Pathein Catholic Diocese Untitled Document
Untitled Document
နောက်လိုက်ခြင်း အကြောင်း

၂၃ ကြိမ်၊တနင်္ဂနွေ၊

စက်တင်ဘာ ၄ ရက်။

ရှင်လုကာ၊ ၁၄ ၊ ၂၅ မှ ၃၃။

နောက်လိုက်ခြင်း အကြောင်း

ဂျေရုဇလင်မြု့ဆီသို့ သခင်နှင့်အတူနောက်လိုက် လူစုလူဝေး ဦးတည်နေ၊နောက်လိုက်ခြင်းဆိုတာ ဘယ်လိုမျိုး လဲ၊ဘယ်လိုစိတ်ဓတ်၊သံန္နိဌာန် မျိုးနဲ့လိုက်ရမယ်ဆိုတာ ညွှန်ပြ သွန်သင်နေပါတယ်ဒီကျမ်းပိုဒ်မျိုး ရှင်မဿဲ ကျမ်းမှာလည်း ဖတ်ရပေမဲ့ ရှင်လုကာ ရဲ့သုံးနှုန်း ရေးသားချက်ပိုလို့ထိမိတာဖြစ်လို့ ဒီနေ့ကျမ်းပိုဒ် ကိုလည်းလိုရင်းပေါ်လွင်ရန် ထိမိ စကားလုံးသုံးထားတယ်။အချက်လက်တူကိုစာပေ အရေးသားပို ပီပြင်လို့ပါ။သခင့်နောက်သို့ လိုက်မယ်ဆိုပါက၊ရှင်မဿဲ က မိဘတွေထက် ပိုမချစ်ရင် love more than parents. လို့ရေးပြီး ဒါကိုဘဲ ရှင်လုကာ ကမ မုန်းလျှင်လို့ ကြမ်းကြမ်းပြတ်ပြတ်ရေးတယ် သခင့်ရဲ့ ဆိုလိုရင်းကိုပိုလို့ ထိမိစေတယ်၊ကိုယ်တိုင်ဘဝ ကိုပင် သခင့်နောက်လိုက်ခြင်းလောက် အရေးမပါဘူးမိမိအသက်ကို မမုန်းလျှင် ငါနှင့်မထိုက်တန် အသားပေးပြောလိုတာ သခင့်နောက်လိုပ်တယ်ဆိုလျှင်၊စဥ်ဆက်မပြတ်၊ လိုက်ပါဖို့ ကိုယ်တိုင်ဆင်ခြင် ဆုံးဖြတ်ရမယ်၊ တစ်သက်ပတ်လုံး လိုက်လျှောက်ရမယ်ဖြစ်လို့မလိုက်ခင်မှာကြိုတွက်ဖို့သင်ပြတယ်တိုက်ဆောက်သူ၊ နဲ့ စစ်မပြုခင် ကြိုတင် တွက်တဲ့ ဘုရင်၊ဥပမာ နှစ်ခုကိုလုကာကျမ်းမှာဖတ်ရတယ်။ကိုယ့်မှာရှိတဲ့ အရာအားလုံး ချသုံးဖို့ဆန္ဒမရှိလျှင် အစကတည်းက မလိုက်ဖို့၊ယပြောခြင်းဖြစ်ပါတယ်၊တန်ဖိုးအထားဆုံးဖြစ်တဲ့ ကိုယ့်ရဲ့ ဘဝ၊အသက်၊ကိုပင် ချသုံးလိုက်ရမဲ့ သဘော ဖြစ်ပါတယ်။

လိုအပ်တဲ့ လုပ်ငန်း အရင်းနှီးကပေါ့ပေါ့သေးမဟုတ်၊တဲ့ လုပ်ငန်းပါနောက်လိုက်ခြင်းလုပ်ငန်းတွက်၊ဆွေမျိုး ဥစ္စာပစ္စည်း အနှောင်ဖွဲ့ များနုတ်ဆက် ထားခဲ့ပေတော့ လိုက်ပြီဆို လိုက်ပေတော့ အဆုံးမသတ်နိူင်လျှင် အစမပြုလေနဲ့၊သဘောပါ။ မိမိခရုစူးကိုထမ်းပြီး ပရောဖက်ရဲ့ခက်ခဲတဲ့ လမ်းကိုလျှောက်ပါလို့ အခြေခံခေါ်တော်မူခြင်း ဖြစ်တယ်။ဘဝမှာ တောင်းဆိုတဲ့အရာအားလုံးထက်ကို ဦးစားပေးရမှာပါ၊ လူပုဂ္ဂိုလ်အရာဝတ္ထု ပစ္စည်းတွေဟာ၊ဖိတ်ခေါ်ချက်ကို လက်မခံ ငြင်းပယ်စေဖို့ ဖြစ်စေတဲ့ အဆီးအတားတွေ ဖြစ်တယ်၊သခင့်နောက်တော်လိုက်ဖို့ ရွေးချယ်လိုက်ခြင်းဟာ လူပုဂ္ဂိုလ် ပိုင်ဆိုင်မှုများရွေးချယ်မှာကို ငြင်းပယ်ဖို့တောင်းဆို လိုက်ခြင်းဖြစ်ပါတယ်။

