Pathein Catholic Diocese Untitled Document
Untitled Document
တမန်တော်ကြီး ဘာသလိုမြူး

သြဂုတ် ၂၄၊ ဗုဒ္ဓဟူးနေ့။

တမန်တော်ကြီး ဘာသလိုမြူး

နာသနာအဲလ် ဟု ခေါ်တွင်ခဲ့သူ။ကာနန် မြို့ဇာတိသား၊မိတ်ဆွေဖိလစ်က ကယ်တင်ရှင်တွေ့ပြီ လို့ပြောတော့၊ ဟုတ်လို့လား နာဇရက်ကနေ ကောင်းတဲ့အရာ ထွက်မလားပြောခဲ့သူ၊ဖိလစ်က လာကြည့်ပါ၊ပြောတော့၊ကြားလူစကားနဲ့ မလုံလောက်သေးတဲ့ နာသနာအဲလ်က၊ကိုယ်တိုင်ကိုယ်ကျ သိရမှ၊ စိတ်နဲ့သခင်ကို သွားတွေ့ခဲ့တယ်။ခရစ်ယန်တို့ သတင်းကောင်းကိုမျိုးဆက်ဆင့် လက်ကမ်းကာ သိခွင့်ရကြတယ်၊သို့သော်တို့များကိုယ်တိုင်သခင်နဲ့ အတွင်းကျ ထိတွေ့ ရင်းနှီးကျွမ်းဝင် အဆက်သွယ်၊ရလိုစိတ်ကနာသနာအဲလ် လိုဘဲ၊ရှိကြရပါမယ်။တိုက်ရိုက် ဆက်သွယ်လိုကြရမယ်။

ယောဟန် ၄ ၊ ၄၂ ယာကုပ်ရေတွင်းမှာ သခင်ရဲ့ သတင်းစကားကြားရ၊ဆမာရိတန်အမျိုးသမီး၊ပြန်ပြောတာ ကြားရတဲ့ ရွာသားများ သခင် ကို၊ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ သိလိုစိတ်န​ြ ရွာပြင် ရေတွင်းထိ၊သခင်ကို လာရောက်ထိတွေ့ ဆက်သွယ်၊နာယူ ကြားနာလိုကြတဲ့စိတ်ဓာတ်မျိုး နာသနာအဲလ် စိတ်မျိုးအတူတူပါ။နာသနာအဲလ်က၊သခင့်ထံအရောက်၊ကောက်ကျစ် စဥ်းလဲကင်း အစ္စရေးလူမျိုး စစ်စစ်ကို ကြည့်လော့ လို့၊သခင်ပြောတယ်။ ဆာလံ ၃၂။သခင့်ချီမွမ်းခြင်းက နာသနာအဲလ်ရဲ့သိလိုစိတ် စူးစမ်းလိုစိတ် ပိုနိုးဆွပေးသလို ဖြစ်တယ်။

ကိုယ်တော် တပည့်တော်ကို ဘယ်လိုသိသလဲ၊ဖိလစ် မင်းကိုမခေါ်မီတည်ပင်အောက်မှာပင် ငါမြင်ခဲ့ပြီ၊သူ့နှလုံးသား လှုပ်ရှား၊ သခင် သူ့ကိုနားလည်မှန်း ခံစားရသလို၊သူလည်းသခင့်ကို နားလည်သွားပါတယ်။ဒီပုဂ္ဂိုလ် ငါ့အကြောင်း အကုန်သိ၊အသက်လမ်းက သူမှာရှိနေတယ်၊ယုံကြည်ထိုက်သူဖြစ်တယ်၊သိပြီးကိုယ်တော်သည် အစ္စရေး ဘုရားသခင်၏ သားတော် ဖြစ်ပါ၏၊ အစ္စရေးလူမျိုး၏ ဘုရင်လည်း ဖြစ်တော်မူ၏၊လို့ ပြောခဲ့ပါတယ်။သခင့်ဇာတိ နှစ်ခုလုံးကိုဖော်ပြတယ်၊ခမည်းတော်နှင့်သခင်၏ ဆက်နွှယ်မှုနီးစပ်ခြင်း၊ ဘုရားအဖြစ်တော်ကိုဖော်ပြသလို၊ အစ္စရေး လူမျိုးမှာမွေးဖွားလာတဲ့ လူသားစင်စစ် ဖြစ်တာကိုလည်းဖော်ပြတယ်။အဲ့ဒီ အချိန်၊ စတင်ပြီး နာသနာအဲလ်ဟာ သခင်နဲဲ့၊မခွဲမခွာ အမြဲ အတူတူရှိခဲတယ်၊သခင့်ထံပါး နွယ်လာခဲ့၊သခင့်ကို သက်သေခံတဲ့သေခြင်း၊ဓမ္မအာဇာနည် အဖြစ်အသက်စွန့်ခဲ့တယ်။မှတ်တမ်းများဖတ်ရတာက၊သခင့်တွက် အသက်ပေးရချိန်မှာကိုယ်အရေပြား အခွံလွှာခံရတယ်။အန္ဒိယ နိူင်ငံထိ သာသနာပြုခဲ့တယ်။

နာသနာအဲလ် က ကြီးမားတဲ့ မဖြစ်၊လူတို့တခဲနက်အုတ်အော်သောင်းနင်းဖြစ်စေတာမျိုး မလုပ်ဆောင်ခဲ့ပါ၊ဘူမသိ သူမသိဘဲ သခင်နှင့်သူရဲ့ဆက်နွှယ်နေမှု ၊ ကိုယ်တိုင်ကိုယ်ကျအထူးဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ် ဘဲဖြစ်တယ်၊ ဆိုတာ မှတ်ယူကြပြီး၊အဆက်သွယ်ရဖို့သာ အဓိက ဖြစ်တယ်၊အဆက်သွယ်ရလျှင် ပြီးပြီဘဲ၊ကျန်တာတွေ၊ထူးခြားပြောင်မြောက်နက်နဲ့တဲ့အရာ ဖြစ်လာကြမယ် လို့ကျွန်ပ်တို့မှတ်ယူကြရမယ်။ ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr. Florence Aung Kywa Oo ရဲ့ သြဝါဒကို မျှဝေသည်

gospel reflection