Pathein Catholic Diocese Untitled Document
Untitled Document
ဥပုသ်နေ့ရဲအရှင် သခင်

စက်တင်ဘာ ၃၊ စနေ နေ့။

၁ ကော၊ ၄ : ၆ မှ ၁၅

ရှင် လုကာ၊ ၆ : ၁ မှ ၅။

ဥပုသ်နေ့ရဲ့ အရှင် သခင်

ဘုရား ဖြစ်ကြောင်း သခင်ကိုယ်တိုင်မိန့်ကြား ဖော်ပြတယ်၊ဥပုသ်နေ့ဟာသူ့မှာ အဆုံးသတ်ရမယ်၊ ဥပုသ်နေ့ပန်းတိုင်က သူဘဲ ဖြစ်တယ်။ခေါင်းဆောင် အမျိုးအစား နှစ်မျိုး၊ဥပုသ်တစ်နေ့၊ သခင်နှင့်တပည့်များခရီးသွား၊ လမ်းမှာ ဆာမွတ်တော့တပည်များ ဂျုံ နှံ များဆွတ်စားကြ၊အပြစ် ရှိသည် မရှိသည်ကိုသခင်နှင့်ဖရိရှဲတို့ ပြဿနာဖြစ်ကြသည်။ဒါဝိတ်မင်းကြီးနှင့်နောက်လိုက်များအရေးပေါ် လိုအပ်ချက်အရ၊ကျောင်းတော်တွင်း ပူဇော်ထားသောပွဲတော်မုန့်များ၊ စားခဲ့ဘူးသည်ကို သခင်ပြောသည်။ခေါင်းဆောင် တစ်မျိုးက ဥပဒေ ကိုလက်ကိုင်ဒုတ် အဖြစ် အသုံးချပြီးမိမိတို့ လိုရာ အလျှော့ အတင်းလုပ်အသုံးချတယ်၊နောက်လိုက်များကိုပိုမို လေးလံစေတယ်၊ ဖိထားဖို့ ၊နှိပ်ကွပ်ဖို့၊ငြိမ်ဝပ်ပိပြားစေဖို့၊မိမိတို့ရဲ့အာဏာတည်မြဲစေဖို့၊ ဥပဒေကို အမျိုးမျိုး အသုံးချကြတယ်။သခင်ကတော့ နောက်လိုက်များရဲ့လိုအပ်ချက် သိတယ်၊ကာကွယ်ပေးတယ်၊ ဥပဒေမှလွတ်ကြောင်းရှာပေးတယ်၊ လိုအပ်ချက် ဖြည့်ဆည်းပေးတယ်၊ လွတ်လပ်စေတယ်၊ဦးဆောင်မှုက သူ့အာဏာတည်ဖို့ မဟုတ်ပါဘဲနောက်လိုက်များ လွတ်လပ်စေဖို့သာဖြစ်တယ်၊နောက်လိုက်များ အသက်ဆီသို့၊ လွတ်လပ်ခြင်းဆီသို့ ခေါ်သွားတယ်။နောက်လိုက်များအကြားမှာသူရှိနေတယ်ကိုလည်းကြေညာလိုက်ခြင်းဖြစ်တယ်။

ကော်လော်သဲ မြို့သားများကို သခင့်အကြောင်း ဟောပြောသွန်သင်နေတဲ့ရှင်ပေါလု ကလည်း တစ်ချိန်ကအလွန်တက်ကြွတဲ့ ဖရိရှဲ တစ်ဦးပါ၊ဘဝ တစ်ခုလုံး ပုဂ္ဂိုလ်တစ်ခုလုံး ပြောင်းလဲပြီးချိန်မှာ၊ ခေါင်းဆောင်ဆိုတာ ဘယ်လိုမျိုး နားလည်သလဲသေချာ ပြောပြတယ်၊ ပထမကျမ်းနဲ့ ဧဝံဂေလိကျမ်းကို ဆက်စပ်ပြီးရှင်ပေါလု ရဲ့ အမြင်က ဒီလိုပါ။သူ့ကိုယ်သူ ဖခင် အဖြစ် ခံယူတယ်၊ဝိညာဥ်ရေး ဖခင်၊ ခရစ်တော်၌ ဖခင်အရာ၊ ဧဝံဂေလိ တရားဟောပြောခြင်း၌ ယုံကြည်သူ အဖွဲ့အစည်းကိုခေါင်းဆောင်နေတဲ့ ဖခင်တစ်ဦးအဖြစ် သူ့ကိုယ်ကို ခံယူတယ်။ငါသည် ဧဝံဂေလိ တရားတော်ကိုဟောပြောခြင်းဖြင့် ခရစ်တော်၌သင်တို့၏ ဖခင် ဖြစ်ခဲ့လေပြီ၊ သူ့ရဲ့ အခန်း ကဏ္ဍ သူ့ရဲ့ role ကိုထုတ်ပြောတယ်၊ ခေါင်းဆောင်တစ်ဦး အဖြစ်နဲ့ အဖွဲ့သားအားလုံးအပေါ်ကျော်ပြီး နေရာမယူပါဘူး၊အဖွဲ့သား အားလုံးရဲ့ attention ကိုဘုရားဆီသို့သာ ဦးတည်စေတယ်