ဒီမှာ နူးညံ့သာယာတာ မရှိသလိုခပ်ပြတ်ပြတ် တိုရှင်း လိုရင်းပြောတဲ့သဘောဖြစ်တယ်၊ သူ့နောက်လည်း လိုက်မယ် လောကီအရာများလည်းမစွန့်နိုင်လျှင်၊ မငန်တော့တဲ့ ဆားလို့ ပုံခိုင်းတယ်။

အမြဲသတိရ သိရ မဲ့ အချက်ကတော့၊သခင်ဟာ ကိုယ်တိုင် ကားတိုင်လမ်းသို့ စဥ်ဆက်မပြတ်ရှေးရှု တယ်နိမ့်ကျတဲ့ ဘုရား အစေခံ အဖြစ်ဒုက္ခ ခံခြင်းအသေသတ်ခံသူ အဖြစ်အမြဲလျှောက်ခဲ့တယ်တစ်ပြိုင်နက်တည်းပင် သခင်ဟာ ကြီးမားတဲ့နိုင်ငံတော်ဆီသို့ ရှင်ပြန်ထမြောက်သူအဖြစ်ကျွန်ပ်တို့ တစ်ဦးစီကိုခေါ်ဆောင်သွားနေတယ်ကို သိရမယ်။

သခင့်ရဲ့ ချစ်ခြင်း၊လောက ခရီးတစ်လျှောက် သခင့်ရဲ့ လိုက်ပါတည်ရှိခြင်းဖြင့် ကျွန်ပ်တို့နှင့်အတူပါဝင်လို့နေတာ ယုံကြည်ကြရမယ်။လမ်းတစ်လျှောက်၊ကျွန်ပ်တို့ချည်းသာဘဲ မဟုတ်ပါမင်းတို့လျှောက်ခဲ့ငါလျှောက်ပြခဲ့ပြီးပြောကာ စောင့်နေသူ မဟုတ်ဘူးဆိုတာ စွဲမြဲ သိမှတ်ယုံကြည်ပါ၊အသေခံခဲ့ရှင်ပြန်ခဲ့တဲ့ပုဂ္ဂိုလ်ဟာကျွန်ပ်တို့ရဲ့ ခရုစူးတိုင်နောက်လိုက်ခြင်းလမ်းတလျှောက်မှာလည်း သူကိုယ်တိုင် ပါဝင်နေတယ် သိပါ ယုံပါ၊။နောက်တော်လိုက်ခြင်း ဆိုရာမှာသူတော်စင် ဘဝ ကိုသာဘဲ ဆိုလိုတာ မကပါ၊ ထာဝရ အသက်တာရလိုပြီး သခင့်နောက်သို့ လိုက်ပါကြသူ အားလုံးကိုလည်း ဆိုလိုတယ်

ဒါ့ကြောင့် ကျွန်ပ်တို့  သူ့တောင်းဆိုချက်တွေ ကြီးလိုက်တာ ပြင်းထန်လိုက်တာ ခက် သူပြန်ပေးနိူင်တာကအဆ များစွာ ပိုလွန်းနေတာကိုယုံကြည်မယ်ဆိုရင် နောက်လိုက်ခြင်းက ခက်ခဲပေမဲ့ သူနဲ့ အတူတူလွယ်ကူတဲ့လမ်းခရီး ဖြစ်လာလိမ္မယ်တွေ့ကြုံကြရမှာ ​ဖြစ်ပါတယ်။

ခွန်အားအသက် ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ ကျမ်းစာထောက်ရှုချက်ကို မျှဝေသည်။

gospel reflection