Pathein Catholic Diocese Untitled Document
Untitled Document
ပညာ သတိ ရှိတဲ့အပျိုကညာများ

သြဂုတ် ၂၆၊ သောကြာနေ့။

၁၊ကော ၁ ၊ ၁၇ - ၂၅။

မဿဲ ၂၅ ၊ ၁ - ၁၃။

ပညာ သတိ ရှိတဲ့အပျိုကညာများ

ဂရိလူမျိုးတို့ အတွေးအခေါ်ယူဆဉာဏ်ပညာသည် အမြင့်ဆုံးသောကောင်းမြတ်ခြင်း၊အမှားအမှန်၊အကောင်း အဆိုး အလင်း အမှောင်အသက်ရှင်သန်ခြင်း သေဆုံးခြင်း၊ခွဲခြားနိူင်စွမ်းတယ်၊ဥာဏ်ပညာကိုအသက်နဲ့ ထပ်တူပြုကြတယ်။ဉာဏ်ပညာ တန်ဖိုးထား၊အသဲအမဲဆာငတ် အားထုတ် ရှာဖွေ ကြသည်၊ပညာအရာမှာ တော်ကြငူများလို့ကျော်ကြားကြသည်။ဒီနေ့ ရှင်ပေါလုက လောက ဥာဏ်ပညာဖြင့်တော့၊ထာဝရ အသက်ကို မရနိူင်ပါ လို့ဆုံးမသည်။

ဂျူးလူမျိုးတို့ ဘုရားသခင်၊ပဋိညာဥ်ပြုထားတဲ့အမျိုး၊ဘုရားရွေးထားတဲ့မြင်မြတ်တဲ့အမျိုး၊သူတို့ဘုရားက လောကထက်မြင့်မြတ် သာလွန်ဘုန်းကြီးတယ်၊ဒါကြောင့် ခန်းနားတဲ့ဘုန်းရှိန်ဝါထဲမှာဘဲ ဘုရားရှိမယ်၊တရားသေ မှတ်ယူကြတယ်။တကယ် လက်တွေ့မှာ ဘုရားက၊ကယ်တင်ခြင်း လုပ်ငန်းလုပ်ဆောင်ရာမှာ၊ ဂရိတို့ တွက်မှတ်ထားသလို၊ဉာဏ်ပညာ အားထုတ်မှုကြောင့်၊ကယ်တင်ခြင်းရတာလည်း မဟုတ်၊ခရုစူးတိုင် အားဖြင့်အသတ် ခံရခြင်းပြသခဲ့တယ်။ ဂျူးလူမျိုးတို့အတွက်ဒီအဖြစ်က၊အဆီးတား ခလုပ်ကန်သင်းဖြစ်ရပြီး၊လက်မခံနိူင်၊ခန်းနားထယ်စွာ ဘုန်းရှိန်ဝါ နဲ့ ကယ်တင်မယ်မှတ်ယူထားတာ၊ ခရစ်တော်က၊ခုလိုလူ့အမြင် စုတ်ပြတ်၊ ဆင်းရဲ ဒုက္ခတွေနဲ့ ကယ်တင်ခဲ့တဲ့အတွက်ကြောင့်လက်မခံနိူင်ကြပါ။

ခရစ်တော်က ဂျူးတို့တွက် ခလုပ်ကန်သင်း ဖြစ်သလို၊ ဂရိတို့တွက်၊ဥာဏ်ပညာ မဟုတ်ဘဲ၊ မိုက်မဲမှု၊ပညာမဲ့မှု အဖြစ်မျိုး ဖြစ်နေတယ်၊ယုံကြည်သူတို့ အတွက် ဥာဏ်ပညာဖြစ်လို့နေတယ်၊ ကယ်တင်ခြင်း ဖြစ်နေတယ်၊ ကားတိုင်ပေါ်က ခရစ်တော်ထံမှာ၊ ဘုရားသခင်ရဲ့ကယ်တင်ခြင်းတွေ့နေရ၊ သခင့်ရဲ့ နှိမ့်ချခြင်းကဂျူးတို့ရဲ့ ဘုန်း၊ ဂရိတို့ရဲ့ ပညာထက်များစွာ သာလွန်နေတာပြပြီးမှ၊အမြင့်မားဆုံးသော ဥာဏ်ပညာကိုကယ်တင်ခြင်းကို ဖော်ပြလိုက်တယ်သူတို့မထင်ထားတဲ့၊မှတ်ယူမထားတဲ့နည်းနဲ့ ၊ သူတို့ထက် နိမ့်ကျတယ်လို့ထင်ရပေမဲ့၊ များစွာသာလွန်နေတာပြပါတယ်၊ဘုန်းဂုဏ်တော်ကို တွေ့ရပါတယ်၊ခရစ်တော်ကို ဘုရားသခင်ရဲ့ ဥာဏ်ပညာတော်လို့ ပထမကျမ်း ရှင်ပေါလု ၊သွန်သင် ခဲ့တယ်။

