Pathein Catholic Diocese Untitled Document
Untitled Document
စပျစ်ရည် အဟောင်းအသစ်

စက်တင်ဘာ ၂၊ သောကြာနေ့။ လုကာ ၅ ၊ ၃၃ မှ ၃၉

 

စပျစ်ရည် အဟောင်းအသစ်

စပျစ်ရည်ဟောင်း သောက်ပြီးသူအသစ်ကို အလိုမရှိပြီ၊အဟောင်းကပို၍ ကောင်းသည် ဆိုလိမ္မည်။ အဟောင်းကိုဘဲ စွဲမက်သူများကိုရည်ညွှန်းသည်။ ကျမ်းတတ်များ၊ဖရိရှဲများရဲ့ အစွဲ၊ဥပဒေ၊ပညတ်များ လိုက်နာလို့ကယ်တင်ခြင်း ရရှိကြတယ် လို့ ယူဆထားကြတယ်၊သူတို့ကျင့်ကြံအားထုတ်မှုကြောင့် သူတို့တွက် ကယ်တင်ခြင်းသေချာနေပြီ၊သူတို့အစွမ်းဖြင့် နိူင်ငံတော်ကိုရပြီ မှတ်ယူတယ်။ကျင့်ဝတ် ပညတ်များ လိုက်နာခြင်းကောင်းမွန်သည် လိုက်နာရပါမည်သခင်ပြောလိုသည်ကပညတ်များလိုက်နာသူများ အပြင်အပြစ်ရှိသူ၊အခွန်ခံ တံငါသည် စသူများလည်းဖိတ်ခေါ် ခံကြရတယ်ကြားခဲ့ရပြီးသူတို့တွေလည်း အခွင့်ရေးပေးခြင်းခံကြရပါတယ်။

နိူင်ငံတော်ရဲ့ သဘောသဘာဝ ဟာကျင့်ကြံကြသူများသာမကဘဲကျင့်ကြံဖို့ ပျက်ကွက်သူ အပြစ်သားတို့ကိုလည်း လက်ခံမယ်ဆိုရင်၊ပေးဖို့အနေထား အမြဲရှိတယ် ဖိတ်ခေါ်လျက် ရှိနေတယ် ဒီအခြေနေကိုကျင့်ကြံသူတို့က လက်မခံနိူင်ကြဘူးနိူင်ငံတော်စာရင်းမှာ သူတို့သာလျှင်ထိပ်ဆုံးကြီးက မှတ်ယူကြတယ်ရှင်လုကာ ကျမ်းမှာ ဆေးသမားကလူနာကိုသာဦးတည်ထား ကုသပေးဖို့ သွားရောက်တယ် ဆိုတာမျိုးကိုသူတို့ လက်မခံနိူင်၊ ပိုပြီး မခံချင်ဖြစ်ကြတယ် ဘုရားက ရည်ရွယ်ချက်ရှိစွာ အားလုံးကို စာရင်းထည့်ကယ်တင်ခြင်းပေးတာ လက်မခံနိူင်ကြပါ နိူင်ငံတော်စာရင်းမှာ သူတို့သာ ထိပ်ဆုံးမှာ ရှိနေတယ် ထင်မှတ်ကြပြီး၊ သူတို့ လုပ်ရပ်က ပေးလာတဲ့နိူင်ငံတော်ကို ငြင်းဆိုလိုက်ကာနိူင်ငံတော်နဲ့ လွဲချော်ရတော့တယ်။

သခင်နဲ့ သူတို့အကြား ပဋိပက္ခ စတင်ပါတယ် စပျစ်ဝိုင်အဟောင်းကိုသာပိုကြိုက်ကြသူများလို့ သူတို့ကိုသခင်ကသုံးနှုံးသည်။ သူပေးလာတဲ့နိူင်ငံတော်အသစ် လက်ခံနိူင်ဖို့ခက်ခဲနေကြတယ် အဟောင်းဆိုတာကပညတ်တော်လိုက်နာကိုယ့်ကြိုးစားမှု ကြောင့်ရတယ် ရှေးရိုး အစွဲ ကိုပိုကြိုက်ကြသူများလို့ သခင်ကခိုင်းနှိုင်းသည်၊ အမှန်က ဝိုင်အသစ်ကဲ့သို့သော နိူင်ငံတော်ကို သူတို့ကိုလာပေးနေခြင်းပါအပြစ်ရှိသူများခေါ်တော်မူခြင်း ခံကြရသူ အားလုံးနိူင်ငံတော်အသစ်ထဲ ရောက်ရှိပြီအသစ်သော နှလုံးသားများ အသစ်သောဘဝ အသစ်သော ရှင်သန်မှုမျိုးကြိုးစားအားထုတ်ခြင်းနဲ့ ဝင်ရောက်နေထိုင်ဖို့ သခင် အကြံပြုတယ် ဂျူး တစ်ချို့ဆီမှာ သာသနာလုပ်ငန်းလုပ်ရခက် ဆိုတာကို သံလူကားသံပေါလူး တို့ ထင်ထင်ရှား ဖော်ပြခဲ့ကြတယ်ကိုယ်တိုင်ငြင်းဆိုကြတဲ့ဂျူးတို့ထံ သာသနာပြုသွားရခက်ခဲတာကို တမန်တော် ဝတ္ထုမှာရေးပြပြန်လှန်လို့ပင် ပုတ်ထုတ်ကြသည်။

၁ ကောမှာ ရှင်ပေါလုက တို့ကိုယ်ကို သာသနာပြု အစေခံ များအဖြစ် တို့မှတ်ယူ ကြပါ၊သြတ္တပ္ပစိတ်၊ ဆင်ခြင်တုံတရားကိုဘယ်လိုပြုစု ပျိုးထောင်ကြမလဲ အကြံပြုထားတယ်။

ဆင်ခြင်တုံ တရားက ကြည်သန့်ရင်အပြင်ထွက်တဲ့ အရာကလည်း ကောင်းမြတ်နေမှာဘဲ၊နောက်ဆုံးမှာစီရင်ချက် ချမှတ်မှာက ဘုရားဘဲဖြစ်တယ်၊သြတ္တပ္ပစိတ်ကို ပုံသွင်းဖို့အခွင့်အရေး အမြဲတမ်း ရှိပါတယ်၊ယုံကြည်ခြင်း အားဖြင့် ချစ်ခြင်းမေတ္တာ အားဖြင့်၊ အထူးသဖြင့်သခင့်ရဲ့ ဒုက္ခ ခံခြင်းကုသိုလ် အကျိုးဆက် အားဖြင့်ဆေးကြောခြင်းဖြင့်ကျွန်ပ်တို့ သြတ္တပ္ပစိတ် တနေ့တခြားကြည်လင်ကာ နှလုံးသားမှ ထွက်တဲ့အရာကလည်း နောက်ဆုံးနေ့ ဘုရားအတည်ပြု အဖြေပေးမဲ့ ကာလစီရင်ချက် ချမှတ် ချိန်တွက် သန့်စင်မြင့်မြတ်တဲ့ အရာတွေ ဖြစ်မယ်လို့ရှင်ပေါလုက အကြံပေးထားတယ်။ထို့ကြောင့် သူပေးလာတဲ့ နိူင်ငံတော်သစ်ကို လက်ခံနိူင်မဲ့ နှလုံးသားသစ်ကိုပေးပါရန် ဆုတောင်းကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ထောက်ရှုဝေမျှချက်များကို မျှဝေသည်။

gospel reflection