Pathein Catholic Diocese Untitled Document
Untitled Document
ဘုရား နှင့် လူသား ကွာခြားမှု

သြဂုတ် ၃၀၊ အင်္ဂါနေ့။

၁ ကော ၂ : ၁၀ - ၁၆။

ဘုရား နှင့် လူသား ကွာခြားမှု

ဘုရားက မြင့်မြတ်သာလွန်အားကြီးပြီး လူသားက အကန့်အသတ်ရှိနေ၊ အားနည်း ချို့ယွင်းချက်များကြောင့် ကွာခြားမှုက အတိုင်းဆမရှိခြားနား၊ ဒီလို အနေထားကနေ ဘုရားကပြုပြင် ဖန်တီးကာ လူနှင့် နီးစပ်ဖို့အနက်ရှိုင်းဆုံးအတွင်းသက်ထိတိုင် ဝင်ရောက်ထိုးဖောက်၊ အနှစ်သာရကို တွေ့မြင် ရရှိအောင်ကို ပေးခဲ့သည်။ ဝိညာဥ်တော်အားဖြင့် ကျွန်ပ်တို့တစ်ဦးစီက သူ့ရဲ့ အနက်ရှိုင်းဆုံးအနှစ်သာရကို သိခဲ့ရပြီး ဖြစ်တယ်

အတိုင်းဆမရှိ ချစ်မေတ္တာ၊ ထာဝရအလင်း၊ အသက် စသည်တို့ကို ခရစ်တော် သခင် ၊သခင်ရဲ့ ဝိညာဥ်တော်အားဖြင့်တွေ့ မြင်ကြရတယ်။သိခွင့် ရကြလို့လည်း ဘယ်သူမှ နားမလည် နိူင်တဲ့ အရာဟာ ဝိညာဥ်တော် ခံယူပြီးသူတို့ အနက်ရှိုင်းဆုံးပိုင်းထိ ဝင်ခွင့်ရကြလို့ တစ်စိတ်တစ်ပိုင်းနားလည်လာကြတယ်ဒါ့ကြောင့်ဝိညာဥ်တော်ကို ခံယူဖို့ ကြိုးစားကြရမှာ ဖြစ်တယ်။

လူတို့ ဥာဏ်ပညာက သင်ပေးသောအရာ မဟုတ်ဘဲဝိညာဥ်တော်ဘုရားသွန်သင်ပေးမှုဖြင့် သွန်သင်ပြောဆိုကြ၍ ဝိညာဥ်ဆိုင်ရာတို့ကို ကျင့်ကြံသူများအား ဝိညာဥ်ဆိုင်ရာ အမှန်တရားများကို အဓိပ္ပါယ် ဖွင့်ဆိုကြ၏

ရိုးရိုး ဇာတိ ပကတိ အသွေးအသားအခြေနေမှာ မဟုတ်ဘဲ ဝိညာဥ်တော်အဆင့်ထိအောင် တက်ပြီး လှမ်းနိုင်ကြစေဖို့ သခင်က ဝိညာဥ်တော်ကိုပေးခဲ့တယ် ဝိညာဥ်တော်ကို ခံယူဖို့ဖွင့်ဟအနေထားကျွန်ပ်တို့ရှိရပါမယ်ကျေးဇူးတော်ကို ကျေးဇူးတော်လို့ထင်မှတ်ရပါမယ် ကျေးဇူးတော်လို့မမှတ်ယူဘဲ ငါ အဆင်ပြေတယ် ဥာဏ်ရှိတယ်၊ ပြီးပြည့်စုံတယ်၊ ကယ်တင်ခြင်းဟာ ငါ့ဉာဏ်နဲ့ လုပ်နိူင်စွမ်းတယ်၊ တွေးထင်မှတ်ယူကြသူများ ဝိညာဥ်တော်ကို ခံယူနိုင်ကြမှာ မဟုတ်ပါဘူး ကျွန်ပ်တို့ ခံယူနိူင်ကြဖို့ ဆိုရင် ဘုရားပေး တာကိုရိုးသား နှိမ့်ချ ခံယူကြဖို့ အနေထားအမြဲရှိနေကြဖို့ပါ။

ဝိညာဥ်တော်က ကျွန်ပ်တို့ အတွင်းသို့ရောက်လာပြီ Mind of Christ ငါတို့၌ ခရစ်တော်၏ စိတ်သဘော ရှိ၏။ ခန်းကြီး ၂ ငယ် ၁၆ မှာ အပြင်ပိုင်းသာမက အနက်ရှိုင်းဆုံး အတွင်းသက် စိတ်သဘောကိုပါ ကျွန်ပ်တို့ ပိုင်ဆိုင်ကြပါတယ်။အထဲမှာသခင့်ရဲ့ ဝိညာဥ်တော် သွန်းလောင်းခြင်းခံရလို့ဘဲဖြစ်ပါတယ်။

ရှင်လုကာ ၄ ၊ ၃၁ မှ ၃၇ ။ သခင်ရဲ့တန်ခိုး သြဇာ နဲ့ ကုသခြင်းများ ပြုလုပ်တယ်၊တရားဟောတယ်၊နတ်ဆိုးနှင်ထုတ်တယ်၊ဒီအရာတွေကိုဝိညာဥ်တော်၌ ပြုလုပ်တယ်၊ သူ့အားဖြင့်လူ့ဇာတိ လူသားမျိုးနွယ်ဟာ ဝိညာဥ်တော်ကို ခံယူခွင့် ရလာကြပါတယ်ဘုရားရဲ့ နယ်အထိ ကျွန်ပ်တို့ နယ်ချဲ့နိူင်ပါပြီ ဘုရားအတွင်းသက်ထိတိုင်ထိုးဝင် ရောက်ရှိ နိူင်ကြပြီ ဘုရားအတွင်းသက်ရှိ  သဘောသဘာဝကိုသိရှိ ခံစားနိူင်ခွင့် ရကြပြီသခင်ပေးလာတဲ့ ဝိညာဥ်တော်ကို လက်ခံ ရရှိဖို့ကြိုးစားကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုဝေမျှချက်ကို မျှဝေပေးပါသည်။

gospel reflection