Pathein Catholic Diocese Untitled Document
Untitled Document
ကလေးငယ်ကဲ့သို့ ယုံကြည်သူများ

သြဂုတ် ၃၁၊ဗုဒ္ဓဟူးနေ့။

၁ ကော ၃ : ၁ မှ ၉။

ကလေးငယ်ကဲ့သို့ ယုံကြည်သူများ၊

ယုံကြည်ခြင်းမှာ ချစ်ခြင်းမှာအားထုတ်မှုမှာနုနယ်ကြသေးတဲ့အဖက်ဖက် ပေါင်း အစုံမှာ နုနယ်တဲ့တပည့်များကိုရှင်ပေါလုကအစာမာမာ မကျွေးနိူင်သေး ရင့်ကျက်တဲ့လူကြီးအဆင့် မရောက်ကြသေးပါ။

သွေးသား၏ လူများ ကျင့်ကြံမှုအသက်ရှင်မှုမှာဇာတိပကတိအဆင့်က မကျော်သေး သင်တို့သည် အဆင်သင့် မဖြစ်သေးသွေးသားအလိုအတိုင်း လိုက်ကျင့်ဆဲ ဖြစ်၏။ယုံကြည်သူများတော့ ဖြစ်လာတယ်သမ္မာတရားကို လက်ခံလာကြတယ်ဒါပေမဲ့ အချင်းချင်း မနာလို ဝန်တိုခိုက်ရန်ဖြစ်ပွားနေကြသေးတယ်ဟုသူပြောသည်။

သွေးသားအလိုအတိုင်း ပြုမူကျင့်ကြံတယ် ထူးခြားပြီးလုပ်တဲ့အရာတွေသူမမြင်ရသေး ငါက ပေါလု လူကွ ငါက အာပေါလု တပည့် စသည်ဖြင့်ဂိုဏ်းဂန ကွဲကြသေးရှင်ပေါလုကဘယ်လို ဆုံးမလဲ၊အပင်စိုက်တာကပေါလု ရေလောင်းတာအာပေါလုအမှန်တကယ် ကြီးထွားစေတာကဘုရားပါဘဲဘယ်သူဘဲ စိုက်စေရေလောင်းကြစေ သန်မာ ကြီးထွားစေတဲ့ ဘုရား တစ်ပါးတည်းသာလျှင်အရေးကြီးတယ်အသင်းတော်က ဒီလိုဖြစ်ပေမဲ့ ရှင်ပေါလု မျှော်လင့်ချက် ရှိနေတယ်။

သင်တို့သည် ဘုရားသခင်၏ လယ်ကွင်း အဆောက်အဦ ဟုဆိုအသင်းတော်ကို ရည်ညွှန်းသည်အသင်းတော်ကိုလယ်မြေဆောက်ဦစပျစ်ခင်း သိုးခြံ စသည်ပုံဆောင်တာ မြင်ရသည်၊ရှင်ပေါလုရဲ့အသင်းတော်မှာ ဖြစ်နေသလိုမျိုး ဒီကနေ့ကျွန်ပ်တို့ပါဝင်နေတဲ့အသင်းတော်မှာဖြစ်နေတာနဲ့ မကွာလှပါ။အတူတူဘဲမရင့်ကျက်သေးသူများဂိုဏ်းကွဲ မစည်းလုံးမညီညွှတ်တာ ရှိနေတယ်။

ဒါပေမဲ့လည်း တိုးတက်ဆဲ တိုးတက်မြဲ ပါ။ ခေတ် အဆက်ဆက်အတွင်းသက်မှာလည်း အကြောင်းအရာ၊အ မျိုးမျိုး ရှိသလို အဖွဲ့အစည်း ပြင်ဖက်မှာလည်း မျက်နှာသာပေးတဲ့ အခင်းကျင်း သိပ်မတွေ့ရပါပေမဲ့လယ်ကွင်း ပွားများဆဲ အဆောက်ဦခိုင်မာဆဲ မို့ ပသင်းတော်ရဲ့ သဘောသဘာဝက ဒီလို ရှိနယ်လို့ ကျွန်ပ်တို့အားယူကြရမှာ ဖြစ်တယ်။

အဓိကအရေးပါဘုရားဘဲ တိုးတက်ပွားများစေတာ သတိပြုရမယ်။အသင်းတော်အတွင်း ဘုရားတည်ရှိမှု၊ ခရစ်တော်ရဲ့ တည်ရှိမှု၊မှတ်သားအားယူကြရမှာ ဖြစ်တယ်။ အော်ငါရဲ့ သာသနာတော့ စည်းလုံးမှု မရှိလေခြင်း ထိုင်ညည်းနေမဲ့ အစားဘုရား ရှိနေပါတယ် အချက် ထုတ်ဖော် ပြသနိူင်ရမယ်တို့တွေ အရာရာမှာ ချို့ယွင်းချက်ရှိနေအရာရာမှာမရင့်ကျက်သေး ကလေးငယ်များလိုဘဲ ဆိုပြီး အားပျက် ငိုင် နေမဲ့အစားဘုရားရှိပါသေး၊တိုးတက် ပွားများစေလျက် ရှိသေး၊နားလည်သဘောပေါက်ရမယ်။

ဧဝံဂေလိ ကျမ်းမှာ သခင်က စီမုံရဲ့ယောက္ခမကို အနာငြိမ်းစေတယ် အံ့ဖွယ်ရာမြင်ပြီး သခင်ဟာ ကယ်တင်ရှင် လို့ သူတို့သိလိုက်ကြတယ်၊ရှင်လုကာ ကျမ်းမှာ ဖော်ပြတာတွေ၊ကို နားလည်ပုံ၊တန်ခိုးကြီး ပရောဖက်တစ်ပါး အနေဖြင့် ဘုရားက မိမိရဲ့ လူမျိုးထံ အလည်ပတ် Visitationကြွလာ၊ ရောက်ရှိနေ၊ဆိုက်ရောက်နေပြီဖော်ပြတယ်။

လူမျိုးတော် တည်ထောင်နေပြီလူမျိုးတော်ထဲမှာနေထိုက်လျက်ရှိနေပြီ သဘောပေါက်ရမှာဖြစ်တယ်ပထမကျမ်းနဲ့ ဒုတိယကျမ်းဆက်စပ် နားလည် ရမယ်။အသင်းတော်ထဲ ဘုရားပါရှိတယ် လူတို့အဖွဲ့စည်းပေမို့ ချို့ယွင်းအားနည်းရှိမယ်ကို ရိုးသားနှိမ့်ချစွာ ဝန်ခံလျက်ဘုရားပါရှိ ယုံကြည်ချက်ကြောင့်အားရှိ၊ မျှော်လင့် ချက်ထားရမယ်။

ဆာလံ မှာလည်းဘုရားကချစ်တဲ့လူမျိုးတော် သီးသန့် ရွေးချယ်ထားလို့ဝမ်းသာ ဝမ်းမြောက်ကြတယ်။ ဒါကြောင့် ဒီအဖွဲ့စည်းရှိ ကျွပ်တို့သက်တောင့်သက်သာ ရှိကြရမယ်။ သဘောပေါက်ရင် အားရှိမှာပါ။ ယုံကြည်ချက်နဲ့ ပြည့်ဝလာမယ်။အသင်းတော်အတွင်း အိမ်သားကဲ့သို့နေထိုင်ရ သက်တောင့်သက်သာရှိကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

 Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကို ပြန်လည်ဝေမျှပေးပါသည်။

gospel reflection