Pathein Catholic Diocese Untitled Document
Untitled Document
အသင်းတော်၏ ဖွဲ့စည်းပုံ ရှုထောင့်

စက်တင်ဘာ၊ ၁

ကြာသပတေးနေ့။

 

၁ ကော ၃ : ၁၈ မှ ၂၃။

လုကာ ၅ ၊ ၁ မှ ၁၁။

အသင်းတော်၏ ဖွဲ့စည်းပုံ ရှုထောင့်

ရှင်ပေါလုက တပည့် ယုံကြည်သူတွေကို ပြောတယ် ငါတို့က ပေါလ်ပိုင်တာအာပေါလို ပိုင်ကေးဖပိုင်ပြောတတ်ကြ အရေးမကြီးဘူးသူတို့တွေက မင်းတို့ပိုင်တာဒီပုဂ္ဂိုလ်တွေက မင်းတို့ရဲ့ အစေခံတွေပါ။အသင်းတော်ရဲ့ ခေါင်းဆောင်များသဘော သဘာဝ အစေခံ အဖြစ်အဓိပ္ပါယ်ဖွင့်ဆိုတယ်ကျွန်ပ်တို့နားလည်တယ် ခရစ်တော်လိုဘဲခေါင်းဆောင်တယ် လောကီခေါင်းဆောင်များလိုမဟုတ်ဘဲ ချစ်ခြင်းအစေခံခြင်းပေါ်အခြေခံတဲ့ခေါင်းဆောင် မျိုးဖြစ်တယ်။ခရစ်တော်ကို မင်းတို့ပိုင်တယ်၊ ခရစ်တော်ကလည်းမင်းတို့ကိုပိုင်တယ်၊ခရစ်တော်ကို ဘုရားပိုင်တယ် အသင်းတော်တည်ဆောက်ပုံ structure တစ်ခုကတစ်ဦးနှင့်တစ်ဦး ပိုင်ဆိုင်ကြတယ်အချင်းချင်း အစေခံပြုကြဖို့ ညွှန်ပြထားတယ်၊အနှောင်ဖွဲ့တစ်ခုပါတယ်။

 

လုကာ ကျမ်းမှာ၊ ပေတရုတို့အဖွဲ့တစ်ညလုံးပိုက်ချငါးတစ်ကောင်ပင်မရကြ သခင်ကြွလာ ရေနက်ရာသို့ရွှေ့ပါ မိန့်တယ် ပေတရုကစောဒကတက် တစ်ညလုံး ချခဲ့ပြီတဲ့၊မယုံတဲ့သဘောသံသယသဘော ပေမဲ့နောက်ဆက် သို့ရာတွင် ကိုယ်တော်အမိန့်ရှိနော်မူပါလျှင် ပြောခဲ့တယ်သူဟာ သံသယ ရှိတာမှန်၊ ယုံကြည်ခြင်း ရှိသူ Man of Faith ဖြစ်တယ်။ပိုက်ချတယ် ငါးရတယ် သခင်ကဘယ်လိုပုဂ္ဂိုလ်မျိုးသိလိုက်ချိန်၊Master ဒူးထောက်လိုက်တယ်လုကာ ကျမ်းမှာ ဒူးထောက်ခြင်းကကြီးမြတ်ပုဂ္ဂိုလ်၊အရာရာသာတဲ့ပုဂ္ဂိုလ် ကိုရည်ညွှန်းတယ်။

 

ပေတရု ပြောတာက အပြစ်ရှိတဲ့သူတပည့်တော် အနားက ခွာပါ တဲ့။လူ့အဆင့်တန်းကျင့်ဝတ် အရ ပြောတာမျိုး မဟုတ်ပါဘဲ ဘုရားရှေ့ဘုန်းဂုဏ်တော် ရှေ့မှောက် အလွန် အင်မတန် အံ့အားသင့် တွေဝေ မိန်းမော သတိလက်လွတ် ကြောက်ပြီး ပြောမိရာရာ ပြောတဲ့သဘောဖြစ်တယ်။ နောက်ဆုံးတော့သွားပါလို့ ပြောသူကိုယ်တိုင်အားလုံးစွန့်ပြီးနောက်တော်လိုက်ပါခဲ့တယ်ခရီးကဂျေရုဇလင် ကိုဦးတည်နေတာမို့သာမန်ထက် အင်မတန်အရေးကြီးအဖြစ်တစ်ခု မှတ်ကြရမယ်။

 

အသင်းတော် တည်ထောင်ခြင်း စပြီပထမကျမ်းနဲ့ ဆက်စပ်ရပါရင်ခေါင်းဆောင်တွေ၊ဒီပုံစံရွေးချယ်ပြိီအားနည်းတာရှိနိုင်တယ် သေချာတာယုံကြည်ခြင်း ရှိတယ်၊ပြုပြင်ပေးကာသခင်ကဲ့သို့ ခေါင်းဆောင်မျိုးဖြစ်လာခဲ့တယ်။ ပေါလု အာပေါလုကေးဖတ်စ် St. Peter ကဲ့သို့သောအစေခံတဲ့ခေါင်းဆောင်များ ဖြစ်လာကြတာ တွေ့ရတယ်၊ ဘာသာဝင်များက သူတို့ကို ပိုင်တယ်လို့ ရှင်ပေါလုမှတ်ချက်ပြုတယ်။ ဘာသာဝင်များကို ခရစ်တော်ပိုင်၊ခရစ်တော် ဘုရားပိုင်လို့ မှတ်ချက်ပြုသွန်သင်တယ်။

 

အသင်းတော် ဖွဲ့စည်းပုံက တစ်ဦးနှင့်တစ်ဦး ဆက်စပ်လျက်ရှိတယ် အချင်းချင်း အစေခံကြရမယ်။ဒီ ဆက်စပ်မှု အနှောင်ဖွဲ့မှာ ဘုရားကိုယ်တိုင် ပါဝင်နေတာသိပြီး တို့များအားယူကြစို့၊ ယုံကြည်ကြစို့။

 

ရှင်ပေတရုဟာ အစမှာ သံသယရှိပေမဲ့ကိုယ်တော် အလိုရှိလျှင် သွားမယ်၊မိခင်မယ်တော်ကဲ့သို့ တုံ့ပြန်မှုဆင်တူတာမြင်ရ မယ်တော် နားမလည်နိူင်စိတ် ဇဝေဇဝါ ပြီးနောက် အကျွန်မ၌ကိုယ်တော်၏ အလိုတော်တိုင်းဖြစ်ပါစေ ပြောခဲ့သည်။

ကျွန်ပ်တို့လည်း မယ်တော်ကဲ့သို့ရှင်ပေတရု ကဲ့သို့ ကိုယ်တော်အလိုရှိပါလျှင် ရယ်လို့ တုံ့ပြန် နိူင်ကြသူများဖြစ်ကြရအောင် လိုအပ်သောကျေးဇူးတော်များတောင်းခံကြစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

 

 Fr.Florence Aung Kyaw Oo  ရဲ့ ထောက်ရှုချက်ကို ဝေမျှပေးပါသည်။

gospel reflection