Pathein Catholic Diocese Untitled Document
Untitled Document
ဆေးကြောခြင်းပေးသူ ရှင်ယောဟန်ဦးခေါင်းဖြတ်ခြင်းခံရခြင်း

သြဂုတ် ၂၉၊ တနင်္လါ နေ့။

ဆေးကြောခြင်းပေးသူ ရှင်ယောဟန်ဦးခေါင်းဖြတ်ခြင်းခံရခြင်း

ဆေးကြောခြင်းပေးသူ ယောဟန် အကျဥ်းချတိုက်ပိတ် ခံနေရချိန်၊အခန်းကျဥ်း၊စိုစွတ်မှောင်မိုက်၊ ဘာမမြင်ရအခါ၊ချောက်ခြားဖွယ်၊ တစိမ်းဆန်လွန်း၊အမှောင်ကြီးစိုး အကျဥ်းခန်းထဲကသူထင်ရှား သေချာ မြင်သိနေတာ၊သူ့အရှင် ဘုရားရဲ့ အစီအစဥ်ပါ။မေးခွန်းမထုတ်၊ ချွင်းချက်မရှိ၊လက်ခံကာ၊ ဘုရားအစီစဥ်ကို၊အကောင်ထည် ဖော်လျက်ရှိတယ်။ခံယူချက် မပြောင်းလဲ၊တည်ရှိနေ။

ပြတ်သား သဲကွဲ မဟုတ်ပေမဲ့၊ဘုရားအလိုတော် သေချာမှန်းသိလို့၊ လုံးဝလက်ခံတယ်၊ ကျွန်ပ်တို့လက် ရှိအခြေအနေ၊အမိုက်မှောင်တွေ၊ နတ်ဆိုးကြီးစိုးမှုတွေ၊များလွန်းနေချိန်မျိုးမှာ၊ဘုရားက တိတ်နေသ လိုလို၊ဒီမှာရှိမနေတော့သလိုလို၊တွေးထင်မိတာဖြစ်နိူင်တယ်၊ဘုရားသခင်ရဲ့အလိုတော်ဘာမျိုးလဲ၊ဘယ်နေရာရောက်နေလဲ၊ ရှာဖို့ ညွှန်ပြဖို့ ခက်ပေမယ်၊ကိုယ်တစ်ဦးစီ၊ အပြင်ပိုင်း ဖြစ်ပျက်အခြေနေကြောင့်၊ ဘဝထဲမှာ ဘုရားတကယ်ရှိပါရဲ့လားလို့၊တွေးမိပါမယ်

ယောဟန်ကြုံခဲ့ရတာ၊အမိုက်မှောင်ဖုံးနေတဲ့နေရာ၊မှုံရည်ဝါး အချိန်မှာ၊အလိုတော်က ဘယ်မှာလဲ တွေ့ဖို့ခက်ကောင်း ခက်ပေမယ်၊ ဒါပေမဲ့ခက်ပေမဲ့ ရှာခဲ့ တွေ့ခဲ့ လက်ခံခဲ့ ပိုင်ဆိုင်ခဲ့ ဆက်လက်အကောင်ထည်ဖော်နိူင်ခဲ့တယ်။ လောက အမိုက်အမှောင် ကိုယ်တိုင် ဘဝ ဝေဝါးချိန်မှာပင် ဘုရားကိုသူရှာဖွေ တွေ့ရှိခဲ့။

သူများကိုလည်း၊ ဒီမှာဘုရား ရှိတယ်ပြညွှန်ခဲ့တယ်၊ ဒီလိုချိန်မျိုး ဘုရားရဲ့အလိုတော်ကို လက်ခံလိုက် နာခြင်းကအမှန်တကယ်သူ့ကို ကောင်းချီးတော်ပြည့်ဝ နေစေခြင်း ဖြစ်တယ်၊သမ္မာတရားတွက် လမ်းခင်းပေးသူ၊ ဖြစ်နေတယ်၊ မှောင်နေသော်လည်း၊အလင်းကို ဆက်လက် လက်ခံတယ်။

ဘုရားသခင်ကို ကျွန်ပ်တို့က သစ်ပင်တစ်ပင်ကို မြင်ရသလို၊ နီယွန်မီးကိုတွေ့ရသလိုမျိုးရှင်း လင်းမြင်ရဖို့ကမဖြစ်န်ူင်ပါဘူး၊အတွင်းသက်စဥ်းစားဆင်ခြင် တွက်ထုတ်လို့လည်း မရနိူင်ပါဘူး၊ကြိုးစားမှုနဲ့ ရှာဖွေလို့လည်းမရနိူင်ပါဘူး၊ ထင်ရှားပြတ်သားတဲ့အပြင်ဖက် လမ်းတွေ လိုလည်း၊မမြင်နိုင်ပါဘူဘး၊သူ့ရဲ့အလိုတော်၊ခါတရံမှာ မှုံပျပျ ဖြစ်နိူင်တယ်၊မဲမဲမှောင် အခြေနေမျိုး ဖြတ်ကျော်ရင်းတွေ့နိူင်မဲ့ညအခြေနေမျိုးလည်းဖြစ်ကောင်းနိူင်ပါတယ်။