ဧဝံဂေလိကျမ်းမှာ မိုက်မဲ ပျိုကညာငါးဦး၊ ပညာသတိရှိတဲ့ ပျိုကညာငါးဦး ဥပမာ ကို ဖတ်ရပါတယ်။ပျိုကညာတို့၊ ယုံကြည်သူ ခရစ်ယန်အဖွဲ့ အစည်း များ ကိုယ်စားပြုတယ်၊နောက်ဆုံးသောကာလ၊ ဘုရားရှင်ရဲ့ဘုန်းဂုဏ်တော်နဲ့ ရောက်မဲ့ နေရာဆီသွားနေတဲ့ အဖွဲ့ ဖြစ်တယ်၊ တစ်ချို့မိုက်မဲကြ၊ပွဲဝင်ဖို့ ဆီမပါ၊ငိုက်မြည်း၊တစ်ချို့ ပညာသတိ ပြည့်၊ မီးအိမ်ထဲဆီရှိကြ၊ကောင်းမှု ကုသိုလ်များပါလို့ဖွင့်ဆို၊ ဒီနေ့မှာတော့ ပထမ ကျမ်းနဲ့ဆက်စပ်နားလည် စေချင်တာက၊ဥာဏ်ပညာ ဆိုတာ၊ ဘုရားနှင့်ပြည့်ဝတဲ့ ဘဝသက်တာ ကိုဆိုလိုတယ်၊ဘုရားကို ဆည်းကပ်သူဟာ ဥာဏ်ပညာ ရှိသူ ဖြစ်တယ်၊ကျွန်ပ်တို့ဟာအခွံချည်းသက်သက် မဟုတ်မူဘဲ၊ အနှစ်ပြည့်ကြသူများဖြစ်တယ်၊ ဘုရားသခင်ကို မှီခို နေတဲ့သူဟာကုသိုလ်ကောင်းမှု ပါရမီ ပြည့်ဝတဲ့ပုဂ္ဂိုလ်လည်း ဖြစ်နေတယ်၊ ဘုရားကို ဆည်းကပ်၊ အမြဲတန်း တည်မှီ ပြီးအသက်ရှင်ပါက ၊ ခရစ်တော်ပေးတဲ့ကျေးဇူးတွေ ပြည့်ဝ၊သူ ဖြစ်တယ်။ဘုရားသခင်ကို၊ အမြဲ ဆည်းကပ်၊ဘုရားကိုဘဲ တည်မှီ အသက်ရှင်ကြသူများဟာ၊ မင်္ဂလာဆောင်ပွဲကို ဝင်ခွင့်ရကြတဲ့ ပညာရှိ ပုဂ္ဂိုလ်များဘဲဖြစ်ပါတယ်ပညာရှိဆိုတာခရစ်တော်ကို သိမ်းပိုက်၊ နှလုံးသွင်း၊ထားသူလို့ ပြောရ၊အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်တယ်ပညာရှိ ဖြစ်ဖို့ ၊ မဖြစ်ဖို့ သတိရှိဖို့မရှိဖို့၊ နိူင်ငံတော်ဝင်ဖို့၊မဝင်ဖို့၊ဆိုတာ ဘုရားပေးလာတဲ့ ကောင်းမှု ကုသိုလ်ပါရမီတွေကို၊ ကျွန်ပ်တို့ ဖက်က၊ဘယ်လောက် လက်ခံ၊ သိမ်းဆည်း၊ သိုမှီးထားပြီးလဲ အပေါ် မူတည်တယ် သူပေးလာတဲ့ ဆီဟာ ကျွန်ပ်တို့ရဲ့ကိုယ်ပိုင်အရာ မဟုတ် သူပေးမှ ရတယ်ဆိုတာသိပြီး လက်ခံ သိမ်းဆည်း သိုမှီးဖို့ ကြိုးစားကြစို့။ ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ သြဝါဒကို မျှဝေသည်

gospel reflection