည်လိုက်တာကို သခင်က ပြင်းပြင်းထန်၊အ မင်္ဂလာ လို့ ရှုံ့ချပါတယ်။ အမြင့်ဆုံး ပြင်းထန်မှုပါ၊ အ မင်္ဂလာ လို့သုံးခြင်းဖြင့် သူတို့ရဲ့ ပျက်စီးခြင်း ကိုကြေညာလိုက်ခြင်း ဖြစ်တယ်။

မြင်ရမှာမမြင်၊ မမြင်ရမှာမြင်တဲ့မျက်ကန်း၊ ကိုယ်တိုင် ဘုရားမမြင်ဘဲသူများကိုလမ်းပြနေတဲ့ မျက်ကန်း။သက်သာလောနိသားတို့ ဒုက္ခ ကြုံရချိန်၊ခံနိူင်နေတာ၊ယုံကြည်ခြင်း၊ဘုရားကို ချစ်ခြင်း၊ အချင်းချင်းကိုချစ်ခြင်းဖြစ်တာ သံပေါလု ကတွေ့တယ်၊အမှာစာရေး အားပေးတယ်။

ရှင်ပေါလုက ဖရိရှဲ များလို မဟုတ်ဘဲအတွင်းသက် ၊ပိုနက်ရှိုင်းတဲ့ အရေးကြီးတာကို မြင်ပြီး၊ အားပေးတယ်၊မင်းတို့ ယုံကြည်ခြင်း၊တိုးပွားနေတာဝမ်းသာတယ်၊ ချစ်ခြင်း ရှိနေကြတာအားရတယ်လို့၊ သူကိုယ်တိုင်လည်းဆုတောင်းပေးနေတယ်၊ရှင်ပေါလုကအပေါ်ယံထက် အတွင်းဖက်ကရှိတဲ့အရာများကို ထုတ်ဖော် ပြတယ်။

ကျွန်ပ်တို့လည်း၊ ယုံကြည်ခြင်းနဲ့ ဘုရားကို အမြဲ မြင်နေဖို့ အရေးကြီးတယ်၊ယုံကြည်ခြင်းအခြေခံ အချက်ဘုရားသခင်က သူ့ကိုယ်ကို ဖော်ပြတယ်၊သူ့ကိုယ်ကို လူသားတွေထံ ပေးအပ်လာတယ်။အဖြစ်တော်၊ဘုန်းဂုဏ်တော်၊ အသက်တာကိုလူသားတွေထံ ပေးအပ်လာတယ်။ပြတာနဲ့ပေးတာ တစ်ဆက်တည်းဖြစ်တယ်၊ ကျမ်းစာမှာ သခင်ကိုတွေ့ရခြင်းဟာ သခင်ကို ပိုင်ဆိုင်ရခြင်းဘဲလို့ တွေ့ရပါတယ်။ 

အသင်းတော်ရဲ့ မြတ်သော အယူဝါဒမှာလည်းဖော်ပြတယ်၊To see God is to possess him. ယုံကြည်ခြင်းအားဖြင့်သာ မြင်တွေ့ နိုင်တယ်၊အပေါ်ယံလွှာ မြင်နိူင်တဲ့အရေးမကြီးတာတွေထက်၊ ပိုနက်ရှိုင်းတဲ့နေရာပို အရေးကြီးတဲ့ အရာတွေကိုမြင်ဖို့အရေးကြီးတယ်၊အထူးသဖြင့်ဘုရားကို ယုံကြည်ခြင်း မျက်စိနှင့် အမြဲမြင်တွေ့နေဖို့ အရေးကြီးတယ်။မြင်တွေ့နေပြီဆိုရင် လောကမှာလုပ်ဆောင်သမျှ အရာတိုင်း၊ကျွန်ပ်တို့ အသက်ရှင်သမျှ နေရာတိုင်း၊အဓိပ္ပါယ်အသစ် မြင်လာမယ်။

ဖရိရှဲ တို့ကတော့ မမြင်ဘူး၊ မြင်ဖို့လည်း မကြိုးစားဘူး၊ သူတို့ကိုတချို့နေရာမှာ နားပင်းသူတွေလို့ခေါ်ပြီး၊ ဒီမှာတော့ သခင်က၊ ကန်းနေသူများလို့ ပြောတယ်၊ ကျွန်ပ်တို့လည်း သူတို့ကဲ့သို့ မကန်းရအောင်၊နားမပင်း ရအောင် ယုံကြည်ခြင်းဖြင့်ဘုရားကို အမြဲတွေ့အောင် ကြိုးစားကြစို့၊ ဘုရားကိုတွေ့ပြီဆိုရင်၊ ဘုရားကလည်း တို့ကို တွေ့နေတယ်၊လည်းတွဲပါနေတယ်၊ ဒီအခါ ဘဝဟာအသစ် အဓိပ္ပါယ် ၊ အနှစ်သာရ၊နဲ့ပြည့်ဝလာပါတော့တယ်။ခွန်အား၊ အသက် ရကြစေ၊အသီးကောင်းများ သီးစေ။

 Fr. Florence Aung Kyaw Oo ရဲ့ သြဝါဒကိုမျှဝေသည်။

gospel reflection