ဧဝံဂေလိကျမ်းမှာ ဖော်ပြတဲ့ အဖွဲ့သားများနဲ့ အတူ လိုက်ပါနေသောသခင် ခရစ်တော် ထံသို့သာ ဦးတည်စေပါတယ်။နောက်လိုက်များ အားလုံးရဲ့ အာရုံစုစည်းမှုကို ဘုရားဆီသို့သာဦးတည်ပေးပါတယ်၊ မင်းတို့ မကြွားနဲ့၊ကြွားစရာ အကြောင်းမရှိ၊မင်းတို့မှာရှိသမျှအရာအားလုံး မင်းတို့ကြောင့်ရတာမဟုတ်ဘူး၊ ဘုရားပေးလို့ရတာသိပါသင်မခံယူဘဲ ရတဲ့အရာ ဘာရှိသလဲ၊ကိုယ်ပိုင်စွမ်းအားနဲ့ရလာတာမရှိလို့မကြွားနဲ့ ပြောတာ၊ ငါ့မှာဟိုဟာဒီဟာရှိတယ်ကြွားလို့ မဖြစ်ဘူးဆိုပါတယ်You've got everything you need already. မင်းတို့လိုတာတွေရပြီးဘဲ၊နိူင်ငံတော် ပင် ရှိနေပြီ။ သခင်ကိုယ်တိုင်သူတို့အလယ်မှာ ရှိနေတော့နိူင်ငံတော်ပင် ရှိနေတာလို့ပြောခြင်းပါ။မင်းတို့ကိုဘုရင်လိုပင် စိုးစံနေစေလို၊ငါက အားနည်းသူဖြစ်ရင်တောင် မင်းတို့ကိုတော့ အားကြီးစေလိုတယ်၊ငါက အစော်ကားခံရစေဦး မင်းတို့ကိုတော့ ဂုဏ်ပြုခံရစေလိုတယ် အာဏာရှင် တစ်ယောက်မျိုး မဟုတ်၊အစေခံတစ်ယောက်လိုမျိုး သူ့ကိုယ်ကို နားလည်ခံယူတယ်။အရေးပါဆုံးသူအဖြစ် သူ့ကိုယ်ကိုမသတ်မှတ်ဘူး၊ အဖွဲ့ဝင်အားလုံးက၊သူ့ကို ခယ နေရမဲ့ သူအဖြစ် မသတ်မှတ်ခဲ့ဘူး၊ ဒါကြောင့် ခေါင်းဆောင်ဆိုတဲ့အပေါ် ရှင်ပေါလု နားလည်မှုကဧဝံဂေလိကျမ်း ပါ သခင်နဲ့ ထပ်တူကျလို့နေတယ်၊ဒီနေ့ ပွဲနေ့ရှင် ရဟန္တာစိန့် ဂရေဂရီ ကလည်း ဘုရားအစေခံအားလုံးတို့ရဲ့ အစေခံ လို့ကိုယ်ကိုသုံးခဲ့တယ်၊ ဒီပုံတိုင်းလည်းသက်ရှင်နေထိုင်ခဲ့တယ်၊ အသင်းတော်ခေါင်းဆောင်များကိုလည်း ဆရာသခင်ကဒီလိုဘဲ အနက်ဖွင့်ခဲ့တယ်၊အသင်းတော် ခေါင်းဆောင်များကလည်းဒီပုံစံနဲ့ဘဲ အသက်ရှင်ခဲ့ကြတယ်။ သခင့်နောက်ကို၊ခေါင်းဆောင်နောက်ကို ကျွန်ပ်တို့ လွတ်လပ်ခြင်းရဖို့၊အသက်ရရှိဖို့ ဆက်လက် လိုက်ပါကြစို့။

ခွန်အား၊ အသက်၊ ရစေ။ အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection