Pathein Catholic Diocese Untitled Document
Untitled Document
ဒုတိယ အကြိမ် ကြွလာခြင်း

သြဂုတ် ၂၅ ကြာသပတေး။

မဿဲ ၂၄း ၄၂ - ၅၁

ဒုတိယ အကြိမ် ကြွလာခြင်း

သခင် ဒုတိယ အကြိမ် ကြွလာခြင်းအတွက် အသင့် ရှိကြရန်။နောက်ဆုံး အချိန် ဘယ်တော့လဲ၊ဘယ်ပုံလဲ၊ မတိုင်မီချိန် ဘာနိမိတ်၊ဘာကပ်ဘေး ကြုံရမလဲ၊အမျိုးမျိုးထင်ကြေး၊ ခန့်မှန်းချက်၊ပြောဆိုမှု၊ကြားကြရသည်။ ကြားမိတော့၊ကြောက်မိကာ၊ပြင်ဆင်ကြတယ်၊ဝိညာဥ်ရေး မပြင်ကြဘဲ၊မှားယွင်း ပြင်ဆင်ကြတယ်။ ဖြစ်မလာသေးပြန်တော့၊လှောင်ရယ်ကြတတ်ပြန်တယ်၊ဒီလိုမျိုး ဖြစ်တာဟိုး ရှင်ပေတရု တို့ အချိန်ကတည်းကပါ၊ ပေတရု သြဝါဒ ဒု ၃ ၊ ၃ မှ ၄ဒီလိုအဖြစ်မျိုး ခရစ်ယန်တို့၊အစောကာလကပင် ကြုံတွေ့ခဲ့ရ၊ ဘုရားရဲ့သဘော ရှာဖွေနိုင်သလို ပုံစံနဲ့၊ရက်စွဲအတိကျနဲ့ ပြောဆိုကြတာလဲ ကြုံရ၊အဲ့လို ခန့်မှန်းချက်မျိုး မပြုရပါဘူး၊ သခင်မိန့်တာက အဲ့ဒီ အချိန်အတွက်အသင့်ဖြစ်နေဖို့သာဖြစ်တယ်၊အသင့်ရှိနေသူတွက်ဘယ်ချိန်ဘယ်ပုံဖြစ်စေ မတုန်လှုပ်ဘဲ၊တည်ငြိမ် ရင်ဆိုင်ပြီးကျော်ဖြတ် နိူင်မယ်။အသင့်ရှိသူဆိုတာဘယ်လို ပုဂ္ဂိုလ်မျိုးပါလဲ၊ ဝိညာဥ်ရေးမှာ နိုးကြား၊ရရှိထားတဲ့ ကျေးဇူးတော်၊ ဘဝအခြေ အနေ များကို ကိုယ်ပိုင်အဖြစ်မသတ်မှတ်ဘဲ၊ ထိန်းးသိမ်း စောင့်ရှောက်ဖို့ တာဝန်ရှိနေသူ၊ ဆိုတဲ့အသိနဲ့ ဘဝပေး တာဝန်ကို သစ္စာရှိရှိ၊ ကျေပွန်စွာ ဆောင်ရွက်နေဖို့ဘဲ ဖြစ်ပါတယ်

ပထမ ကော်ရင်သီ ၁ ၊ ၅ မှာရှင်ပေါလုက သင်တို့သည် သခင်၌နုတ်စွမ်းရည်၊ အသိဥာဏ်စွမ်းရည်အပေါင်းတို့နှင့်၊ ပြည့်စုံ ကြွယ်ဝကြသည်၊လို့ပြောထားတယ်။ အငယ်၇ မှာ၊ စောင့်မျှော်နေကြစဥ်၊ သင်တို့တွင်ဝိညာဥ်ရေး ဆိုင်ရာကျေးဇူးတော် များ လစ်ဟင်းသည် ဟူ၍မရှိ၊ ဒီအရာများ အားလုံးမှာ ၊ ရှိနေကြတယ်။ဒါတွေက လက်ဆောင်ဖြစ်လို့ ကိုယ်ကြိုးစားအားထုတ်လို့ကိုယ့်ထဲက ထွက်လာတာ မဟုတ်တာကို ကြပ်ကြပ် သတိထားရမှာဖြစ်တယ်၊ ဒါတွေကို လက်ထဲကိုင်ပြီးကိုယ်ပိုင်အဖြစ်နဲ့ သုံးဖို့ ရည်ရွယ်ချက်နဲ့ လောက အလယ် သုံးနေရင်တော့ အဆင်သင့် ရှိမနေသူဖြစ်တယ်ကျွန်ပ်တို့က သူဌေးပိုင်ရှင် မဟုတ်ဘဏ္ဍာထိန်း အရာမှာသာ ရှိတယ်၊ကိုယ်လုပ်ချင်သလို၊ သုံးချင်သလို၊မလုပ်နိူင်ပါ၊ ကိုယ့်စိတ်က တွေးထင်ထားသလို၊ အချင်းချင်း နှိပ်စက်သလို မရှိရပါ၊ ကျွန်အချင်းချင်းနှိပ်စက် တယ်လို့ ပြောပါတယ်၊လောက အရာတွေမှာ နစ်မွန်းနေတယ်၊ အရက်မူးနေတာတွေနဲ့ပေါင်းပြီးကျွန် အချင်းချင်း နှိပ်စက်တယ်၊လောက အရာများမှာ ယစ်မူးပြီဆို၊ဝိညာဥ်ရေးမှာ ငိုက်မြည်းခြင်းဖြစ်ပါတယ်၊ တပည့်ကြီး တမန်တော်များပင်၊ သူတို့ဆရာသခင်၊ဥယျာဥ်ထဲမှာ ဆုတောင်းချိန်၊ အကောင်းနဲ့မကောင်းအားပြိုင် တိုက်ခိုက် အပြင်းထန်ဆုံးအချိန် မှာပင် ငိုက်မြည်း နေခဲ့ကြတာမြင်ရသည်။

နေ့စဥ် ဘဝသက်တာကို ရိုးရှင်းစွာဘဝတာဝန် ကျေပွန်သူများ၊ အသင့်ရှိကြတဲ့ ပုဂ္ဂိုလ်များဘဲ ဖြစ်ပါတယ်။အချိန်ကို မသိကြပေမဲ့၊ သခင်ဘုရားဒုတိယ အကြိမ် ကြွလာမှာကတော့အသေအချာ ဖြစ်တယ်၊ ၂၄ ၊ ၃၅ မှာဘုန်းတန်ခိုး ၊ အာဏာစက် နဲ့ ကြွလာမယ်။

ခရစ်ယန်တို့ အသင့်အနေအထားရှိကြရမယ်၊ ၂၄ ၊ ၄၂ သခင်လာမဲ့အချိန် မသိသောကြောင့်၊အဆင်သင့် ရှိနေကြရမယ်၊ရှင်မဿဲ အလေးပေးဖော်ပြတဲ့ သခင်ရဲ့သွန်သင်ချက်က၊လက်ရှိအချိန်မှာ နိုးကြား ရှိနေကြဖို့ဖြစ်ပါတယ်၊ သခင်လာဖို့ နီးနေပြီ၊စိတ်နဲ့အမြဲအသင့်ရှိနေက လုံလောက်ပါပြီ၊ စိတ်ပူပန်စရာ မလိုပါ။ ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr. ဖလော့ရင့်အောင်ကျော်ဦးရဲ့  သြဝါဒကို မျှဝေသည်။

gospel reflection