Pathein Catholic Diocese Untitled Document
Untitled Document
အ မင်္ဂလာရှိခြင်း

၂၁ ကြိမ်၊ အင်္ဂါနေ့၊

သြဂုတ် ၂၃ ရက်။

ရှင်မဿဲ ၂၃၊ ၂၃ - ၂၆

အ မင်္ဂလာ ရှိခြင်း၊

မနေ့ ကျမ်းပိုဒ် အဆက်ပါ၊ တောင်ပေါ်ဒေသနာ၊မင်္ဂလာတရားနဲ့ယှဥ်တွဲနာယူလို့လည်းရတယ်၊မင်္ဂလာရှိသူများက၊ဘုရားပေးတာကိုလက်ခံတယ်၊ တစ်ခြားအားကိုးစရာမရှိ၊ လက်ခံမဲ့အနေထားမှာအမြဲဘဲအသင့်ရှိနေကြတယ်။

အ မင်္ဂလာ ရှိသူများကြတော့၊အဆင်ပြေ၊အလုပ်ဖြစ်၊ကိုယ်ကျင့်တာနဲ့ လုံလောက်၊ self sufficiency. သူတို့ကိုယ်ကို ပိတ်ထား၊ ချစ်ခြင်းမေတ္တာပိတ်ထား၊လက်မခံကြသူများဖြစ်ကြတယ်။ ကိုယ်လုပ်တဲ့ ကောင်းမှုသေးသေး ပုံကြီး ချဲ့ကာ လုံလောက်နေပြီမှတ်ထင်ကာ၊ မလုပ်နိူင်တဲ့၊ပျက်ကွက်တဲ့ အမှုကြီးတွေကိုတော့၊ဘာမှ မဟုတ်၊အသေးဖွဲပါကွာ၊လစ်လျူပြုသူများ ဖြစ်ကြတယ်။

တရားသဖြင့် စီရင်ခြင်း၊ သူတပါးကိုသနား​ခြင်းစိတ်၊သစ္စာစောင့်သိခြင်း၊ကျင့်ဝတ်များ မကျင့်ဘဲ၊ ဆယ်ဖို့တဖို့လှူတာလေး ပုံကြီးချဲ့၊ကြတယ်။ကျွန်ပ်တို့လည်း၊သူတို့ကဲ့သို့ မာနရှိနေပြီလား၊လုပ်တဲ့သေးသေးကိုအကြီးကြီးဖြစ်၊ လုံလောက်နေပြီ၊တွေးထင် မာန ရှိနိူင်သည်၊ မာနကကိုယ့်တွက် ကျေးဇူးတော် လိုအပ်တယ်၊ သန့်စင်ပေးဖို့ လိုတယ် ကိုငြင်းပယ် လက်မခံတဲ့ အရာ ဖြစ်တယ်။ 

ယောဟန် ၁၃ ၊ ၁၀ မှာ သန့်ရှင်းပြီ၊အကုန်မဟုတ်သေး လို့ သခင်ပြောတာ မာနရှိသူ တွေကို ဖြစ်တယ်။ကြပ်ကြပ်တည်း Alert ပြောတယ်၊နှိမ့်ချခြင်း ကိုယ်တိုင် ရှိရမယ်၊ပြီးမှသခင့်ဆီ အပ်နှံ ရမယ်၊ သခင့်ရဲ့နှိမ့်ချခြင်းကလည်း ကျွန်ပ်တို့ထံ၊ကူးစက်ရမယ်၊ဒါလုပ်ဖို့ သခင်ဖိတ်ခေါ်တယ်၊ဆုံးရှုံးရတယ်လို့ ခံစားမိနိူင်တယ်၊ ငါတော့ နိမ့်ကျပြီ၊လုပ်နိူင်တာ သေးသေးလေး နည်းနည်းလေး၊ဘဲရှိ၊ အကြီးတွေ လွတ်ကုန်ပြီ၊အားငယ်စိတ် ဖြစ်ကောင်းဖြစ်နိူင်ပေမဲ့၊သခင့်ရဲ့ စင်ကြယ်ခြင်း၊တို့များထံသို့ရောက်လာကာ ပြန်မြှင့်တင် ပေးတဲ့အတွက်၊အားငယ်စရာမလိုဘဲ၊သခင်နှင့်အတူ စားပွဲတော်မှာ ထိုင်နိူင်တဲ့အဆင့် ရောက်မှာ ဖြစ်တယ်။

ဘုရားသခင် ကိုယ်တိုင်နဲ့၊ အတူတူထိုင်နိူင်တဲ့ အဆင့်ရမှာ ဖြစ်တယ်။ဝိညာဥ်ရေးသက်တာမှာလည်း၊အတွင်းပိုင်းကို သခင်ရဲ့ ချစ်ခြင်းနဲ့အမြဲ ဆေးကြော သန့်စင် ဖို့လိုတယ်အပြင်ပိုင်းကိုဘဲ အလှဆင် ကြိုးစားစောင့်ထိန်း ကာ အကြီးကြီး ဖြစ်နေပြီ၊မာန တက်နေသည်ထက် အတွင်းပိုင်း ဘုရားကိုယ်တိုင် ပါဝင်ဆေးပေးပါမှ ဖြစ်မယ် ဆိုတဲ့ နှိမ့်ချစိတ်နဲ့ အမြဲသခင့်ကို လက်ခံဖို့ အသင့် ဖြစ်နေပါမှ၊ သူလိုချင်တဲ့၊သူပေးလိုတဲ့၊မင်္ဂလာကို ရရှိကြမှာ ဖြစ်တယ်။

ဖရိရှဲ ကျမ်းတတ် တို့ကဲ့သို့ မာနကိုခံထားခြင်းဖြင့် သူ့ရဲ့စီရင်ခြင်း၊သူ့ရဲ့အ မင်္ဂလာကို လက်ခံရရှိမယ်၊ဒီနေ့ဘာလုပ်ရမယ် သိပြီး၊ လုပ်ဆောင်နိူင်ဖို့ သခင့်ထံတော် ဆုတောင်းခြင်းဖြင့်ကျေးဇူး တောင်းခံကြစို့။ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒကိုမျှဝေသည်

gospel reflection