ဘုရားကို ဘယ်လို အခြေအနေမှာ၊တွေ့နိူင်မလဲ ဆိုပါရင်၊ ဘုရားကဲ့သို့ကျွန်ပ်တို့ ဖြစ်လာမှဘဲတွေ့ နိူင်မယ်၊ဘုရားရှိနေတဲ့ အဆင့်၊အလွှာထိရောက်ရှိ လာမှသာ၊တွေ့ရမှာပါ။တစ်နည်းလည်း၊ ဘုရားနဲ့ ဆန့်ကျင်အရာများကနေ လွှတ်မြောက်မှသာ၊ကျွန်ပ်တို့ဘုရားကို တွေ့ရှိ နိူင်ကြမှာဖြစ်တယ်။ ဘုရားနဲ့ ဆန့်ကျင်တဲ့အရာများက ဘာလဲဆိုတာ သိကြမှာပါ၊သမ္မာတရား၊ အမှန်ဖက်မှာ မရပ်တည်ခြင်းက ဘုရားနဲ့ ဆန့်ကျင်တယ်မဟုတ်မှန်သည်ကို ဟုတ်မှန်၊တယ်လို့ပြောတာက ဘုရားနဲ့ ဆန်ကျင်တဲ့အဓိက အရာ တစ်ခုပါ။

မသမ္မာတဲ့အရာ၊ သမ္မာသမတ်ရှိနေသယောင်၊မတရားတာကြီးကို၊တရားတဲ့အရာနေသယောင် ပြတ်ပြတ်သားမရပ်တည် နိူင်ခြင်းက၊ ဘုရားကိုဆန့်ကျင်တဲ့ အဓိကအရာကြီးတွေပါ၊ယောဟန်က ဒီအရာတွေနဲ့ လွတ်ပြီးသူ့ အလွှာအထိ ရောက်နေတော့၊ဘုရားကို ပြတ်သား တွေ့ရပြီး၊အပြင်

ပန်း ဖြစ်ပျက် မှောင်မဲ နေတာတွေကသူ့အတွက် ဘာမှ မထူးဆန်းတော့ပါ၊ဒါကြောင့် အပြင်ပန်း အရာတွေမှာ၊ဘာရားကို သူမရှာတော့ဘဲ၊အတွင်းသက် လင်းနေတဲ့ သမ္မာ တရားထဲမှာဘုရားကို တွေ့နေခဲ့တယ်။ပြောင်းလဲခြင်း အသက်တာကို စတင်ရောက်ရှိရရှိနေတယ်။

ဒီနေ့ခေတ် ခရစ်ယန်တို့လည်း အပြင်ဖက် မြင်နိူင်တဲ့အရာများကနေ လှည့်ထွက်လာပြီး၊ ရုန်းထွက်လာပြီး၊မမြင်နိူင်တဲ့ အရပ်မှာ ရှိတဲ့ ပုဂ္ဂိုလ်ကိုရှာဖွေတွေ့ဖို့ အရေးကြီးလှတယ်။

အပြင်ဖက် ရှင်းလင်းမြင့်တွေ့ရပါမှ၊ဒါဟာ ဘုရား ဆိုတဲ့ ခံယူချက်ဖက်ကနေလှည့်ရုန်းထွက်ပြီး၊ အတွင်းသက်မှုံပျပျ၊ မဲမဲမှောင်ဖြစ်နေပါရင် ပင်၊အဲ့နေရာမှာ အမှန် ရှိနေတဲ့ တို့များရဲ့အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဘုရားကိုပိုင်ဆိုင်နိူင်ကြမှာ ဖြစ်တယ်။တကယ်လုပ်နိုင်ပြီဆိုက၊ ယောဟန်

စကား၊ ငါမူကား ဆုတ်ယုတ်ရမယ်သူမူကား တိုးတက်ရမယ် ဆိုတာတို့များဘဝထဲ အမှန်တကယ်လက်တွေ့ဖြစ်လာမှာပါ၊အတ္တမှပိုပြီးကင်းလွတ်လာလေလေ၊ဘုရားကိုပိုတွေ့လေ ဖြစ်မှာပါ။

သံယောဟန် ဘုရားကို တွေ့ဖို့၊ သူ့ရဲ့အတ္တကို ခွာချခဲ့တယ်၊အသက်ကိုပင်တွယ်ဖက် မထားပါဘဲ၊ တွေ့အောင်ရှာဖွေ၊ ပိုင်ဆိုင်ခဲ့သူပါ၊ သူကဲ့သိုရှာဖွေ ပိုင်ဆိုင်ရအောင်၊အပြင်ဖက်အဖြစ်ပျက်များမှ၊ ရှာမနေဘဲ၊အတွင်းသက်မှာ အမှန်ရှိနေတဲ့ သမ္မာတရား ၌ တည်မြဲခြင်းဖြင့် ဘုရားကိုပိုတွေ့နိူင်ဖို့ ကြိုးစားကြပါစို့။ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကိုမျှဝေပေးပါသည်။

 

gospel reflection